Monday, May 14, 2012

စကား​ဝိုင်း တစ်​ခု​မှာ အ​မျိုးသမီး တစ်​ယောက်​က ပြော​တယ်
“ရှင်​တို့ ယောက်ျား​တွေ​က မိန်းမ​တွေ​နဲ့ ထည်​လဲ အိပ်​တော့ “ယောက်ျားကောင်း မောင်းမ​တစ်​ထောင်”တဲ့။ မိန်းမ​တွေ​က ယော​က်ျား ​တစ်​ယောက်​ထက်​များ ပို​အိပ်​မိ​ရင်​တော့ မ​ကောင်း​တဲ့ မိန်းမ။ ကြေးစားမ​တဲ့။ အ​တော်လည်း မ​တရား​တာ​ပဲ။ မိန်းမ​တွေ​ကို​ဆို​ရင် နှိမ်​ချင်​ကြ​တာ​ပဲ။ ”
အဲ​ဒီ​တော့ ယောက်ျား​တစ်​ယောက်​က ပြန်ပြော​တယ်။
“ဒါ​က ဒီ​လို ရှိ​ပါ​တယ် အစ်မကြီး​ရယ်။ သော့​တံ​တစ်​ချောင်း​က သော့ခလောက်​တွေ အများ​ကြီး​ကို ဖွင့်​နိုင်​ရင် “မာ​စ​တာ​ကီး”လို့ ခေါ်​တယ်​လေ။ သော့ခလောက် တစ်​ခု​ကို ဘယ်​သော့​တံ​မ​ဆို ဖွင့်​နိုင်​ရင်​တော့ သုံး​စား​လို့​မ​ရ​တဲ့ သော့ခလောက် ဖြစ်​သွား​မှာ​ပေါ့....”

No comments:

Post a Comment