သူ့ကိုချောကြောင်းလှကြောင်း
အသက်ငယ်ကြောင်းပြောရင်အရမ်းသဘောကျတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်
တစ်နေ့တော့ သူ့ဆွေမျိုးတွေရဲ့မင်္ဂလာဆောင်ကိုသူသွားဖို့အတွက် အလှပြင်ဆိုင်မှာဆံပင်သွားကောက် မျက်နှာအလှပြင်ပေါ့ဗျာ ဒီလိုနဲ့အလှပြင်ပြီးတဲ့အချိန်မှာအဲဒီအမျိုးသမီးက အလှပြင်ပေးတဲ့ကောင်မလေးကိုမေးတယ် အမလှသွားသလားပေါ့ ကောင်မလေးကလှပါတယ်တဲ့ သူကဆက်မေးတယ် ကဲဒါဆိုအမရဲ့အသက်ကိုပြောပါဦးတဲ့မေးတယ် ကောင်မလေးက34တဲ့ပြောလိုက်တယ် အမျိုးသမီးကအရမ်းပျော်သွားတယ် သူ့အသက်အဲဒီလောက်ငယ်သွားတယ်ထင်သွားတာကိုး
အဲဒါနဲ့လက်ဆောင်ပစ္စည်းဝယ်ဖို့စူပါမားကတ်တစ်ခုကိုသွားတယ် ပြီးလက်ဆောင်ဝယ်တယ် ကောင်တာမှာတန်းစီတော့သူ့နောက်မှာလူကြီးတစ်ယောက်ရှိတယ် ကောင်တာရောက်တော့သူထပ်မေးပြန်တယ် ညီမ အမရဲ့အသက်ကိုမှန်းကြည့်စမ်းပါလို့ပြောတယ် ကောင်မလေးက32လို့ပြောလိုက်တယ် သူကပြောလိုက်တယ် အမရဲ့အသက်အမှန်က42တဲ့ပြောလိုက်တယ်
သူဒီလိုနဲ့ကားမောင်းပြီးမင်္ဂလာဆောင်ကိုသွားတယ် လမ်းမှာမိုးတွေတအားရွာလာတယ် တစ်နေရာရောက်တော့ကားကပျက်သွားတယ် ကားတွေလည်းတစ်စီးမှမတွေ့ဘူး လူတွေလည်းမတွေ့ဘူးခိုကိုးရာမဲ့ဖြစ်နေတာပေါ့
အဲဒီအချိန်မှာပဲ ကားတစ်စီးမောင်းလာတာကိုတွေ့တယ် သူအရမ်းဝမ်းသာသွားတယ် သူအဲဒီကားကိုတားလိုက်တယ် ကားထဲကလူကိုအကူအညီတောင်းလိုက်တယ် မိုးတွေကတအားရွာနေတော့ တစ်ယောက်နဲ့တစ်ယောက်သည်းသည်းကွဲကွဲမမြင်ရဘူးပေါ့ဗျာ
ကားကိုပြင်လိုက်တော့ကားကကောင်းသွားတယ် အဲဒါနဲ့အမျိုးသမီးကကျေးဇူးတင်ကြောင်းပြောတယ် လူကြီးကအဲဒီအမျိုးသမီးကိုချောကြောင်းလှကြောင်းပြောတယ် အမျိုးသမီးက ဒါဆိုသူ့အသက်ကိုခန့်မှန်းကြည့်ပါလို့ပြောတယ်
လူကြီးကသူဒီလိုတော့မပြောတတ်ဘူးတဲ့ အမျိုးသမီးရဲ့braကိုကိုင်ကြည့်ရင်တော့ သူကွက်တိပြောနိုင်ကြောင်းပြောတယ် အမျိုးသမီးကအံ့သြသွားတယ် ဒါမဖြစ်နိုင်ဘူးပေါ့နော် လူကြီးကပြောတယ် တကယ်ပါပေါ့သူမလိမ်ပါဘူးပေါ့နော် အမျိုးသမီးလည်းသိပ်တော့မယုံဘူးပေါ့
ဒါပေမယ့်သူစမ်းသပ်ကြည့်ချင်တယ် လူကြီးကပြောတယ်မကြာပါဘူးပေါ့ လူလည်းရှင်းတယ်လို့ပြောလိုက်တယ် အမျိုးသမီးလည်းသိချင်ဇောနဲ့ဆိုတော့ စမ်းသပ်ခွင့်ပြုလိုက်တယ် လူကြီးကပြောတယ် အသက်က42တဲ့ပြောတယ်
အမျိုးသမီးကအရမ်းအံ့သြသွားတယ် ဟုတ်ပါတယ်ပေါ့ 42ပါပဲပေါ့
အမျိုးသမီးက သူ့ကိုအဲဒီလေးသင်ပေးပါလို့ပြောတယ် လူကြီးကဒါလျို့ဝှက်ချက်လို့ပြောတယ်
အမျိုးသမီးကတောင်းတောင်းပန်ပန်နဲ့ သူ့ကိုပြောပြပါ သူအရမ်းသိချင်လို့ပါပေါ့နော်ပြောတယ်
နောက်ဆုံးမှာအမျိုးသမီးကအတင်းပြောတာနဲ့ လူကြီးကကောင်းပြီပြောပြမယ်လို့ပြောလိုက်တယ်
စူပါမားကတ်မှာတုန်းကမင်းနောက်မှာတန်းစီတဲ့သူကငါလို့ပြောလိုက်တယ်

No comments:
Post a Comment