Tuesday, January 28, 2014

ဗျူး



မေး -- မင်္ဂလာပါအကို ... အကိုတို့ဂျာနယ် နာမည်လေးက စမေးမယ်နော် ....
ဖြေ --- ဟုတ်ကဲ့ပါဗျာ .. ကျွန်တော်တို့ အခုထုတ် လိုက်တာ ပေါက်ကရ ၁၀၀ ဂျာနယ်ပါ ...
စထုတ်ထုတ်ခြင်း မိနစ်ပိုင်းအတွင်းမှာပဲ စောင်ရေ မလောက်လို့ ထပ်ထုတ်ရပါတယ် ...
မေး --- ဟား ဟုတ်လှချေလားဗျ ... စထုတ်ထုတ်ခြင်း ဘယ်လောက်တောင် ထုတ်လိုက်လည်းဗျ
ဖြေ --- အင်း စထုတ်ထုတ်ခြင်းဆိုတော့ (၁) စောင်ပေါ့ .. ထုတ်ဝေသူယူဖတ်နေတော့ မလောက်လို့ ထပ်ထုတ်ရတယ် ... ငိငိ
မေး --- သြော .. လေးစားလောက်ပါတယ် .. ဒါနဲ့ ဂျာနယ် နာမည်ပေးဖြစ်ပုံလေး ရှင်းပြပါအုံး
ဖြေ --- ဒါက ဒီလိုရှိပါတယ် .. သူများဂျာနယ်တွေက ပေါက်ကရ ၄၀ သတင်းရေးတင်ကြတော့ ကိုယ်တွေက သူတွေထက်သာအောင် ရသမျှအတင်းကို သတင်းလုပ် ပြီး ပေါက်ကရ ၄၀ လောက်တော့ သနားတယ် ... ပေါက်ကရ ၁၀၀ အထိတင်မယ်ဆိုတဲ့ ခိုင်မာပြင်းထန်တဲ့ သတင်းသမားစိတ်နဲ့ပါ ....
မေး --- သြော ဟုတ်ကဲ့ .. ဘယ်လိုသတင်းမျိုးကို ဦးစားပေးမယ်လို့ စဉ်းစားထားလည်းဗျ ...
ဖြေ --- ပေါက်ကရ ၁၀၀ ပါဆိုမှတော့ ခုဗျူးနေတဲ့ အင်တာဗျူးသမား သမီးရီးစား ချိန်းတွေ့တာက အစ သတင်းလုပ်တင်မယ်ဗျာ ... ရှင်းလား
မေး --- ပြည်သူတွေ အတွက် ဘာများအကျိုးရှိမှာလည်းဗျ ...
ဖြေ --- အနည်းဆုံးတော့ အိမ်သာသုံးစက္ကူရတာပေါ့ဗျာ ...
မေး -- တိန် ... မှတ်ထားပါ့မယ်ခင်ဗျ ...

No comments:

Post a Comment