Sunday, May 20, 2012

မျက်စိဆရာဝန်

အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။
"အ၀တ်အစား ချွတ်လိုက်ပါ"
"ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ"
"အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ"
"ရှင်က ဘယ်သူလဲ"
"မျက်စိ ဆရာဝန်"

လွဲချက်ကယ်နာ

တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကိုအူ တို့သုံးဦးအား
ရာဇဝတ်မှုဖြင့် သေဒဏ်ပေးရန် ပြင်ဆင်နေသည်။ အစောင့်ဖြစ်သူက ကိုဖြူအား
အချုပ်ကားတွင်းမှ ပထမဆုံး ခေါ်ထုတ်လာသည်။ ထို့ နောက် အရာရှိဖြစ်သူက
သေနတ်သမားအား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)
အရာရှိ- "Ready",'Aim".
ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'
လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး
လွတ်မြောက်သွားသည်။
နောက် ကိုကြူအလှည့်
အရာရှိ-- 'Ready', 'Aim'
ကိုကြူ- 'Tornado!'
ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူလည်း ထွက်ပြေး
လွတ်မြောက်သွားပြန်သည်။
နောက်ဆုံး ကိုအူ့အလှည့်
အရာရှိ-' Ready', 'Aim'ကိုအူလည်း ကျန်လူများကို အတုယူ၍ အော်လိုက် ပုံ က "Fire!"
အတတ်နိုင်ဆုံး ကြိုးစား၍ ဘာသာပြန်ပါသော်လည်း မိမိကိုယ်ကို
ကျေနပ်မှုမရှိပါ။ ထို့ကြောင့် သီးခံပေးပါရန် တောင်းပန်အပ်ပါသည်။

(မှတ်ချက်။ ။ Fire ဆိုတာ ပစ်လို့ အမိန့်ပေးတာပါ၊ စကားလုံးတွေကို
သူ့နေရာနှင့် သူသုံးနိုင်ကြပါစေ)

စာရင်းကိုင်


စာရင်ကိုင်တစ်ဦး ဆရာဝန်ထံရောက်လာပြီး သူခံစားနေရသော ဝေဒနာလေးအား ပြောပြလေသည်။
စာရင်းကိုင်။ ။ ဒေါက်တာ......၊ ကျွန်တော် ညဘက်မှာအိပ်လို့မရဘူး။
ဆရာဝန်။ ။ ဒါဆိုရင်......ကိန်းဂဏာန်းတွေ တစ်ကနေပြီး ၅၀၀ အထိ ရေတွက်ပါ၊
အိပ်ပျော်သွားပါလိမ့်မယ်။
စာရင်းကိုင်။ ။ လုပ်ပြီးပါပြီ......အိပ်မပျော်မပါဘူး ဒေါက်တာ။
ဆရာဝန်။ ။ ခင်ဗျားက ကိန်းရဏာန်း ဘယ်လိုရေတွက်လို့လဲ။
စာရင်းကိုင်။ ။ အစဉ်လိုက်ချရေးပါတယ်.။ ရေးရင်းမှားလို့ပြင်ပါတယ်...။
ပြင်ရင်းမှားရင်းနဲ့ မိုးလင်းသွားလို့ပါ.။
ဆရာဝန်။ ။ ဗျာ...........။

ခဏချေး

ကုန်သည်တစ်ဦး သည်  လူပြတ်လှသော တောလမ်းတခုကိုဖြတ်သွားစဉ် လူစိမ်းနှစ်ဦး ရုတ်တရက်ရောက်လာပြီး။
` ဗျို့ ဆရာကြီး ကျွန်တော်တို့ ကို ငါးမူးစေ့ တစေ့ ချေးပါလား ´
`ဘာ..........ဘာ..............ဘာကိစ္စရှိလို့ လဲ.......ဘာဖြစ်လို့ လဲ ´
`သြော်ဒီလို ဗျ ကျွန်တော်တို့ နှစ်ယောက် ခင်ဗျားဆီက ဓါးပြ တိုက်ရင် ဘယ်သူကငွေထုတ်ကိုယူပြီး ဘယ်သူကဆွဲကြိုးနဲ့ 
လက်ပတ်နာရီ ယူရမယ်ဆိုတာ ခေါင်းပန်လှန်မလို့ ပါ ´

ခွက်ကပ်စား

အိမ်သူသက်ထားက ဆီတစ်ဆယ်သားလောက် ထွက်ဝယ်ပေးပါဆိုတာနဲ့  လမ်းထိပ်က ကုန်စုံဆိုင်လေးဆီရောက်ခဲ့တယ်။

ရောက်မဆိုက်ပါပဲ ဆိုင်ရှင် ဒေါ်တင်မြရဲ့  ဗျစ်တောက်ဗျစ်တောက်အသံကို ကြားလိုက်ရတယ်။

“ ဟဲ့ ဒီကောင်လေး ဘယ်တော့ပြောပြော အမှတ်မရှိဘူး အိုးကပ်ခွက်ကပ်တွေ လူးမစားပါနဲ့ ဆိုတာ ဘယ်နှစ်ခါပြောရမလဲ ငါလုပ်ထည့်လိုက်ရရင်တော့ ဟင်း “

“ ဒေါက် “

“ ဟီး “

လက်မြန်ခြေမြန်ရှိသောဒေါ်တင်မြက ပါးစပ်ကလည်းပြော လက်ကလည်း ဒယ်အိုးတစ်လုံးတွင် ထမင်းကြမ်းများ လူးနယ်၍ စားနေသော သားတော်မောင်
ဖိုးတုတ်၏ခေါင်းကို ခေါက်လိုက်သေးသည်။

“ ဒေါ်တင်မြ ဘာဖြစ်လို့ လဲဗျ “

“ အော် စာရေးဆရာပါလား .. ကျမသား ဖိုးတုတ်ပေါ့ အိုးကပ်ခွက်ကပ်တွေ မစားပါနဲ့ ဆိုတာ အမြဲပြောနေရတယ် အခုလည်းကြည့်လေ ဒီလောက်ပြောဆိုဆုံးမနေတဲ့ကြားက
စားနေသေးတယ် စာရေးဆရာလည်း ကြားဖူးမှာပေါ့
အိုးကပ်ခွက်ကပ်စားရင် ဆင်းရဲတတ်တယ်ဆိုတာလေ ဒီကောင်လေး ဒီလိုခဏခဏလုပ်နေလို့ 
ကျမတို့ 
့ ဈေးရောင်းတဲ့ဘ၀က မတက်တာ “

“ အင်း .. ကြားတော့ကြားဖူးတယ် “

“ ဒါနဲ့  စာရေးဆရာ ဘာအလိုရှိလို့ လဲ “

“ ဆီတစ်ဆယ်သားလောက်ပါဗျာ “

“ ခဏလေးနော် ရမယ် .. ဟဲ့ ဖိုးတုတ် ဒီမှာစာရေးဆရာကို ဆီတစ်ဆယ်သား ချင်ပေးလိုက်စမ်း “

ဒေါ်တင်မြ သူ့ သားကို လှည့်ခိုင်းပြီး လုပ်လက်စတွေ ဆက်လုပ်နေတယ်။

ဖိုးတုတ်ထမင်းစားနေရာမှ ထလာပြီး ကျွန်တော်ပေးတဲ့ ဆီပုလင်းလေးထဲ ဆီတစ်ဆယ်သားကို ဆီချင်ခွက်ထဲက ကုန်သည်အထိ စိတ်ရှည်လက်ရှည် ထည့်ပေးတယ်။

ထို့ နောက် .. ဆီဖိုးကျသင့်ငွေရှင်းပြီး ဆိုင်မှပြန်အထွက် မလှမ်းမကမ်းအရောက်မှာ ဆိုင်ထဲက လွင့်ထွက်လာတဲ့ ဒေါ်တင်မြရဲ့  အသံကြောင့် ကျွန်တော့်မှာ ပြုံးရမလိုလို
မဲ့ရမလိုလို …

“ ဖိုးတုတ်တို့ ကတော့ လုပ်ချလိုက်ပြန်ပြီ ဆီချင်တယ်ဆိုတာ ဆီခွက်ထဲက ကုန်အောင် ချင်ထည့်ရသလားသေနာလေးရဲ့  ဟိုတစ်ယောက်ရှေ့ မှာမို့ လို့  ငါမပြောတာ တကထဲ
သူ့ ပထွေးကျနေတာပဲ ဆီတစ်စက်မကျန်အောင် ထည့်ပေးနေလိုက်တာ
ဒီပုံစံအတိုင်းရောင်းရရင်
ငါတို့ မွဲရောပေါ့ .. မသေမချင်းမှတ်ထား ဆီရောင်းတယ်ဆိုတာ အဲဒီ ခွက်ကပ်လေးပဲ
စားရတာဟဲ့ “

MAI မှ ကြိုဆိုပါတယ်

MAI မြန်မာ့ လေကြောင်း မှ လှိုက်လဲစွာ ကြိုဆိုပါတယ်…


မင်္ဂလာ ရှိသော မနက်ခင်းပါ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်းမှ ထိုင်နေသာ
ခရီးသည်များနှင့် မတ်တက်စီးနင်း လိုက်ပါလာသော ခရီးသည်များကို
နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လေယဉ်မှူး သူရိန် ဖြစ်ပါတယ်။
လူကြီးမင်းများအားလုံး ကိုယ့်ထိုင်ခုံ တွင် ထိုင်ကြရန် နှင့်
မတ်တက်ရပ်သူများ သေချာ မတ်တက် ရပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မြန်မာ့
လေကြောင်း မှ ခရီးစဉ်ချိန် ၄ရက် နောက်ကျသွားခြင်းကြောင့် ၀မ်းနည်းပါတယ်။
ရာသီဥတု မကောင်းတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ Flight 747 စင်္ကာပူ မှ
မြန်မာပြည် ကို ပျံသန်း နေခြင်းဖြစ်ပါတယ်။ လေယာဉ် ဘယ်နား
ရပ်နားမယ်ဆိုတာတော့ ပြောလို့ မရပေမဲ့ မြန်မာပြည် တစ်နေရာရာမှာ
ရပ်နားမှာတော့ ကြိမ်းသေပါတယ်။ ကံကောင်းရင် လူကြီးမင်းတို့ နေတဲ့ ရပ်ကွက်မှာ
ဆင်းသက်နိုင်ပါတယ်။

ကျွန်တော်တို့ မြန်မာ့ လေကြောင်းဟာ ခရီးစဉ်အားလုံး ဘေးကင်းစွာပဲ
ပျံသန်းနေတာကြာပါပြီ၊ ဘယ်လောက် အန္တရာယ် ကင်းသလဲဆိုရင် အကြမ်းဖက် သူတွေတောင်
ကြောက်ပြီး
မစီးကြပါဘူး။ သတင်းကောင်းပါး လိုက်တာကတော့ ကျွန်တော်တို့ ရဲ့ ခရီးသည် ၃၀%
ဟာ သူတို့ သွားလိုတဲ့ ခရီးကို မြန်မာ့လေကြောင်း ပို့ဆောင်မှုကြောင့်
ရောက်ရှိခဲ့ပါတယ်။ ခရီးသည်များ တောင်းဆိုချက်အရ ကျွန်တော်တို့ရဲ့ လေယာဉ်
ပန်ကာ အင်ဂျင်ဟာ နားငြီးတယ် ဆိုရင် ပိတ်ပေးလို့ ရပါတယ်။ တကယ်
ဘုရားတရားမကိုင်းရှိုင်းသူများ ကျွန်တော်တို့ လေကြောင်းဟာ ဘုရားရှိလား
မရှိလားဆိုတာကို တကယ်ရှာဖွေပေးပါတယ်။

ကျွန်တော်တို့ရဲ့ In Flight ရုပ်ရှင်ကတော့ တီဗီက ပြသနေတာတွေကို ကူးယူဘို့
မေ့သွားလို့ ကြည့်ရှုလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နဲ့ အမြင့်ချိန်တူ ဘေး
မနီးမလှမ်းမှာ ပျံသန်း နေတဲ့ Emirate
Airline မှာ ပြသ နေတဲ့ ရုပ်ရှင်ကို ညာဘက်က ပြုတင်းပေါက်တွေကနေ
လှမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ လေကြောင်းအားလုံးတွင်
ဆေးလိပ် မသောက်ကြရန် နှင့် မီးခိုးငွေ့တွေ့ပါက ကျွန်တောတို့ တပ်ဆင်ထားတဲ့
အင်ဂျင်စက် က အရှိန်လျှော့ရန် အချက်ပြသနေခြင်းဖြစ်ပါတယ်။

ခရီးသွားများ ဘယ်ကနေ ဘယ်ကို ပြန်သန်းနေတယ်ဆိုတာ
လမ်းတစ်လျှောက်မြင်ဖူးတယ်ရှိအောင် အတတ် နိုင်ဆုံး မြေကြီးနဲ့ ကပ်ပြီး
ပြန်သန်းနေပါတယ်။ မြေလွှာနဲ့
သိပ်ကပ်သွားတယ်ဆိုရင်လဲ အကြောင်းကြားပေး စေချင်ပါတယ်။ကျွန်တော်တို့ မြန်မာ
လေကြောင်းဟာ မကြာခင်မှာ ဆင်းသက်တော့မှာမို့ ခါးပတ်များ ပတ်ထားကြရန်နှင့်
ခါးပတ် ရှာမရသူများ ၊ ကိုယ့်ခါးမှာ ပါလာတဲ့ ခါးပတ်ကို ထိုင်ခုံနှင့်
ချီထားကြပါရန်၊ ထိုင်ခုံ မရှိသော ခရီးသည်များ ဘယ်လို ခါးပတ်ပတ်ရမည် မသိပါက၊
ကျွန်တော်တို့ ရဲ့ လေယဉ်မယ်များကို ကိုယ်ပါလာတဲ့ လက်ကိုင်အထုတ်တွေနဲ့
ဘယ်လို ချီရမယ်ဆိုတာ ကို အကူအညီ တောင်းနိုင်ပါတယ်။ကျွန်တော်တို့ မြန်မာ့
လေကြောင်းဟာ ခရီးသည်များ ခေတ်မှီစွာ လက်မှတ်များ ၀ယ်ယူနိုင်ရန် အင်တာနက်မှ
တဆင့် ရောင်းချပေးနေပါတယ်။ မြန်မာပြည်မှာ မီးပျက်တာရယ်၊ အင်တာနက် ဆာဗာ များ
လေးလံတာရယ်၊ ကမ္ဘာ့သုံး ငွေကြေးကဒ် စနစ်မရှိသေးသောကြောင့်
လက်မှတ်ဝယ်ရာတွင် ပုံမှန်လိုပဲ ငွေကို ကောင်တာတွင် လက်ငင်းချေပါရန်
ပန်ကြားအပ်ပါတယ်။

ဟာသ

တစ်ခါက အင်္ဂလန်က စစ်ဗိုလ်ချုပ် တစ်ယောက်က အာဖရိက မှာရှိတဲ့သူတို. ကိုလိုနီတပ်သားတွေကိုစိတ်ဓါတ်မြှင့်တင်ရေးလုပ်ဖို. သွားရောက်ခဲ့တယ်။ ဗိုလ်ချုပ် က အာဖရိက ဘာသာစကားမပြောတတ်တော့ဘာသာပြန်၁ယောက်နဲ.လာတယ်ပေါ့။ ၁နေ.တော့ဗိုလ်ချုပ်က အင်္ဂလိပ်လို ရှည်လျားလှတဲ့ ဟာသတစ်ခုကိုပြောပြတယ်။ ပြောလို.ပြီးရောဗိုလ်ချုပ် ကနေ ဘာသာပြန်ကိုဘာသာပြန်ပြလိုက်လို.ပြောတယ်။ ဗိုလ်ချုပ်နာရီဝက်ကျော်လောက်ပြောရတဲ့ပုံ ပြင်ကို ဘာသာပြန်က ခပ်တိုတို ဘာသာပြန်လိုက်တာ တပ်သားတွေအကုန် ထရယ်ကုန်ရောဆိုပဲ။
ဒါနဲ. ဗိုလ်ချုပ်ကနေ ဘာသာပြန်ကိုချီးကျူးတာပေါ့။ တော်တယ်ပေါ့။ သူတောင် နာရီဝက်ကျော်ပြောရတာကို ဘာသာပြန်က ၁ ခွန်း၂ ခွန်းလောက်ပြောပြီး ရယ်အောင်ပြောနိုင်တယ်ဆိုပြီးပြောပြီး ဘာပြောလိုက်လဲမေးတော့တာပေါ့။ အဲ့ခါမှ ဘာသာပြန်က ပြောတယ် "ဗိုလ်ချုပ် ဟာသပုံပြင်က ရှည်လျားပြီးရှုပ်ထွေးလို.ဘာသာပြန်လဲနားလည်မှာမဟုတ်လို.
ဗိုလ်ချုပ် ဟာသပြောနေတယ် ရယ်လိုက်ကြပါလို.ပဲပြောလိုက်တယ်" တဲ့။ မရယ်ရရင် လဲ အနော်ဟာသ ပြောနေတယ်ရယ်လိုက်ကြပါလို.ပဲပြောမယ်နော် ...း)

ဝါးတား

စာသင်ခန်းတစ်ခုအတွင်းဖြစ်သည်။
ဆရာ-"ရေရဲ့ဓါတု ဗေဒ ပုံသေနည်းကို ဆရာဟိုတစ်နေ.က သင်ခဲ့တယ် ဘယ်သူမှတ်မိသလဲကွယ်"
တစ်တန်းလုံးဘယ်သူတုပ်တုပ်မျှမလှုပ်ချေ။ထိုအချိန်တွင်ဆူဆမ် က လက်ထောင်လိုက်သည်။
ဆရာ-"ကဲသမီး ဆူဆမ် ပြောပြပါဦးကွယ်"
ဆူဆမ်က ဂုဏ်ယူဝင့်ကြွားစွာထပြောလိုက်သည်။
ဆူဆမ်-"HIJKLMNO ပါဆရာ"
ဆရာ-"ဘယ်လိုဖြေလိုက်တာလဲသမီး ဆရာနားမလည်တော့ဘူး" နားမလည်နိုင်စွာမေးလိုက်သည်။
ဆူဆမ်-"ဆရာပဲဟိုနေ.ကသင်တုန်း က အိပ်ခ်ျတူအို(HtoO) လို.ပြောခဲ့တယ်လေ"
း)

အတိုလေးများ

ကြိုးစားကြည့်လေ

ဆရာက မေးသည်
"ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ"
ပီတာ က ချက်ချင်းပြန်ဖြေသည်။
"ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား" တဲ့… မှတ်ကရော…



လူစကား
 
 လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ၀ယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
"ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကိုပြောတတ်သည်လို့"
ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။
"ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား"


 ကူညီတတ်သူ

 ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည်
"အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။"
"မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်"





နောင်တ


"လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေ
သူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်"
"အခုကော"
"မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်"



ရှင်သန်ခြင်း

 "မောင့်ကို ချစ်ရဲ့လားဟင်"
"အရူးအမူးကို ချစ်တယ်"
"မောင့်အတွက် အသက်ကို အသေခံနိုင်ပါ့မလား."
"ဟင့်အင်း.....ခင့်အချစ်က အမြဲတမ်း ရှင်သန်နေတဲ့ အချစ်လေ"

ဆိုကြမယ် ပျော်ကြမယ်

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချ
မ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

ဝေးခဲ့ ပြီ…… အတိုးပေးပြီးငါကပိုက်ဆံချေးမလို့ …..သံဓိဏ္ဌာန်ချထားခဲ
့တာဘဲ…….ငါ မင်းဆီကများရမလားလို့ 
ငါကြည့် တဲ့ချိုင်းစာရွက်တွေ…ဗိုက်ပူမ က ငှားသွား….ငါ့ ရဲ့ စည်းစိမ် တွေ
အပေါင်စာရွက်တွေ အဖြစ်နဲ့  ပြန်ရ….ငါ့ အဖေ၀ယ်သိမ်းထားတဲ့ ဟာတွေ….အဖေသိရင်သေပါ
ပြီ…အဖေသိရင်တော့ သေပါပြီဗျာ
ဒီဒိုင်ရာရီကိုရေးသား….မင်နဲ့ ငါနဲ့ ပျော်ရွှင်မြူး…ဆပ်စလူးထ ပေါင်းလဲမနဲပါဘူး
သူများဆ်ီမှာ အကြွေးတင်နေတာ…ဘယ်လိုပြန်ဆပ်
ရမလဲ… မသိတော့ ဘူး
မင်းလိုချင်တဲ့ ၂ လုံးဂဏန်း..ငါ့ ဘက်ကမပေးနှိုင်….ယုံကြည်စွာမျှော်လင့် ခဲ့ 
ငါတို့ နှစ်ယောက်တော့ မဝေးနိုင်…..ဘာကြောင့်  ဒီနံပတ်ကမထွက်ရတာလဲ
ငါ့ ဦးနှောက်ကမတွေးနိုင်…ဒီနေ့ အထိမမေ့ နိုင်..ငါ ချဲထိုးဆဲပဲယနေ့ တိုင်
ငါ့ အခန်းနံရံတွေပေါ်မှာ..ချဲဂဏန်းတွေကပ်ထားဆဲ
ငါ့ နှလုံးသွေးလည်ပတ်မှုကတော့  ဒီနေ့ ကစပီးရပ်တန့် ခဲ့ 
ပါတ်လည်ရော…စီးရီးရော..ဘိုးတော်ဂဏန်းရော…အဆုံပါပဲ
ဒါလဲမပေါက်ဘူး…. ကုန်တာပါပဲ

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

တိုက်ဆိုင်လိုက်တာများကွာ…ဖေဖေါ်ဝါရီ ၉ ရက်~~~
ဆိုးချက်ကရင်နင့် စရာ….တောင်ငူကိုသွားခဲ့ …ဆောင်ထူထူခြုံရင်းနဲ
့…အမှောင်ထူထူဖြတ်ခဲ့ 
ဗလောင်ဆူတဲ့ ရင်ခွင်နဲ့ ပေါ့ ………….
မင်းကChelsea ကိုအထင်ကြီးတာလား….Ferguson ကိုမက်မောတာလား
မကြားချင်ရင်လဲနားပိတ်ထားလိုက်…ငါကတော့ ဒါကိုဆက်ပြောမှာဘဲ
မင်းအပေါင်းအသင်းတွေလာလာကြပ်တဲ့ …၂လုံးဂဏန်းတွေနဲ့ တင်ပြာရာခပ်ခဲ့ 
ဟိုအရင်ကတော့ ဒါဟာအမှတ်တမဲ့ ..ခုတော့ အပေါင်ဆိုင်ဆိုတာ ထဲငါဟာရောက်ခဲ့ 
နားလည်ပေးပါ..ပရိတ်သတ်ကြီးရယ်…ဘောလုံးပွဲလေးလောင်းတဲ့ ဟာကို
အပြစ်မဲ့ တာလို့ မပြောချင်..မုသာဝါဒါကြူးလွန်ခဲ့ …
တစ်လုံးပြား၂၀ ဆိုတာ….မဟုတ်ပါဘူး..ညာတာ..
တကယ်က…နှစ်လုံးသရေ...ဒိုင်နဲ့ ပေါင်းပြီးလောင်းတဲ့ အချိန်ကြတော့ 
ရဲကငါ့ ကိုဆွဲဆိ..ထောင်ကျခဲ့တာ၎နှစ်..ပျော်လို့ ထပ်ပီးနေတာ ၃နှစ်
အဖြစ်အပျက်တွေပြန်လည်တွေးရင်း..အိမ်ပြန်ခဲ့ ပါတော့ ကွာငါ့ အချစ်
တောင်းပန်တယ်ကွာ..တလောကလုံးဗျောင်းဆံနေတာဘဲ
ဘောလုံးပွဲဒိုင်ကိုင်တယ်ဆိုတာကတော့  လုက်ဇာတ်မဟုတ်ပါဘူး ပရိပ်သတ်ကြီးရယ်

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်
မိုးသည်းတဲ့ ညတွေမှာ~~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

၁၉၉၇ ဒီဇင်ဘာလ၁ရက်ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကိုစတင်ခဲ့
အဲဒီနေ့ကအပူးမထွက်ပါ……….
ဒီဇင်ဘာ၈ရက်…နှလုံသားကိုဓာတ်လိုက်ပြီ ..တလုံးပဲလွဲသွားတယ်……………
ဖေဖော်ဝါရီ ၁၄ ရက်~~သူပေးတဲ့ လက်စွပ်မောင်းကွင်းလေးကို
လမ်းထိပ်ကဒေါ်ကြွက်မဆ်ီမှာ သွားပေါင်ခဲ့ ~~~ဘယ်တော့ မှ ပြန်မရွေးနှိုင်ခဲ့ 
ဧပြီ၁၀ ရက်ကျွန်တော့်မွေးဂဏန်းလေးထွက်သွားတယ် အိုး....အို....အရူးအမူးပဲ
မေလ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲပျော်မြူးခဲ့
တညလုံးမအိပ်ပဲချဲတွက်ခဲ့ တဘ၀လုံးဆိတ်သုန်းမွဲရောပဲ
ပေးလိုက်ရတာဆွဲကြိုးနဲ့ပြန်ရလိုက်တာအကြွေးဇယားပဲ
အောက်တိုဘာ၁၆ရက်ပျော်ရွှင်ရတဲ့နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့
ပြန်ပေါက်လိုက် ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့
ဖေဖော်ဝါရီ၉ရက် ကျွန်တော့်ဘ၀ကွဲပျက်………ကျွန်တော့်ဘ၀ကွဲပျက်

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါ ချမ်းလို
့တုန်
မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

မိုးတွေရွာတုန်းမှာ~~နားခိုစရာဟာတကယ်မဲ့ လို
့~~~ငါတရောက်ထဲလျှောက်တယ်..အိုလမ်းများဟာ
မှားယွင်းတဲ့ လမ်းတွေမှာ….ချဲထိုးတာ ငါပျော်ခဲ့ ~~~~ ချဲပေါက်ဖို
့တကယ်ခက်ခဲ…လွဲမှားတဲ့ ဘ၀ကြီးကို
သိခဲ့ ရနောက်မှာလေ~~~~ အမှားများပြန်ပြင်တုန်းမှာ….အားလုံးနဲ့ ငါကဝေး
အူး…..အူး….အူး..အူး….အူး….အူး… အူး
အာ….အာ…အာ…အား.. အား….
(ကျွန်တော့်ကိုကြည့် မရလို့ တဲ့ ....ခွေး၃ကောင်လိုက်လို့ 
ထွက်ပြေးလိုက်ရတာ…ပုဆိုးကိုပြဲရော)

ရီဆိုက်ကယ်

အာစီယံ အစည်းအဝေးတွင် အာစီယံ ၁၀ နိုင်ငံမှ ၀န်ကြီးချုပ်များက စွန်
့ပြစ်ပစ္စည်း ပြန်လည်
အသုံးချရေးအစည်းအဝေးတွင် စင်္ကာပူ ၀န်ကြီးချုပ်က

စင်္ကာပူ။   ။ ကျနော်တို့ ဟာ မည်သူမှ မတွေးခဲ့တဲ့ စွန်
့ပြစ်ပစ္စည်းတခုဖြစ်တဲ့ပီကေကနေ ကွန်ဒုံဖြစ်အောင် ဖန်တီးအသုံးချခဲ့ပါတယ်။

မြန်မာ ၀န်ကြီးချုပ်။  ။ အဲဒီကွန်ဒုံကိုရော ဘယ်လို ဆက်ပြီး
အသုံးချသေးလည်းခင်ဗျာ

စင်္ကာပူ။   ။ မရှိတော့ပါဘူး။ နောက်ဆုံးစွန့် ပြစ်ပစ္စည်းဖြစ်သွားပါပြီ။

မြန်မာ။   ။ ဒါဆိုကျနော်တို့ မြန်မာက ခင်ဗျာတို့ နောက်ဆုံးစွန်
့ပြစ်ပစ္စည်း တွေကို ပြန်လည် အသုံးချလိုက်ပါပြီ။

စင်္ကာပူ။   ။ ဘယ်လို အသုံးချလိုက်ပါသလည်း။

မြန်မာ။   ။ နောက်ဆုံးစွန့် ပြစ်ပစ္စည်းကွန်ဒုံတွေကို ပီကေအဖြစ်နဲ
့ပြန်လည်ထုပ်လုပ်နိုင်တာ မြန်မာပါ။

အလိုရှိသည်

ဒီနေ့တော့ လုပ်ငန်းရှင်တွေက အလွန်တော်သော လူတော်လူကောင်းများကို လိုချင်တဲ့အတွက် လာရောက် အကူအညီတောင်းထားပါတယ်။ ‘ဘာလဲဆိုတော့ သူတို့လုပ်ငန်းမှာ လိုအပ်တဲ့နေရာမှာ ခန့်အပ်ချင်လို့တဲ့ လစ်လပ်သောနေရာကို ဖော်ပြပေးထားပါတယ်။

လုပ်ငန်းနေရာများကတော့ လိုအပ်သော အရည်အချင်းက ချက်ပြုတ်နည်းသင်တန်း အောင်လက်မှတ်ရှိရမှာဖြစ်ပါတယ်။ လုပ်ရမဲ့နေရာကတော့ သံရည်ကျိုစက်ရုံမှာ ကျိုပြီးသား သံရည်များကို အပေါ့ အငန် မြည်းပေးရမှာ ဖြစ်ပါတယ်။ လစာကတော့ ညှိနှိုင်းလစာပါတဲ့။ ကဲ ဘယ်လိုလဲ။

နောက် လုပ်ငန်းရှင်ကလည်း သူ့အလုပ်အတွက် လာပြောထားပါသေးတယ်။ သူကတော့ ဘာအရည်အချင်းရှိရမလဲဆိုတော့ ယာဉ်မောင်းတတ်ရမယ်တဲ့။ ယာဉ်မောင်းလိုင်စင်ရှိရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ လုပ်ရမဲ့ အလုပ်အတွက်တော့ ယပ်တောင်ယူလာခဲ့ရမယ်တဲ့။ ဒါဆိုရင်တော့ လုပ်ငန်းသဘောကို သိလောက်ပါပြီနော်။

ဒီတစ်ခုနဲ့ အဆင်မပြေသေးရင်လည်း နောက်အလုပ်နဲ့ အဆင်ပြေမှာပါ။ စိတ်ဓာတ်မကျပါနဲ့။

အဲ ခုလုပ်ငန်းကတော့ သင်္ဘောတက်ချင်သူများအတွက် အထူးအခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ ရေကြောင်းလည်း ကျွမ်းကျင်ရင် ပိုပြီး ကိုက်ညီမှာပါ။ သင်္ဘောတက်ဖူးသူ ဖြစ်ရင် ပိုကောင်းပါတယ်။ ဘာလုပ်ငန်းလဲဆိုတော့ လုပ်ရမဲ့ အလုပ်က သင်္ဘောနဲ့ လိုက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားများအတွက် ပိုပြီး သင့်လျော်ပါတယ်။ သင်္ဘောပေါ်မှာ ထိုင်ပြီး နောက်က ထလာတဲ့ ရေလှိုင်းတွေကို ရွေဘော်နဲ့ထိုးပေးရမှာ ဖြစ်ပါတယ်။ အလုပ်လိုချင်သူများအတွက် အဆင်ပြေအောင် တင်ပြလိုက်ရပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ်ကို လျှောက်ထားကြပေါ့။ အလုပ်လိုချင်သူများ အမြန်လျှောက်ထားမှ ရမှာနော်။ နောက်ကျမှ လာပြီး အကူအညီ မတောင်းနဲ့။ မရဘူးသာမှတ်။

ပြည့်စေ

ဇနီးမောင်နှံနှစ်ဦးတို့ စူပါကွန်ပျူတာထံသို့သွားရောက်ကာ မိမိတို့၏ဆန္ဒများကို တောင်းဆိုကြသည်။
စူပါကွန်ပျူတာ ။ ။ ဇနီးမောင်နှံနှစ်ဦး ကြိုက်ရာဆန္ဒသုံးမျိုး အဆိုပြု နိုင်တယ်။
 ဇနီးမောင်နှံ ။ ။ ကောင်းပါပြီ။
 စူပါကွန်ပျူတာ ။ ။ ခင်ပွန်းဖြစ်သူက အိမ်ထောင်ဦးစီးဖြစ်တော့ လိုအင် ဆန္ဒနှစ်မျိုး တောင်းဆိုနိုင်ပါတယ်။ ဇနီးဖြစ်သူက မှီခိုဖြစ်တဲ့အတွက် လိုအင်ဆန္ဒတစ်မျိုးသာ ဆုတောင်း နိုင်ပါတယ်။
ဇနီးမောင်နှံ ။ ။ ကောင်းပါပြီ။
 စူပါကွန်ပျူတာ ။ ။ ကဲ... ခင်ပွန်းဖြစ်သူ စပြောပါ။
ခင်ပွန်း ။ ။ ဒေါ်လာသန်း ၁ဝဝ လိုချင်ပါတယ်။
စူပါကွန်ပျူတာ ။ ။ ခင်ဗျားဘဏ်စာရင်းထဲထည့်လိုက်ပြီ။နောက်ဆန္ဒ တစ်ခု ပြောပါ။
ခင်ပွန်း ။ ။ အမျိုးသမီး ငယ်ငယ်ချောချောနှစ်ဦး အလိုရှိပါ တယ်။
စူပါကွန်ပျူတာ ။ ။ အိမ်ရောက်နေပါပြီ။
ခင်ပွန်း ။ ။ ဟေး... ပျော်လိုက်တာ
စူပါကွန်ပျူတာ ။ ။ အမျိုးသမီးရဲ့ဆန္ဒပြောပါ။
ဇနီးသည် ။ ။ ကျွန်မခင်ပွန်းရဲ့ အသက်ရှင်ခွင့်ကို အခုချက်ချင်း ရပ်ဆိုင်းပေးပါ။
စူပါကွန်ပျူတာ ။ ။ ပြည့်စေ....။

 ခင်ပွန်း ။ ။ 'ဘာ'

မင်းလိုပါပဲကွယ်

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ
ကောင်လေးကနောက်ကခုံမှာအရှေ့မှာကစာသိပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲကျကြတာ

ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို
ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး

ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့
အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ
ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ်၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့
အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်“ဟေ့.....နံပါတ်(၅) ပြောပြကြည့်“

“အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်““
မောင်လို့ခေါ်ရင်ပြောမယ် ”

”ကောင်မလေး
စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ်
ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်ေ တာ့

မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး
အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ
နော်

””ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး
တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ်အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင်ကိုယ်ကဘာဖြစ်သွားမှာကျလို့
နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီးနောက်လှည့် ပြီး

““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်

““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ်
စိတ်ထဲမှာလဲကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့ကအရေးကြီးနေတော့အသံကိုမနဲချိုပြီး

““ မောင်.....ပြောပြပါနော် ......မောင်လို့    နော် ””

အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက

““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

ခေတ်သစ် အင်ဂျင်နီယာ

တစ်နေ့မှာတော့electricalနဲ့ကျောင်းပြီးတဲကျောင်းသားတစ်ယောက်interviewသွားတဲအခါမှာ
အလုပ်ရှင်- ကိုင်းမောင်မင်းဒီချထားတဲပုန်းထဲကresistorတစ်လုံးရွေပေစမ်းပါ။
ကျောင်းသား- ဟုပ်ကဲ့
5 မိနစ်ကြာလဲresistor ကအလုပ်ရှင်လက်ထဲမရောက် ဒါနဲ
အလုပ်ရှင်- ဟာရှာမတွေ.ဘူလားကွကြာလိုက်တာကွာ
ကျောင်းသား- အင်းကျွန်တော်ရှာနေတာresistorကိုရှာလိုမတွေ.လို့
အလုပ်ရှင်-ဟာresistor တွေအများကြီးပါကွ။ပြစမ်ဒါresistorမဟုတ်လိုဘာတွေတုံး။
ကျောင်းသား-ဟာဗျာဒါresistor မှမဟုတ်တာ ကျွန်တော်ကျောင်းမှာသင်ရတုံးကresistorကအတွန့်တွန့်လေးတွေဗျ။
အလုပ်ရှင်-ဟိုက်သေစမ်း

Demo version

Bill Gates သေပြီ ၊ မတော်တဆကားတိုက်မှုကြောင့် တိမ်းပါးသွားရခြင်းဖြစ်သည်။ သူ့ရုပ်ခန္ဓာကို မိသားစုမှ ဖက်ကာ ပူဆွေးသောကရောက်နေသည်ကို အတိုင်းသားမြင်နေရသည်။
စိန့်ပီတာက စိတ်ရှုပ်ထွေးဟန်ဖြင့်ဆီးကြိုသည်။
“အေးဗျာ၊ ခင်ဗျားရောက်မယ်ဆိုတာကြိုတော့သိပါတယ်၊ ဒါပေမယ့် ခင်ဗျားကို ဘယ်နေရာနဲ့သင့်တော်မယ်ဆိုတာကို ဝေခွဲမရနိုင်ဘူးဖြစ်နေတယ် ဘီလ်ရေ…လူ့ဘ၀တုန်းက အမေရိကန်မှာရှိတဲ့သူတွေကို Windows OS တွေ ရောင်းချထုတ်လုပ်ပြီး ခင်ဗျား အများကြီးကူညီခဲ့ဖူးတာ အမှတ်ရပါတယ်။ ဒါကြောင့်ကောင်းကင်ဘုံ နဲ့ ငရဲဘယ်ဋ္ဌာနကို လွှတ်ရမယ်ဆိုတာ ကျွန်တော်မခွဲခြားနိုင်ဘူးဖြစ်နေတယ်ဗျာ”
“ဒီလိုလုပ်ဗျာ၊ ငရဲကို အရင်ဆုံးပြကြည့်ဗျာ”
“အိုကေဗျာ မြင်စေရပါမယ်”
ဟာဝိုင်အီ ကမ်းခြေကလေးကို ရုတ်ခြည်းပြန်ရောက်သွားသလို Bill Gates ခံစားလိုက်ရသည်။ မြင်လေရာတွင် စိမ်းစိုကြည်နူးဖွယ်ရာမြင်ကွင်းများ၊ မိန်းမချောကချေသည်လေးများ၊ နာမည်ကျော်အုန်းစိမ်းရည်၊ ကြည်လဲ့နေသည့်ပင်လယ်ရေ၊ “အို…ဒါဟာငရဲလား…” Bill Gates သဘောကျသွားသည်။ ထို့နောက်စိန့်ပီတာက ကောင်းကင်ဘုံကို ပြသသည်။
ကောင်းကင်ဘုံတွင် တိမ်များ ပြေးလွှားနေကြသည်။ ရုပ်ဆိုးဆိုးနတ်သမီးအိုကြီးတစ်ပါးသည် စောင်းကြိုးကို ညည်းညည်းတွဲတွဲ တီးခတ်နေသည်။လေကောင်းလေသန့် ရှိသော်ငြား အထီးကျန်မှုဝေဒနာ၊ ပျင်းရိစရာကောင်းသော ပြယုဂ်ကို Bill Gates ချက်ခြင်းရလိုက်သည်။ ထို့ကြောင့် တခဏချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
“စိန့်ပီတာ ကျွန်တော်ငရဲမှာပဲနေပါရစေ”
နှစ်ပတ်ခန့်အကြာတွင် စိန့်ပီတာငရဲတွင် ရောက်နေသော Bill Gates ရှိရာသို့ အခြေအနေအကျိုးအကြောင်းစုံစမ်းရန်သွားသည်။ Bill Gates အခြေအနေမကောင်း၊ ငရဲခွေးများက သူ့နောက်မှအမောတကောပြေးလိုက်နေသည်။ စကားပင်ဖြောင့်အောင် မပြောနိုင်ရှာ၊ ချွေးသီးချွေးပေါက်များကျလျက် အရှိန်ညီးညီးမီးလျှံ မီးနွယ်များကြားတွင် ပတ်ပြေးနေရသည်။ စိန့်ပီတာ ကိုတွေ့သွားသောအခါ Bill Gates ဒေါသဖြစ်ဖြစ်နှင့် အော်ပြောသည်။
“စိန့်ပီတာ ဘယ်လိုဖြစ်တာလဲ? လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက ဒီလိုအခြေအနေမဟုတ်ပါဘူး၊ ငြင်းငြင်းသွဲ့သွဲ့ ရာသီဥတုလေးနဲ့ ကြည်နူးဆွတ်ပျံ့စရာ ကောင်းတဲ့ မဒီချောကလေးတွေနဲ့ အခုဘယ်လိုဖြစ်ရတာလဲ…?”
“အာ…Bill Gates ကလဲ…အဲ့ဒါက Demo Version လေဗျာ”

ကွက်တိ

သူ့ကိုချောကြောင်းလှကြောင်း  အသက်ငယ်ကြောင်းပြောရင်အရမ်းသဘောကျတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်
တစ်နေ့တော့  သူ့ဆွေမျိုးတွေရဲ့မင်္ဂလာဆောင်ကိုသူသွားဖို့အတွက်   အလှပြင်ဆိုင်မှာဆံပင်သွားကောက်  မျက်နှာအလှပြင်ပေါ့ဗျာ  ဒီလိုနဲ့အလှပြင်ပြီးတဲ့အချိန်မှာအဲဒီအမျိုးသမီးက  အလှပြင်ပေးတဲ့ကောင်မလေးကိုမေးတယ်  အမလှသွားသလားပေါ့   ကောင်မလေးကလှပါတယ်တဲ့   သူကဆက်မေးတယ်  ကဲဒါဆိုအမရဲ့အသက်ကိုပြောပါဦးတဲ့မေးတယ်  ကောင်မလေးက34တဲ့ပြောလိုက်တယ်  အမျိုးသမီးကအရမ်းပျော်သွားတယ်  သူ့အသက်အဲဒီလောက်ငယ်သွားတယ်ထင်သွားတာကိုး
အဲဒါနဲ့လက်ဆောင်ပစ္စည်းဝယ်ဖို့စူပါမားကတ်တစ်ခုကိုသွားတယ် ပြီးလက်ဆောင်ဝယ်တယ် ကောင်တာမှာတန်းစီတော့သူ့နောက်မှာလူကြီးတစ်ယောက်ရှိတယ် ကောင်တာရောက်တော့သူထပ်မေးပြန်တယ်  ညီမ  အမရဲ့အသက်ကိုမှန်းကြည့်စမ်းပါလို့ပြောတယ်  ကောင်မလေးက32လို့ပြောလိုက်တယ်  သူကပြောလိုက်တယ် အမရဲ့အသက်အမှန်က42တဲ့ပြောလိုက်တယ်
သူဒီလိုနဲ့ကားမောင်းပြီးမင်္ဂလာဆောင်ကိုသွားတယ်  လမ်းမှာမိုးတွေတအားရွာလာတယ်  တစ်နေရာရောက်တော့ကားကပျက်သွားတယ်  ကားတွေလည်းတစ်စီးမှမတွေ့ဘူး   လူတွေလည်းမတွေ့ဘူးခိုကိုးရာမဲ့ဖြစ်နေတာပေါ့
အဲဒီအချိန်မှာပဲ  ကားတစ်စီးမောင်းလာတာကိုတွေ့တယ်  သူအရမ်းဝမ်းသာသွားတယ်  သူအဲဒီကားကိုတားလိုက်တယ်  ကားထဲကလူကိုအကူအညီတောင်းလိုက်တယ်  မိုးတွေကတအားရွာနေတော့  တစ်ယောက်နဲ့တစ်ယောက်သည်းသည်းကွဲကွဲမမြင်ရဘူးပေါ့ဗျာ
ကားကိုပြင်လိုက်တော့ကားကကောင်းသွားတယ်  အဲဒါနဲ့အမျိုးသမီးကကျေးဇူးတင်ကြောင်းပြောတယ်  လူကြီးကအဲဒီအမျိုးသမီးကိုချောကြောင်းလှကြောင်းပြောတယ်  အမျိုးသမီးက  ဒါဆိုသူ့အသက်ကိုခန့်မှန်းကြည့်ပါလို့ပြောတယ်
လူကြီးကသူဒီလိုတော့မပြောတတ်ဘူးတဲ့   အမျိုးသမီးရဲ့braကိုကိုင်ကြည့်ရင်တော့  သူကွက်တိပြောနိုင်ကြောင်းပြောတယ်  အမျိုးသမီးကအံ့သြသွားတယ်  ဒါမဖြစ်နိုင်ဘူးပေါ့နော်   လူကြီးကပြောတယ်  တကယ်ပါပေါ့သူမလိမ်ပါဘူးပေါ့နော်  အမျိုးသမီးလည်းသိပ်တော့မယုံဘူးပေါ့
ဒါပေမယ့်သူစမ်းသပ်ကြည့်ချင်တယ်   လူကြီးကပြောတယ်မကြာပါဘူးပေါ့  လူလည်းရှင်းတယ်လို့ပြောလိုက်တယ် အမျိုးသမီးလည်းသိချင်ဇောနဲ့ဆိုတော့  စမ်းသပ်ခွင့်ပြုလိုက်တယ်  လူကြီးကပြောတယ်  အသက်က42တဲ့ပြောတယ်
အမျိုးသမီးကအရမ်းအံ့သြသွားတယ်  ဟုတ်ပါတယ်ပေါ့  42ပါပဲပေါ့
အမျိုးသမီးက  သူ့ကိုအဲဒီလေးသင်ပေးပါလို့ပြောတယ်   လူကြီးကဒါလျို့ဝှက်ချက်လို့ပြောတယ်
အမျိုးသမီးကတောင်းတောင်းပန်ပန်နဲ့   သူ့ကိုပြောပြပါ    သူအရမ်းသိချင်လို့ပါပေါ့နော်ပြောတယ်
နောက်ဆုံးမှာအမျိုးသမီးကအတင်းပြောတာနဲ့   လူကြီးကကောင်းပြီပြောပြမယ်လို့ပြောလိုက်တယ်



စူပါမားကတ်မှာတုန်းကမင်းနောက်မှာတန်းစီတဲ့သူကငါလို့ပြောလိုက်တယ်

အလှည့်စောင့်

ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခု
ကိုတွေလိုက်တယ်။
ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ်
အခေါင်းတစ်ခုက ကပ်ပါလာတယ်။
ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက်
လမ်းလျှောက်ရင်းလိုက်လာတယ်။
အဲ့ဒီလူရဲ့နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊
ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား
အသာလေးကပ်သွားပြီး.........။
""မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။
ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။
ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး
တစ်ခါမှ မကြုံဖူးလို့ပါ။
ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊""
ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်...
"" ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့...""
"""' မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ...""""
"" အင်း....ကျွန်တော်မွေးထားတဲ့
ီဒီခွေးလေ... ဒီကောင်ကြီးကိုက် လို့ ဆုံး သွားတာပေါ့။...""
""""ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ...""""
"" အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။
သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ တွေ့တော့ ဝင်ကူညီရင်း သူပါခွေးကိုက်ခံရပြီး
ဆုံးသွားတာပါ။""
နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ်
ခဏ အကြာမှာ တော့ ကျွန်တော် စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်......
"""" ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ...""""
"" ဒါဆို ခင်းဗျားလဲ နောက်မှာ ဝင်တန်းစီလေ...""

မပူနဲ့

ပုံပြင်လေးတစ်ခုပြောပြမယ်
ဘဲဥနဲ့ကောင်မလေးမညားခင်  ဘဲဥကကောင်မလေးကိုအမြဲပြောတယ် လက်ထပ်ပြီးရင်ဘာမှမပူနဲ့လို့ပြောတယ်
ဒါကိုကောင်မလေးကလည်း   ဘယ်လိုအဓိပါယ်ကောက်သလဲဆိုတော့  လက်ထပ်ပြီးရင်  ဘာမှပူစရာမလိုဘူး
လိုသမျှပြည့်စုံမယ်ထင်လို့ဘဲဥ နဲ့လက်ထပ်ဖို့ကိုသဘောတူလိုက်တယ်
လက်ထပ်ပြီးတဲ့နောက်တော့  ကောင်မလေးအထင်နဲ့အမြင်လွဲသွားတယ်  ဘဲဥကိုတစ်ခုခုပူဆာတိုင်းကောင်လေးက၀ယ်မပေးဘူးဖြစ်နေတယ်
ကောင်မလေးလည်း  သည်းမခံနိုင်တဲ့အဆုံး  ရန်ဖြစ်တယ် ရှင်ပြောတော့  လက်ထပ်ပြီးရင်  ဘာမှမပူနဲ့ဆို
ခုတော့  နဲနဲလေးဝယ်ခိုင်းတာတောင် ၀ယ်မပေးပါလားပေါ့   ရန်တွေ့တယ်
ဘဲဥကလည်း  ပြန်ပြောလိုက်တယ်လေ  အေးလေ  ငါပြောပါတယ် လက်ထပ်ပြီးရင် ဘာမှမပူနဲ့လို့    :D

ဝူးးးးးးးးးး

တစ်နေ့တော့ ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ် တစ်ယောက်နိုင်ငံရပ်ခြားရွာတစ်ရွာကို ဂေါက်သီးရိုက်ဖို့ သွားပါသတဲ့ ။ နာမည်ကျော်ပီပီ ပထမနေ့ တစ်နေ့လုံး ရိုက်တိုင်းဝင်နေသတဲ့။ တစ်ခါမှကို မလွဲဘူးတဲ့ဗျာ... ။ ပရိသတ်လက်ခုပ်သံ တွေက လဲကွင်းလုံးပြည့်ပေါ့ ။ ဒီလိုနဲ့ ညနေစောင်းလာတော့ သူပဲအမှတ်အသာနဲ့ ပွဲကိုဦးဆောင်ပြီး သိမ်းလိုက်ပါသတဲ့ ။ အဲဒီညမှာပဲ သူ့ကို ရွာသူကြီးက ဂုဏ်ပြုသောအားဖြင့် သူတို့ရွာက အချောဆုံးကောင်မလေး နဲ့ တစ်ညပေးအိပ်ခွင့်ပြုပါသတဲ့ ။ တိုက်ဂါးဝုဒ်ကတော့ ပျော်နေတာပေါ့ ။ ကောင်မလေးကလဲ တကယ့်ကို ချောချောလေးပါပဲ။ အဲ... မိုးလင်းတဲ့ အထိပျော်ပျော် ကြီးနေကြတာပေါ့ ။ အဲ... တစ်ခုတော့ တိုက်ဂါးဝုဒ် စဉ်းစားရတယ်ဗျ... ။ ညဘက်မှာ ကောင်မလေး က`၀ူး.. ၀ူး ´ ပဲအော်နေသဗျ.. ။အဲ.. မနက်မိုးလင်းတော့ တိုက်ဂါးဝုဒ် ဂေါက်သီးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရတာပေါ့...။ အဲ.. ဒီနေ့တော့ တိုက်ဂါးဝုဒ် ရိုက်ချက်လွဲသွားတယ်ဗျ... ။ ကျင်းကို ချော်ပြီးထွက်သွားတော့တာပေါ့ .။ ဒီတော့ ၀ိုင်းကြည့်နေတဲ့ရွာသူရွာသားတွေ အားမလိုအားမရအော်လိုက်ကြတဲ့ အသံတွေက `၀ူး... ၀ူး ၊ ၀ူး .. ၀ူး၊ ၀ူး...၀ူး´နဲ့ဆူညံသွားပါလေရောဗျာ... ။ `ဟိုက်...သေစမ်းဟ ´ လို့ပဲ တိုက်ဂါးဝုဒ်တစ်ယောက် မြည်တမ်းနိုင်ပါသတဲ့ကွယ်။

ချွေတာရေး

ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီးရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကိုလက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက် ချားသွားသည်။ ဘာကြောင့်ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။ နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီးရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလားလို့များလား။မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။ ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။ ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူမအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
 "မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"

သဘောပေါက်ပါတယ်

ဘောလုံးပွဲ ပြန်လည် ထုတ်လွှတ်မှုပြကွက်ကို ကြည့်အပြီး သားအငယ်ဆုံးက ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းကို... 
"အဲဒီပွဲမှာ ဒိုင်လူကြီးက ဒယ်ဒီ့ကို ဘာကြောင့် ထွက်ခိုင်းတာလဲ ဒယ်ဒီ " ဟုမေးသည်။ 
ဘက်ခမ်းက သားငယ်ကို ... "ဒယ်ဒီက အ၀ါကတ်နှစ်ကြိမ်ဆိုတော့ အနီထိသွားတယ်။ ဒါကြောင့် ထွက်လိုက်ရတာ သားရဲ့ " ဟုဖြေသည်။ 
သားငယ်က ဆက်ပြီး...
 " ဒယ်ဒီကစားတာ ကြမ်းလို့ ဆိုပြီးမာမီက ပြောတယ်"
 ဒေးဗစ်ဘက်ခမ်းက.... 
" အဲဒီလို ပြောတဲ့အချိန် မာမီ ဘယ်လိုနေလဲ သား" ဟုပြန်မေးသည်။ 
အငယ်ဆုံးသားလေးက....
 " ပြုံးနေတယ် ဒယ်ဒီ။ ဘာပြုလို့လဲ။ ဒယ်ဒီ ထွက်ရတာ ၀မ်းသာလို့လား ' ဟုမေးပြန်သည်။ ေ
ဒးဗစ်ဘက်ခမ်းက .... 
" ဒယ်ဒီ ထွက်လို့ ဝမ်းသာတာ မဟုတ်ဘူး သားရေ၊ မင်းမာမီက ဒယ်ဒီ အနီကတ်ကြောင့် ပွဲတစ်ပွဲ အပယ်ခံ၇ရင် အိမ်အလုပ်တွေ တစ်ရက် ပြီးတယ်ဆိုပြီး ပြုံးတာ" ဟုပြောလိုက်ပါသည်။

ဟိုဘက်ခန်းကကောင်

အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။

"ဟေ့လူ. နေကောင်းလား…"

ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.

"ကောင်းပါတယ်. ကျေးဇူး"

အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ."

ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ…. စိတ်ပေါက်ပေါက်နှင့်
ဘုတောပစ်လိုက်သည်။

"ခင်ဗျားလိုပဲပေါ့ဗျာ."

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား"

 ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ… ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။ ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ.."

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။

"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့…."

ကုလားကိုမညာနဲ့

ရထားတွဲပေါ်မှာ မိန်းမတစ်ယောက်ဟာ သူ့ သားလေးကို နို့ တိုက်ပါတယ် .. ကလေး
က နို့ မစို့ ပဲ ငိုနေလို့  ...

`` နို့ တိုက်တာ ကောင်းကောင်းမစို့ ဘူး ... ငါ ကုလားကြီးကို တိုက်လိုက်ရမလား ´´

လို့ ပြောတော့  ကလေးက မစို့ သေးပဲငိုနေပါတယ် ... ။ အဲဒါနဲ့  နောက်တစ်ခါ ချော့ 
မော့ ပြောရင်း တိုက်ပြန်ပါတယ် ... ဒါလဲ ကလေးကငိုနေတုန်းပါပဲ ... ဒီလိုနဲ့  စိတ်
မရှည်တော့ ပဲ ...

`` အေး ... နင်မစို့ ရင်နေ .. ငါ ကုလားကြီးပဲ တိုက်တော့ မယ် .. ´´

လို့ ထပ်ပြောတော့  ... အဲ ဖြစ်ချင်တော့ သူတို့ ဘေးမှာ ကုလားတစ်ယောက်ကလဲ
ရှိနေပြီး သာအမိတွေရဲ့  အဖြစ်အပျက်ကို မြင်နေရင်းက မအောင့် အီးနိုင်တဲ့  လေ
သံမျိုးနဲ့  ထပြောတာက ...

`` အမ လေးနော် ... ကုလားကို ညာနေတာလား ၊ ကုလားကိုညာနေတာလား ..
ကုလားနော် ... ဆင်းမယ့် နေရာရဲ့  နှစ်နေရာတောင်ကျော်ပြီး လိုက်လာခဲ့ ရတာ
ကုလား စိတ်မရှည်နိုင်တော့ ဘူး ´´ ... တဲ့  ။

လေးစားမိခြင်း

စစ်သားစုဆောင်းရေးတွင် တာဝန်ခံဗိုလ်ကြီးဖြစ်သူက သွက်လက်ဖျတ်လက် ပြီးပါးနပ်ပုံရသောစစ်သားလောင်းအား....မေးလိုက်သည်။ မြန်မာ့စစ်သူရဲကောင်းကြီးတွေထဲက မင်းလေးစားတဲ့...သူရဲကောင်းသုံးဦးကို ပြောပြစမ်း........... ဟုတ်ကဲ့.....ဗိုလ်ကြီး.....ကျွန်တော်လေးစားတဲ့သူရဲကောင်က မဟာဗ္ဓုလရယ်၊ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ ပြီးတော့......ဟောဒီကဗိုလ်ကြီးနာမည်လေးသိပါရ စေ......ဗိုလ်ကြီး။

တော်သေးတယ်

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။

- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့......

ဘဲသူငယ်ချင်း

တစ်ခါက ကိုဖိုးလူဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူက အလွန်ထင်ပေါ်ချင်တဲ့ သူပဲ။

ဒါကြောင့် ဘယ်နေရာမဆို သူများနဲ့  မတူအောင်လုပ်လေ့ရှိတယ်။ ဒါကြောင့် ဘယ်နေရာမဆိုသူများနဲ့ မတူအောင်

လုပ်လေ့ရှိတယ်။ သူ့ အိမ်မျက်နှာစာမှကိုပဲ တံခါးနှစ်ပေါက်တပ်ထားပြီး ၀င်/ ထွက်ဆိုပြီး ရေးထားတဲ့ လူ။

တစ်ရက်မှာတော့ ကိုဖိုးလူက ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုဖိတ်ပြီး သူ့ မွေးနေ့ မှာဧည့်ခံဖို့ စီစဉ်သတဲ့ ။

အကြွေးအမွေးအတွက် နာမည်ကြီးဟိုတယ်မှာ သွားမှာတယ်။

" ကျုပ်က ကြာသပတေးသားဆိုတော့ ပ - ဖ - ဘ - ဗ - မ နဲ့ ဧည့်ခံချင်တယ်။ ဒီတော့ ဘဲသားနဲ့ ချက်တဲ့ ဟင်းအမျိုးလေးဆယ်

လိုချင်တယ်။ ရမလား။ အသက်လေးဆယ်ပြည့် မွေးနေ့ လုပ်မှာမို့ ။"

လို့ ပြောတယ်။ ဟိုတယ်ကလည်း ရတယ်ပေါ့။ ဒီလိုနဲ့  သူ့ မွေးနေ့ ရောက်တော့သူငယ်ချင်းတွေကို....

.........

"ကျုပ်ရဲ့  အထူးအစီအစဉ်အဖြစ် ဘဲသား ဟင်းအမျိုးလေးဆယ်နဲ့  ကျွေးမွေးပါ့မယ်" ဆိုပြီး ဖိတ်လိုက်တယ်။

ဟိုတယ်ရောက်တော့ သူ့ မွေးနေ့ အတွက်ချက်ထားတဲ့  ဟင်းတွေကို ချပေးဖို့ ပြောလိုက်တယ်။ စားပွဲထိုးတွေ

ကလည်း ဟင်းတွေကိုလာချ ပေးတာပေါ့။

"ဘဲကင်"

"ဘဲချဉ်စပ်"

"ဘဲကုန်းဘောင်"

"ဘဲဆီပျံ"

"ဘဲပေါင်း"

"ဘဲချိုချဉ်"

"ဘဲတောက်တောက်ကြော်"

"ဘဲကန်ဇွန်း"

"ဘဲကြော်"

အဲသလိုဟင်းတွေက တစ်မျိုးပြီးတစ်မျိုး လာချပေးတယ်။ နောက်ဆုံးတစ်ခွက်ရောက်တော့ စားပွဲထိုးက

ဘာမှမပြောပဲ အသာလေးချပေးလိုက်တယ်။ အဲဒီဟင်းကိုကြည့်လိုက်တော့ ကြက်သားဟင်းဖြစ်နေသတဲ့ ။

ဒီတော့ကိုဖိုးလူက အဲဒီစားပွဲထိုးကိုဖမ်းဆွဲထားလိုက်ပြီး.............

"ငါက ဘဲသားဟင်းချည်းချက်ရမယ်လို့  မှာထားတာ မဟုတ်လား"

"ဟုတ်ပါတယ်ဆရာ"

"ကဲ ပြောစမ်း၊ ဒါက ဘာဟင်းလဲ"

စားပွဲထိုးက ပြုံးလိုက်ပြီး..........

"ဘဲသားကုန်သွားလို့  ဘဲ သူငယ်ချင်း ကိုချက်ထားတာပါ။ဘဲသူငယ်ချင်းဟင်းပါ"

လို့ ဖြေလိုက်သတဲ့ ။

အကြံပေးကြပါအုံး

အိမ်မှာ အမြဲလိုလို ဒုတ်ခပေးနေတဲ့ သတ်တ၀ါလေးတစ်ကောင် ရှိတယ်ဗျာ။
ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး။အဲဒီသတ်တ၀ါလေး
က အိမ်ရှင်မတွေကို
အမြဲဒုတ်ခပေးတတ်တဲ့ ကြွက်တစ်ကောင်ပေါ့ဗျာ။ ဟိုနေ့က သူလုပ်လို့အမေဆူခံထိသေးတယ်။
အဲဒီနေ့ကဒီကောင်တော်တော် ဂြိုလ်ကြွနေတယ်ဗျ။ အိမ်က Samsung ရေခဲသစ်တာထဲ
ဝင်နေတယ်ဗျာ။ ကျွန်တော်ဖွင့်ကြည့်တော့ ဒီကောင်ကလျှင်တယ်ဗျ အိမ်ရှေ့က ၃၉ လက်မ
SONY TV အောက်မှာပုန်းနေလေရဲ့။ ဘယ်ရမလဲ အိမ်နောက်ဖေးက Daddy America မှာ
Sarapova ဆီက အကြွေးနဲ့သိမ်းထားတဲ့ Tennis Racket နဲ့
လိုက်တာပေါ့။အမယ်ဒင်းကပြောရင်းဆိုရင်း Daddy နဲ့ Mummy တို့ ဆေးကျောင်းက ဘွဲ့
ရဓါတ်ပုံဆီတက်ပြေးတယ်။ Tiger Wood ရိုက်ချက်မျိုးလှန်းရိုက်လိုက်တာ Apple laptop ကို သွားထိတယ်။ မှန်လေးကွဲရုံပါ။ ဒီကောင်ကကြွက်သာဆိုတယ် လူနီးနီး
ညာဏ်ရှိတယ်။ ခုလည်းကြည့်လေ။ အိမ်ပေါထပ်တက်ဖို့ပြင်နေတယ်။ အိမ်ဖော်ကောင်မလေးကို
ပေးထားတဲ့ GSM နဲ့လှန်းပေါက်လိုက်တာ အမြှီးကိုထိသွားတယ်။
သေချာတယ်းဒီကောင်ဘယ်တော့မှ မိန်းမရတော့မှာမဟုတ်ဘူး၊ အပေါ်ကတက်သွားတယ်။ ၎
ထပ်ထိတက်သွားရင်သွားပြီ။ အဲဒီမှာကျွန်တော်အခန်းရှိတယ်လေ။
အဲဒီကကျွန်တော်နဲ့ကြိုးကြာနှစ်ယောက်ရိုက်ထားတဲ့ Photo တွေ
ကိုက်သွားရင်သေပြီဆရာဘဲ။ မြန်အောင်ဓါတ်လှေခါးနဲ့လိုက်ရတာပေါ့။ အရေးထဲညီမလေးက
ရုပ်ရှင်ကြည့်ချင်လို့ဆိုပြီး ၃ ထပ်ကိုဓါလှေခါးကြုံလိုက်လာတယ်။ သြော်
အဲဒါရုပ်ရှင်ကြိုက်တက်တဲ့ ညီမလေးအတွက် Daddy
ကရုပ်ရှင်ရုံလေးလုပ်ထားတာ။ ထားပါ။ 4ထပ်ရောက်တော့ထင်တဲ့အတိုင်းဘဲ ကိုရွှေကြွက်က
ကျွန်တော့မနက်စာပီဇာ တွေကိုထိုင်သမနေတယ်။ ခြေသုတ်ဖို့ထားတဲ့ Picasso ရဲ့ပန်းချိကားနဲ့လှမ်းအုပ်လိုက်တာ ကွက်တိဘဲဗျာ အုပ်ရက်ကလေး
လှန်းဖမ်းဖို့လုပ်လိုက်တာ Beckham ပန်နယ်သီလွဲခဲ့တဲ့ ဘောလုံးနဲ့တိုက်မိတာ
ဟိုငတိကို လွှတ်ပေးလိုက်သလိုဖြစ်သွားတယ်။ ငတိကလည်းလွတ်ပြီဆိုတာနဲ့
အောက်ကရေကန်ထဲကို ခုန်ချသွားတော့ အောက်ကရေကူးနေတဲ့ mummy ပေါ်ကြသွားတယ်လေ။
သူကကြွက်ဆိုသိပ်ကြောက်တာ အဲဒါနဲ့ကျွန်တော်ကဘာမှမဆိုင်ဘဲ အဆူခံလိုက်ရတယ်။
ဒီကြွက်ငဗျင်းမသားကိုဘယ်လိုဆုံးမရမလဲဝိုင်းစဉ်းစားပေးကြပါဦး။ ကျေးဇူးဆပ်ပါမယ်

အတိုလေးများ

စည်းကမ်းရှိကြသူများ

” လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး ”
” ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ ”


 အသင့်ပြင်

 "သမီး.....မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း" 
"ဘာလုပ်ဖို့လဲ မေမေ"
 "သမီးဖေဖေနဲ့ စကားပြောစရာရှိလို့"

ထင်တခြား

” တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှ လုယက် သွားတယ်ဆိုတာ ဟုတ်သလား “
” ဟုတ်ပါတယ် ၊ တရားသူကြီးမင်း “
” ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ “
” ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် ”






သိပြီလား

သိပြီလား စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။ လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။ ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။ "37............37............37" 
"ဘာလို့  37 လို့ အော်နေရတာလဲ" လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
 "37............37............37" 
"ဘာလိုအဲဒီလိုအော်နေကြတာလဲ" လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။ "ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.." 
လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။ အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။ ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။ 
"38.............38.............38"

Wednesday, May 16, 2012

တိုတိုလေးများ

လှုပ်မရလို့

ကျောင်းက ပြန်လာတဲ့ သားဖြစ်သူကို အမေက မေးသည် - 
အမေ ။ ။ ဒီနေ.ကျောင်းမှာကောင်းကောင်းနေခဲ့ရဲ.လား ။ 
သား ။ ။ ဟုတ်ကဲ့ပါမေမေ ။ 
အမေ ။ ။ ဘာပြသနာ လုပ်ခဲ့သေးလဲ ။ 
သား ။ ။ မလုပ်ခဲ့ပါဘူး မေမေ ။ 
အမေ ။ ။ ဒါဆို မင်းဘယ်သူ.ကိုမှ အနှောက်အယှက်မပေးခဲ့ဘူးပဲ ငါ့သားလေး လိမ်မာ လာပြီ ။ 
သား ။ ။ ဘယ်ပေးနိုင်ပါ့ မလဲ မေမေရယ် သားက တစ်ချိန်လုံး အတန်းထောင့်မှာ မတ်တပ်ရပ်နေခဲ့တာလေ ။ ......:P


 တွေ့ပြီ

 ဘဲဥ သူငယ်ချင်းနဲ. ဆုံတုန်း အာလာပသလာပ စကားပြောနေကြသည်-
ဘဲဥ ။ ။ နွေရာသီတုန်းက ငါ့နာရီ ကျပျောက်သွားတာလေကွာ မင်းမှတ်မိသေးတယ်မလား ။
သူငယ်ချင်း ။ ။ အေး မှတ်မိတယ်လေ ၊ ဘာလို.လဲ ။
ဘဲဥ ။ ။ အေးကွ မနေ.က ငါအနွေးထည် အကျီင်္ ကို စစ်ကြည့်ရင်းနဲ. တွေ.ပြီက ဟားဟား ။
သူငယ်ချင်း ။ ။ နာရီလား ။
ဘဲဥ ။ ။ မဟုတ်ဘူး ထွက်ကျတဲ့ အပေါက် လေ ။

လိုသေးလို့လား

အားကစားကွင်းထဲမှာ တနေ့ မောင်ဘဲဥ နဲ ကိုတိမ်ဝက်တို့ ၂ယောက်  ဆုံတုန်းလေး သူများမကောင်းကြောင် ကိုယ့်ကောင်းကြောင်လေး ပြောနေတုန်းပေါ့
ဘဲဥ ။ ။ ဒီကောင်တွေဘာလို. ဒီလောက်မြန်မြန် ကြီးပြေးနေတာလဲ ကွ ။
တိမ်ဝက်  ။ ။ ပထမ ဆုံးပန်းဝင်တဲ့သူက ဆုရမှာလေကွာ ၊ ဘာလဲ မင်းက ၀င်ပြိုင်ချင်လို.လား ။
ဘဲဥ ။ ။ မဟုတ်ပါဘူးကွာ ......ငါစဉ်းစား နေတာ ကွ ၊ ပထမဆုံးပန်းဝင်တဲ့သူပဲ ဆုပေးမှာကို ကျန်တဲ့ကောင်တွေက ဘာလို. လိုက်ပြေးနေသေးလဲလို.ပါ ။
တိမ်ဝက်။။ တိန်..............

ရက်ရောသူကြီး

ရှေ.နေကြီး
အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှ
ထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။်  ကိုယ်စားလှယ် တစ်ဦးကို
ရှေ.နေကြီး ဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
" လူကြီးမင်းဟာ ...ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေ
မထည့်နိုင်ဘူးလား ခင်ဗျာ။"

ရှေ.နေကြီးက ပြန်ပြောသည်။
"ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး
မနက်ဖြန် တဘက်ခါ သေတော့မယ်ဆိုတာ ခင်ဗျားသိသလား"
ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။

" ကျနော် တောင်းပန်ပါတယ်။ ကျနော် ...ဒါတွေကို ဘာမှ မသိပါဘူး"
ရှေ.နေကြီး ဆက်ပြောသည်။
"စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက
မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
အဲဒါကော ခင်ဗျားသိသလား။"

" ကျနော် အထူးတောင်း...တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး"
အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။
" ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ
ကြွေးတွေ ပတ်လည် ၀ိုင်းပြီး ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် "
" ဘုရား...ဘုရား သနားစရာပါလား ခင်ဗျာ "
ရှေ.နေကြီး စကားကို အဆုံးသတ်သည်။
" အေး... အဲဒါတောင် သူတို.ကို ခုချိန်ထိ ကျုပ် တစ်ပြားတစ်ချပ်မှ
မပေးခဲ့ရင် ခင်ဗျားတို့ကိုတော့ ကျနော် ပေးမှာပဲလို. ဘာလို.ထင်ရတာလဲဗျ ... ဟင် "

လူကြီးစီး

တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..
ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…
Are u crazy?
အာ ယူ ကလေးစီး… တဲ့....
ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး
This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း
 
လူကြီးစီး.......လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….

ကောင်းရော


ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ

အင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်
သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..ခင်တဲ့ ဂိုက်တွေကလဲ
သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ
ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော…..
အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…
ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….
အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..
How much is it? (ဘယ်လောက်လဲ)
It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…
Oh… very Expensive….
အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလိုက်တာက…
မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….
 
-----------
တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…
Where is toilet? ဆိုတော့…
အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…
This way… you go. You go and ကွေ့ ...... ကွေ့ go         ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…
 
သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့

ရှမ်းဘုန်းကြီး

ဟိုးးရှေးးရှေးးတုန်းကပေါ့....ှမ်းဘုန်းကြီး တစ်ပါး ဟာ ကျေးတောရွာ လေး တစ်ရွာကို အလည်ကြွလာခဲ့တယ် ။ ရေလမ်းခရီးကပေါ့ ။ ကြွလာခဲ့တော့ ဘုန်းဘုန်းက ရွာသူရွာသားတွေရဲ့ စကား အသုံးအနှုန်းတော့ လေ့လာဥိးမှပဲ ဆိုပြီးတော့ ။ အဲ့မှာလာကြိုတဲ့ ဒကာ တစ်ယောက်ပါတယ် ။ ရွာလေးကို ချောင်းရိုးအတိုင်း စုန်ဆင်းလာရင်းနဲ့ .ဘုန်းဘုန်းက ချောင်းရိုးရဲ့ ဟိုဘက်မှာ ရှိတဲ့ ကမ်းစပ်က သောင်ပြင် လေးကို သွားတွေ့ တယ်.။ သွားတွေ့ တော့ သူကို့ လာကြိုတဲ့ ဒကာကြီးကို မေးတာပေါ့ ။ အဲ့သောင်ပြင်ကို ဘယ်လို ခေါ်လဲဆိုပြီးတော့ ။အဲ့ဒါနဲ့ ဒကာ ကြီးက ပြန်ဖြေတယ် ။ မှန်ပါ့ဘုရား အဲ့ဒါ လတာပြင် လို့ ခေါ်ပါတယ်ဘုရားပေါ့ ။ အဲ့ဒါ နဲ့ လာလိုက်လိုက်တာ ..ချောင်းရိုး ဟိုဘက်ကမ်းမှာ ရှိတဲ့ ..အပင် လေးတွေ ကိုသွားတွေ့ ပြန်ရော ။ ဘယ်လိုခေါ်သလဲ မေးလိုက်ပြန်တော့ ... မှန်ပါ့ဘုရား လမုတော ပါတဲ့ ပြန်ဖြေတယ် ။ ဒီလိုနဲ့ လာလိုက်တာ ချောင်းရိုး မှာ ခွေးသေကောင် တစ်ကောင်သွားတွေ့ တယ်။ ခွေးသေကောင်ပေါ်မှာလည်းအကောင်တစ်ကောင် နားနေတယ်။ အဲ့အကောင်ကို ဘယ်လိုခေါ်လဲလို့ မေးပြန်တော့ ... လဒ ကြီး ပါ ဘုရားလို့ ပြန်ဖြေတယ်။ အဲဒါကြောင့် ဘုန်းဘုန်းက ဒီရွာက ရွာသူရွာသားတွေဟာ စကား ပြောရင် အရှေ့ မှာ "လ" ဆိုတာကို ထည့်ထည့်ပြောတာ သတိထားမိသွားတယ်။ ဒါနဲ့ ရွာရောက်ပြီး ဘုန်းဘုန်း ဆွမ်းစားတဲ့ အချိန်လည်းရောက်လာရော ..ဘုန်းဘုန်းက စကား တစ်ခွန်းပဲ ရွာသားတွေကို ပြောလိုက်တယ်......... ကဲ ...ဘာလဲဆိုတာကတော့ `ဒီမှာ လဒကာ လမွန်းတည့်တော့မယ်လကွာ လဆွမ်းကပ်တော့လကွာ ..... လဒကာကြီးရာ ´ ဟူသတည်း ။

အကြံကောင်း

တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့ မယ်သီလရှင်တို့ရှိကြတယ်။ မယ်သီလရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။ သင်္ချား နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့ စက္ကန့် ၃ဝရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး? လောဂျစ်း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။ သင်္ချား ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ? လောဂျစ်း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်.. သင်္ချား မရတော့ဘူးထင်တယ်။ လောဂျစ်း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။ သင်္ချား ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း ငါတို့ကို သူမီနိုင်တယ်။ လောဂျစ်း တစ်ခုတည်းသော ယုတ္တိတန်တဲ့နည်းက ငါတို့လမ်းခွဲပြီး ပြေးကြဖို့ပဲ။ နင်ဟိုဖက်ကသွား၊ ငါဒီဖက်ကသွားမယ်။ နှစ်ယောက်လုံးကို သူဖမ်းမှာတော့ မဟုတ်ဘူး။ ဒီလိုနဲ့ မင်္သကာစရာယောက်ျားက လောဂျစ်နောက် ဆက်လိုက်သွားခဲ့တယ်။ သင်္ချာကကျောင်းကို ချောချောမောမော ရောက်သွားခဲ့ပေမယ့်လောဂျစ်ကို စိတ်ပူနေခဲ့တယ်။ ခဏကြာတော့ ကျောင်းပေါက်ဝကို လောဂျစ်ရောက်လာခဲ့တယ်။

သင်္ချား အိုး.. ဘုရားသခင် ကျေးဇူးတင်လိုက်တာ နင်ပြန်လာပြီ! ဘာတွေဖြစ်ခဲ့လဲ ငါ့ကို မြန်မြန်ပြောပါဦး!

လောဂျစ်း အင်း... နှစ်ယောက်လုံးနောက် သူမလိုက်နိုင်တော့ ငါ့နောက်ကို ယုတ္တိရှိရှိ သူလိုက်ခဲ့တယ်။

သင်္ချား အဲဒီနောက် ဘာဖြစ်လဲ!

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ အားကုန်ပြေးတယ်။ သူအားကုန်လိုက်တယ်။

သင်္ချား ပြီးတော့ရော?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို သူဖမ်းမိသွားတယ်။

သင်္ချား ဘုရားသခင်! နင့်ကို သူဘာလုပ်လိုက်လဲ?

လောဂျစ်း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုက ငါ ဂါဝန် မ,လိုက်တယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီလူရော!

လောဂျစ်း သူလဲ ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တယ်။ သူ သူ့ဘောင်းဘီကိုဆွဲချတယ်။

သင်္ချား ဘုရား.. ဘုရား.. အဲဒီနောက်?

လောဂျစ်း အဲဒီနောက်.... ဂါဝန်မ,ထားတဲ့ သီလရှင်တစ်ယောက်က ဘောင်းဘီဆွဲချထားတဲ့ ယောက်ျားတစ်ယောက်ထက် ပိုအပြေးမြန်ခဲ့တယ်လေ။ ကဲ ယုတ္တိမတန်ဘူးလား! ခုနားက နင် လျှောက်တွေးနေတယ် မဟုတ်လား! "အာမင်" လို့ မြန်မြန်ရွတ်လိုက်...

ဝါသနာ

တရားခွင်တွင်ဖြစ်သည်။
 “ဒီလူ ရှူးဖိနပ်ကြိုးချည်နေတုန်းမှာ ဘာအကြောင်းကြောင့်သူ့ကို မင်းကန်ရတာလဲ၊ မင်းဟာ လမ်းပေါ်လျှောက်သွားနေပြီး လူတွေရှူးဖိနပ်ကြိုးကုန်းချည်နေတာတွေ့ရင် နောက်ကနေလိုက်ကန်နေတယ်လို့ ရဲအရာရှိကပြောတယ်၊ ဘာဖြစ်လို့မင်းအဲဒီလိုလုပ်ရတာလဲ”
“တရားသူကြီးမင်းခင်ဗျာ၊ လူတစ်ယောက်မှာ ၀ါသနာတစ်မျိုးတော့ ရှိတတ်ပါတယ်”

ခေါင်းမာသောမြင်း

အလွန်နာမည်ကြီးသော စာရေးဆရာတစ်ယောက်ရူးသွားသည်။ သို့သော် ယခု သူပြန်လည်ကောင်းမွန်လာမည့်မျှော်လင့်ချက်များ ရှိနေဟန်တူသည်။ သူ့အခန်းထဲမှ လက်နှိပ်စက်တွင် ထိုင်ပြီး ၀တ္ထုတစ်ပုဒ်ရိုက်နှိပ်နေသည်။ ၃ လကြာပြီးနောက် ၀တ္ထုပြီးစီးသွားကြောင်း ကြေငြာပြီး ၄င်းကို စိတ်ရောဂါအထူးကုဆရာဝန်ကြီးထံ ယူဆောင်သွားသည်။ ဆရာဝန်ကြီးက ယူ၍ဖတ်ကြည့်သည်။
“ဂျင်နရယ်ဂျုန်းသည် သူ၏မြင်းကြီးပေါ်သို့ ခုန်တက်ပြီး အော်လိုက်သည်။
“သွားစမ်း၊ သွားစမ်း၊ သွားစမ်း၊ သွားစမ်း .... ”
စာမျက်နှာအားလုံးကိုလှန်ကြည့်ပြီးနောက် ဆရာဝန်က
“ဘယ်နှယ့် စာမျက်နှာအားလုံးမှာ သွားစမ်း သွားစမ်းတွေကလွဲပြီး ဘာမှ မရှိပါလား၊”
စာရေးဆရာက ပြန်ပြောသည်။
“ဟုတ်တယ်၊ ဒီမြင်းက ခေါင်းမာတယ်”

ဂုဏ်ပြုခြင်း

တစ်ခါက သွားဆရာဝန် တစ်ယောက်နာရေးတစ်ခုဖြစ်ပါလေရော... သူ့နာရေးကို သူ့လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေကလဲ လိုက်ပို့ကြတာပေါ့ ။ တစ်ခုထူးခြားတာက သူ့အခေါင်းပေါ်မှာ သွားတုကြီးတစ်ခုတင်ထားသတဲ့ ။ အဲ.... အကြောင်းမသိတဲ့ ဆရာဝန်တစ်ယောက်ကမေးတာပေါ့ ဗျာ...
သူ့အခေါင်းပေါ်ဘာလို့ သွားတုကြီးတင်ထားပေးတာလဲပေါ့ ။ သူမိသားစုကဖြေပါတယ် .. 

`သူက သွားဆရာဝန် ဆိုတော့ သူကုပေးတဲ့ လူနာတွေက
သူ့ကို ဂုဏ်ပြုသောအားဖြင့် သွားတုကြီးတင်ပေးထားတာပါ´ တဲ့ ။ အဲလိုလဲ ကြားကော... အဲဒီဆရာဝန်က တစ်နေရာကိုငေးပြီး စဉ်းစားနေသတဲ့ ။
အဲဒါကိုသူ့ သူငယ်ချင်းဆရာဝန်တစ်ယောက်က မြင်သွားပြီး 

`ဟေ့ကောင်.... ဘာတွေစဉ်းစားနေသလဲ´ လို့မေးတာပေါ့ ။ အဲဒီတော့ ဆရာဝန်က ပြန်ဖြေပါသတဲ့။ 
´ဟို `သွားဆရာဝန်´ သေတော့သွားတုတင်ပေးပြီးဂုဏ်ပြုတယ်တဲ့ ... ငါက သားဖွားမီးယပ်နဲ့ လိပ်ခေါင်းအထူးကုကွ ... ငါသေရင်ကော ဘယ်လိုဂုဏ်ပြုကြမလဲ မသိပါဘူး´ တဲ့ဗျာ......

ချစ်သူ့လက်ဆောင်

လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစရည်းစားအသစ်စက်စက်လေး တစ်ယောက်ရှိတယ်။
သူ့အသည်းလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေး
ရင်
ကောင်းမလဲလို့ အသည်းအသန်စဉ်းစားရပါတော့တယ်။
သူ့အချစ်လည်း ပေါ်လွင်ရမယ်သူမအတွက်လည်း အသုံးဝင်ရမယ်။
အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။ ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံ ၀ယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။
မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်၊ ဆယ်ကျော်သက် လှလှလေးပါပဲ။
ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။
ချစ်သူ့ညီမလေးကအောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။
ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက လက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပြီးစာတိုက်က ပို့လိုက်တယ်။စာကတော့…

အသည်းလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ
လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာကိုယ်သတိပြုမိလို့ပဲ။
ကိုယ်က နှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။ မင့်ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့ တိုက်တွန်းတယ်။
ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင်ဝတ်ပြချွတ်ပြသေးတယ်
အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်းရေဆေးရုံနဲ့ ပြောင်ကြောင်း အာမခံတယ်လေ။
ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာမြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ နမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…
အသည်းလေးရဲ့
အသေချာဆုံး
from forward mail

သဘောကျခြင်းများ

တစ်နေ့  ဂျယ်နီနဲ့ ဆရာမတို့ နှစ်ယောက် ပန်းခြံထဲမှာရောက်နေတယ်....။ဆရာ
မက ဂျယ်နီကို ညဏ်စမ်းမေးခွန်း တစ်ခုမေးလိုက်
တယ်။ဆရာမက- “ဂျယ်နီ...ဟိုကသစ်ပင်ပေါ်မှာဌက်(၃)ကောင်ရှိတယ်။အဲဒီ့ ထဲက ဌက်တစ်ကောင်ကို
သေနတ်နဲ့ ပစ်ရင်ဌက် ဘယ်နှကောင်ကျန်မလဲ........။”

ဂျယ်နီ - “ အင်း....တစ်ကောင်မှမကျန်ပါဘူးဆရာမ၊ ဘာလို့ လဲဆိုတော့ သေနတ်သံကြောင့်
ကျန်တဲ့ ဌက်နှစ်ကောင်လည်း ထပျံသွားလို့ ပါ။”
ဆရာမ - “မှားပါတယ်...အဖြေကဌက်နှစ်ကောင်ကျန်ပါတယ်။ဒါပေမယ့်  မင်းဖြေတဲ့ အဖြေကို သဘောကျတယ်။”

x x x x x x x

နောက်တစ်နေ့ မုန့် စားဆင်းချိန်ရောက်တော့ ဂျယ်နီနဲ့ ဆရာမ တို့ ပန်းခြံထဲရောက်လာခဲ့ ပြန်တယ်။ဂျယ်နီက ဆရာမကို
ညဏ်စမ်းမေးခွန်းတစ်ခုကိုမေးလိုက်တယ်။
ဂျယ်နီ - “ ဆရာမ.......ဟောဟိုမှာထိုင်ပြီး ရေခဲမုန့် စားနေတဲ့ အမျိုးသမီးသုံးယောက်ကိုတွေ့ လားဗျ။ပထမတစ်ယောက်က ရေခဲမုန့် ကိုဘေးက
နေ ပြီးလျှက်နေတယ်..။နောက်တစ်ယောက်ကကျတော့ ရေခဲ မုန့် ကို ကိုက်စားနေတယ်...။တတိယတစ်ယောက်ကကျတော့ရေခဲ မုန့် ကို အပေါ်ကနေပြီး
အားရပါးရစုပ်နေတယ်။အဲဒီထဲက ဘယ်အမျိုးသမီးဟာ.......အိမ်ထောင်သည်ဖြစ်နိုင်မလဲ။”

ဆရာမ - “ အင်း...အဲ..ဟို... ရေခဲမုန့် ကို အပေါ်က နေပြီးအားရပါးရစုပ်နေတဲ့ အမျိုးသမီးက အိမ်ထောင်သည်ဖြစ်မှာပေါ့....။”

ဂျယ်နီ - “မှားပါတယ်.....။အဖြေက စေ့စပ်လက်စွပ်ဝတ်ထားတဲ့ သူသာ အိမ်ထောင်သည်အမျိုးသမီးပါ။ ဒါပေမယ့် ....ကျွန်တော် ဆရာမဖြေတဲ့ အဖြေကိုသဘောကျတယ်....။

from forward mail

မှတ်ဥာဏ်သင်တန်း

မှတ်ဥာဏ်သင်တန်း တက်ထားလို.

သူငယ်ချင်းများ ဖြစ်ကြသော ဇနီးမောင်နှံစုံတွဲ နှစ်တွဲတို.သည် အားလက်ရက်များတွင် ဖဲကစားလေ့ရှိကြသည် ။ တစ်နေ.တွင် ထိုသို. ဖဲကစားနေရာမှ ခေတ္တခဏ နားကြသည် ။ ထိုအချိန်တွင် ဇနီးဖြစ်သူတို.က မီးဖိုခန်းထဲသွားကြပြီး စားစရာ သောက်စရာများ သွားပြီးပြင်ဆင်လုပ်ကိုင်နေကြသည် ။ ထိုအခါ သူငယ်ချင်းဖြစ်သူ ဂျိုး က ဖရန်.ကို မေးသည် ။
" နေစမ်းပါဦး ကွ ၊ ခါတိုင်း ဖဲကစားရင် မင်းက ဘယ်ဖဲတွေ ပစ်ထားတယ်ဆိုတာ မင်းအမြဲတမ်းမေးနေရတယ်၊ ဒီနေ.တော့ မင်း တစ်ခါမှ မမေးပါလား ၊ ဘယ်လို ဖြစ်တာလဲ ။"
 " ငါလား ၊ မှတ်ဥာဏ်သင်တန်း တက်နေတယ်လေကွာ "
" ဟုတ်လား ၊ မင်း သင်တန်းကျောင်းနာမည်က ဘာလဲကွ "
" နေပါဦးကွာ ၊ ဟိုပန်းဟာလေ ၊ ပန်း အနီလေကွာ ၊ ဘာပန်း ခေါ်လဲ ၊ နေစမ်းပါဦး ၊ ဆူးတွေလဲပါတယ်လေ
" " ရို.စ် လား " " အေး အေး ၊ ဟုတ်တယ် ၊ ရို.စ် ၊ ဟေးးးး ရို.စ် " မီးဖိုခန်းထဲရှိ ဇနီးကို လှမ်းခေါ်ပြီး မေးလိုက်သည် ။
" ငါတက်နေတဲ့ မှတ်ဥာဏ်သင်တန်းကျောင်း နာမည်က ဘာတဲ့လဲကွ "

တိုတိုလေးများ


သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "



အံကျပဲ

 " မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊ ၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ "
" အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ... "



မလိမ်နဲ့

လူစကားပြောတတ်သော ကြက်တူရွေးကို လူတစ်ယောက်
ဝယ်လာသည်။ အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
လူ-“ငါပြောတဲ့အတိုင်း
လိုက်ပြောစမ်း။ ကျွန်တော်လမ်းလျှောက်နိုင်ပါသည်။” ကြက်တူရွေး-“ကျွန်တော်လမ်းလျှောက်နိုင်ပါသည်”
လူ-“ကျွန်တော်စကားပြောနိုင်ပါသည်”
ကြက်တူရွေး-“ကျွန်တော်စကားပြောနိုင်ပါသည်”
လူ-“ကျွန်တော်ပျံနိုင်ပါသည်”
ကြက်တူရွေး-“ဒါကတော့ လိမ်တာပဲ”

စောလွန်းတယ်

အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။ ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
" မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ "
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
" ကျွန်တော် ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာပူဆွေးမှုကိုတော့ ၀င်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့ နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊ ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊ မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ "
" ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ "
" အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ "
" သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ "

အန္တရာယ်စာအုပ်

ယောက်ျားဖြစ်သူ အလုပ်မှ ပြန်လာသည်။ တစ်အိမ်လုံး ဗြောင်းဆန်နေသည်။ မိန်းမဖြစ်သညူ
တစ်စုံတစ်ခုကို သည်းသည်းမဲမဲ ရှာနေသည်ကို တွေ့ရသည်။ သို့နှင့် မေးသည်။
"မိန်းမရေ၊ မင်းဘာ ရှာနေတာလဲကွ။ ငါ ကူရှာပေးရအောင်"
"တလောက ကျွန်မ ဝယ်လာတဲ့ စာအုပ်ပျောက်နေလို့"
"ဘာစာအုပ်လဲ"
"အသက်ရှည်နည်းစာအုပ်"
"ရှာမနေနဲ့၊ ငါ မီးရှို့လိုက်ပြီ"
"ဘာပြောတယ်။ မီးရှို့လိုက်တယ် ဟုတ်လား"
"ဟုတ်တယ်"
"ဘာဖြစ်လို့လဲတော့"
"မင်းအမေ စိတ်ဝင်တစား ဖတ်နေတာကို တွေ့လို့"

အားနာတတ်သူ

ပြင်ဦးလွင်ရှိ သူငယ်ချင်းဖြစ်သူထံတွင် မောင်ဘဲဥ နှစ်လကြာ လာရောက်တည်းခိုသည်။
နောက်ဆုံး မောင်ဘဲဥ ပြန်မည့်ရက်သို့ ရောက်လာသည်။ အိမ်ရှင် သူငယ်ချင်းက
မောင်ဘဲဥ ကို ဘူတာရုံထိ လိုက်ပို့သည်။ ရထားထွက်ရန် နှစ်နာရီခန့် လိုနေသေးသဖြင့်
နှစ်ယောက်သား စားသောက်ဆိုင်ဝင်စားကြသည်။ စားသောက်ပြီးစီးသောအခါ သူငယ်ချင်းက
ငွေချေရန်အတွက် ပိုက်ဆံအိတ်ကို နှိုက်သည်။ မောင်ဘဲဥ သူ့ကို တားသည်။
"မလုပ်ပါနဲ့ဗျာ။ ခင်ဗျားအိမ်မှာ ကျွန်တော် နှစ်လတိတိ နေထိုင်စားသောက်ခဲ့တယ်။
ခင်ဗျားတို့ မိသားစုတစ်ခုလုံး မငြိုမငြင်နဲ့ ကျွန်တော့ကို ပြုစုခဲ့ကြတယ်။ ဒီတစ်ခါတော့
ကျွန်တော်တစ်ဝက်ပေးပါရစေ"
တော်တော် တက်နိင်တဲ့ ဘဲဥ

စီးပွားရေးသမား

ကတ်စပါ တယောက် စင်္ကာပူသို့ အလည်ရောက်ရှိလာသည်။ တစ်မြို့တည်းနေ သူငယ်ချင်းများက စင်္ကာပူ
အတွေ့အကြုံကို ပြောပြရန် တောင်းပန်ကြသည်။ ကတ်စပါ စပြောသည်။
"ကျွန်တော် သွားတည်းတဲ့ ဟော်တယ်မှာ အခန်းခ ဒေါ်လာ ၂ဝဝ- တောင် ပေးရတယ်"
"အင်း၊ နည်းတဲ့ ငွေ မဟုတ်ပါလား။ ဒါပေမယ့် စိတ်ဝင်စားစရာ နေရာတွေတော့
ရောက်ခဲ့မှာပေါ့"
"ဘယ်မှ မရောက်ခဲ့ဘူး။ ဒီလောက် ဈေးကြီးပေးတဲ့အခန်းကို အပြည့်အဝ အသုံးချမယ်လို့
ဆုံးဖြတ်ပြီး တစ်ပတ်လုံးလုံး ဘယ်ကိုမှ မထွက်ဘူး။ ဘယ် အရှုံးခံနိုင်မလဲ။ မဟုတ်ဘူးလား"
အော် အော် သိပ်တော်တဲ့ ကတ်စပါ ပါလားနော် :P

ရွှေ ရွှေခြင်းထပ်

လူစီးရထားတွဲပေါ်တွင် ဖြစ်သည်။ ရထားတွဲတစ်ခုလုံး ခရီးသည်များ ၎င်းတို့၏ ပစ္စည်းများဖြင့် ခြေချစရာ နေရာလွတ်မရှိအောင် ပြွတ်သိပ်နေသည်။ လက်မှတ်စစ်က လက်မှတ်များကို လိုက်လံစစ်ဆေးသည်။ ပစ္စည်းပုံးများကြားတွင် ပုန်းနေသော အသက် ၅၀ အရွယ်ခန့် ပိန်ပိန်သေးသေး လူကြီးတစ်ဦးကို တွေ့ရသည်။ ကြောက်ကြောက်လန့်လန့်နှင့် လူကြီးကပြောသည်။ "ဦးဟာ.. မရှိဆင်းရဲသားပါ... မောင်ရင်ရယ်... လက်မှတ်ဝယ်ဖို့ပိုက်ဆံမရှိပါဘူး.. တစ်ဖက်ရွာမှာ ဦးရဲ့သမီး ဒီနေ့မင်္ဂလာဆောင်မယ်.. အဲဒီကိုသွားချင်လို့ ဒီနေ့မရောက်ရင်မဖြစ်လို့ပါ... ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်ရအောင် ဦး ငြိမ်ငြိမ်လေး နေပါ့မယ်.." လက်မှတ်စစ်သည်. သဘောကောင်းပုံရသည်.. ထို့ကြောင့် ဘာမှမပြောဘဲ ကျန်ခရီးသည်တို့၏ လက်မှတ်များကို ဆက်စစ်သည်။ ထောင့်တစ်နေရာတွင်.. ကုပ်ကုပ်ကလေးထိုင်နေသော အရပ်ပုပု ပိန်ပိန် လူငယ်တစ်ယောက်ကို တွေ့ရသည်။ လက်မှတ်စစ်က ၎င်းအနားရောက်သောအခါ လူငယ်၏ မျက်နှာသည် ကြောက်စိတ်ဖြင့် ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ ၎င်းတွင်လည်း လက်မှတ်မရှိချေ.... "ခင်ဗျားဘယ်ကိုသွားမလို့လဲ" "ကျွန်တော်က သတို့သားပါ" ဟု လူငယ်က တိုးတိုးလေး.. ပြောသည်။...

မာစတာကီး

စကားဝိုင်းတစ်ခုမှာပေါ့။... အလွန်စကားပြောကောင်းတဲ့ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် နဲ့စကားပြောမိကြပါလေရော...
မိန်းမ           ။     ။ ရှင်တို့ယောကျာ်းတွေဟာလေ.. ကောင်းကိုမကောင်းဘူး။ ဘာတဲ့ .... ယောကျာ်းလေးတွေ မိန်းကလေး   တွေနဲ့ပူးပူးကပ်ကပ်ရင်းရင်းနှီးနှီး နေတော့ ရှင်တို့ကိုယ်ရှင်တို့ စော်ကြည်တယ် လေး ၊ စွံတယ်လေးနဲ့။ မိန်းကလေး တွေက ယောကျာ်းလေးတွေနဲ့
     ပူးပူးကပ်ကပ် ရင်းရင်းနှီးနှီး နေတော့ မိန်းမပျက် ကလေးဘာလေးနဲ့ ။ ရှင်တို့ က မတရားဘူး ..။

ယောကျာ်း ။  ။အော်...အမိရယ်ကျွန်တော်ဥပမာတစ်ခုပြောပြမယ်။ သော့တံတစ်ခုဟာသော့ခလောက်မျိုးစုံကို ဖွင့်နိုင်ရင်    အားလုံးက `မာစတာကီး´ (master key) ရယ်လို့လက်ခံကြတယ် ။သော့ခလောက်တစ်ခုကိုသော့ ပေါင်းစုံ က  ဖွင့်နိုင်  တယ်ဆိုရင် အဲဒီ    သော့ခလောက်ကို`အပျက်ကြီး´ ဆိုပြီးပြောကြတယ် ။   အဲ..... ယောကျာ်းနဲ့မိန်းမနဲ့   ကွာတယ်ဆိုတာ အဲလိုပါပဲတဲ့ ။       

အိုင်အမ် ဆောဒီး

တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်ချင်တုန်းက ပေါ့ ။
အဲဒီဘုရင်ကြီးဟာ.... လူစွမ်းကောင်းတွေကို ဆိုအရမ်းတန်ဖိုးထားတတ်တယ် ။ တစ်နေ့လဲကြကော.... ဘုရင်ကြီးကသူ့လေးသည်တော်တပ်ကို ဦးဆောင်ပေးဖို့ဆိုပြီး သူ့တိုင်းပြည်မှာအတော်ဆုံးလေးသည်တော်တွေကိုရွေးဖို့ပြင်သတဲ့ ။ ဘယ်လိုရွေးကြမလဲ စဉ်းစားရင်းနဲ့ ဘုရင်ကြီးက စိတ်ကူး တစ်ခုရလိုက်မိတယ် ။ သူရွေးမယ့်ပုံက လဲဆန်းသဗျ။ သူ့ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ထားမယ် ။ သူ့ခေါင်းပေါ်က ပန်းသီးကို ထိအောင်ပစ်နိုင် ရင်သူကိုယ်တိုင်သူကောင်းပြု ချီးမြင့်မြောက်စားမယ်ပေါ့ဗျာ..။ အဲလိုနဲ့ရွေးကြရောပေါ့ဗျာ... ။ လေးသည်တော်တစ်ယောက်က စပြီးပစ်လိုက်တယ် ..
ဘုရင်ကြီးခေါင်းပေါ်က ပန်းသီး အလယ်ကွက်တိကို စိုက်သွားပါလေရော ။ အဲဒါနဲ့လေးသည်တော်လဲ ၀မ်းသာအားရနဲ့ကြွေးကြော်လိုက်တယ် ။
         I am Robin Hood ....... တဲ့
အဲ... ဒုတိယလေးသည်တော် အလှည့် .... ။ သူကလဲ ပန်းသီးကို နှစ်ခြမ်းကွဲသွား အောင်ပစ်လိုက်နိုင်တယ်ဗျ။ သူလဲကြွေးကြော်တယ် ....
         I am Hercules ...... ပေါ့လေ။
ဒီလိုနဲ့ တတိယလေးသည်တော်အလှည့် ...။ သူ့အလှည့်လဲ ပစ်ကော ပန်းသီးကို မထိပဲ ဘုရင်ကြီးနဖူးတည့်တည့်မှန်ပြီး ဘုရင်ကြီး မာလကီးယားပါလေရော။ အဲဒီတော့ သူကလဲ ကြွေးကြော်တယ်ဗျ။ သူကြွေးကြော်ပုံက .....
       I am sorry ....  တဲ့ဗျာ..

မယက များ

ပထမဆုံးသူငယ်ချင်းက အတော်ရိုးတယ် တက္ကသိုလ်ကျောင်းဆင်းတဲ့အထိ ရည်းစားမထားဖြစ်ဘူး ချေးများ တာလဲ ပါပါတယ်၊ အဲကျောင်းပြီးလို့ အလုပ်ဝင်လုပ်တော့မှ သူတို့အိမ်ကိုငှားနေတဲ့ မိသားစုထဲက ကောင်မလေး ကို သွားစိတ်ဝင်စားတာ၊ ကောင်မလေးက ဆယ်တန်းကို နှစ်ခါကျ အပြင်ဖြေပေါ့နော်။
ကျွန်တော့သူငယ်ချင်းကြီးကို ကောင်မလေးက နဲနဲပါးပါး အထင်တကြီးတော့ ရှိပါလိမ့်မယ်၊ အချိန်တိုတို အတွင်း ရည်းစားဖြစ်၊ သိပ်မကြာခင်မှာပဲ သည်ကောင့်နောက်ကို ကောင်မလေး လိုက်ပြေးသွားပါတယ်၊ သည်ခေတ်မှာ အိမ်ထောင်ပြုဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မဖြစ်နိုင်ဘူးလေ ထားလိုက်ပါတော့။

ယောက္ခမအိမ်တက် ချွေးမ မျက်နှာမငယ်ရလေအောင် သူငယ်ချင်းက သူ့ မိန်းမငယ်ငယ်လေးကို အတော်လေး အလိုလိုက်ရှာပါတယ်၊ ဒါပေမဲ့လေ အစ္စရေးနဲ့ ပါလက်စတိုင်းသာ ငြိမ်းချမ်းရေး ရချင်ရသွားမယ် ချွေးမနဲ့ ယောက္ခမ ဆိုတာ ကမ္ဘာဦးထဲက ညိခဲ့ကြတာလားမသိ၊ နေ့တိုင်း တစ်ဂျိန်းဂျိန်း။
တစ်နေ့တော့ သူငယ်ချင်း အလုပ်သွားနေတဲ့အချိန် သူ့မိန်းမလေး အိမ်ပေါ်က ဆင်းသွားပါတယ်၊ ထုံးစံအတိုင်း ယောက္ခမနဲ့ ရန်ဖြစ်ပြီး သည်တစ်ခါတော့ မနေတော့ဘူးဆိုပြီး ဆင်းသွားတာပါ၊ ကံကဆိုးချင်တော့ ကျွန်တော် နဲ့ နောက်ထပ်သူငယ်ချင်း တစ်ယောက်ကလဲ အဲသည်နေ့မှ အဲသည့်သူငယ်ချင်းအိမ်ကို သွားလည်မိပါတယ်၊ သူငယ်ချင်းက ရုံးက ပြန်မရောက်သေးတော့ သူငယ်ချင်းရဲ့အမေကလဲ ကောင်မလေး ဆိုးတဲ့အကြောင်းတွေကို မျက်ရည်လည်ရွဲနဲ့ ပြောပြနေရှာပါတယ်။

သိပ်မကြာပါဘူး သူငယ်ချင်း အိမ်ကိုပြန်ရောက်လာပါတော့တယ်၊ အမေဖြစ်သူကို သူငယ်ချင်းက
“အမေ ငယ်လေးရော” (သူငယ်ချင်းက သူ့မိန်းမကို ငယ်လေး လို့ခေါ်ပါတယ်)
“နင့်မိန်းမ အိမ်က ဆင်းသွားပြီ”
“သိတယ် သိတယ် တစ်နေ့သည်လိုဖြစ်လိမ့်မယ်ဆိုတာ သိတယ်”
ကျွန်တော့သူငယ်ချင်းက ဗွီဒီယိုမင်းသား အိုက်တင်နဲ့ လက်နှစ်ဖက်ကို အပေါ်မြောက်ပြီး ပြောနေပါတယ်၊ ရုပ်ရှင်တို့ ဇာတ်ပွဲတို့ မကြည့်ဖြစ်တာကြာပြီဖြစ်လို့ ဗွီဒီယိုမင်းသားနဲ့ ယှဉ်ပြောလိုက်တာပါ၊
“အမလေး မွေးရကျိုးနပ်တဲ့ သားကြီး၊ နင် မကျေနပ်ရင် နင်ပါအိမ်ပေါ်က ဆင်းသွား”
“ဆင်းမှာပါ ဆင်းမှာပါ ကျွန်တော် ထမင်းအရင်စားလိုက်ဦးမယ် ပြီးရင် ချက်ခြင်းလိုက်သွားမှာပါ”
အဖွားကြီးလဲ ပါးစပ်လေး အဟောင်းသားဖြစ်သွားရှာပါတယ်၊ ကျွန်တော်တို့လဲ ငိုရအခက် ရယ်ရအခက် နောက်ဆုံး သူငယ်ချင်း အထုပ်လေးတွေကို ဝိုင်းဆွဲပေးရင်း အဖွားကြီးကို နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ် လမ်းရောက်တော့မှ သူငယ်ချင်းကို
“မင်းကလဲကွာ အိမ်ပေါ်ကဆင်းမှာကို ဘာလို့ ထမင်းစားနေရသေးတာလဲ”
အဲသည်ကျမှ သူငယ်ချင်းက ပြုံးလိုက်ပြီး
“ငယ်လေးချက်တဲ့ ထမင်းဟင်းကို ငါမပြောနဲ့ ငယ်လေးကိုယ်တိုင်တောင် မစားနိုင်ဘူးကွ” တဲ့။
အခုတော့လဲ ကလေးတွေ ဘာတွေရလာတော့ ရှေ့မျက်နှာနောက်ထား အာဖဂန် နဲ့ တာလီဘန်လို ညှိနှိုင်းရေး လုပ်ပြီး အတူတစ်ကွ ပေါင်းသင်းနေထိုင်ရေးကို ဖော်ဆောင်နေကြပါပြီ။

နောက်တစ်ယောက်ကျတော့ ရည်းစားမဟုတ်ဘူး အိမ်ကပေးစားတဲ့ မိန်းမကိုယူလိုက်တာ၊ အဲသည် သူငယ်ချင်း မိန်းမလေးကျတော့ တော်ရှာတယ် ပြောရမလားမသိ အိမ်တွင်းမှုလဲတော်တော်နိုင်တယ်၊ တစ်အိမ်လုံးအတွက် အကုန်သိမ်းကျုံးလုပ်ပေးတယ်၊ ဒါပေမဲ့ လူပဲလေ ကြာလာတော့ ကွိုင်လာတာပေါ့၊ အဖိုးကြီး အဖွားကြီးအတွက် ချက်ပြုတ်ပေးရတာ အပန်းမကြီးဘူးဆိုပေမဲ့ နောက်ချွေးမ တစ်ယောက်ပါရှိနေတော့ အဲသည် တစ်ယောက်ကို ကွိုင်တော့တာပေါ့၊ သူငယ်ချင်းကလဲ အစ်ကိုကြီးရဲ့မိန်းမလည်းဖြစ်ပြန်၊ တက္ကသိုလ်တက်တုန်းက ဆရာမလည်း ဖြစ်နေပြန်တော့ အားနာတာနဲ့ ကြားညပ်နေရှာတာပါ၊ တက္ကသိုလ်က ဆရာမဆိုတော့ မိုးလင်းကထွက် မိုးချုပ်မှ အိမ်ပြန်ရောက်တာ ကျူရှင်တွေဘာတွေပြရတာလဲ ပါတာပေါ့လေ၊ နောက်ပြီး ဆိုးတာလဲ မဟုတ်ပါဘူး ဝင်ငွေ မှန်သမျှ မိသားစုကြီးအားလုံး စားဖို့နေဖို့ အကုန်ပေးတာပါ မိန်းကလေးပီပီ ပြင်ပြင်ဆင်ဆင်တောင် သိပ်မရှိရှာပါ ဘူး၊ ဘာဘဲဖြစ်ဖြစ် သူငယ်ချင်းခမျာတော့ အနေကြပ်တာပေါ့လေ။

တစ်နေ့တော့ သူငယ်ချင်းနဲ့ သူ့မိန်းမ အကြီးအကျယ်စကားများကြပါတယ်၊ ဖြစ်ချင်တော့ ကျွန်တော်ကလဲ ခင်နေတော့ အဲသည်အိမ်ကို နေ့တိုင်းလိုလိုရောက်နေတာ၊ တားလို့လဲမရ၊ ကောင်မလေးကလဲ အိမ်ပေါ်က ဆင်းမယ်တကဲကဲလုပ်နေတယ်၊ အဲသည်မှာ သူငယ်ချင်းက
“သည်လောက်ဖြစ်တာ နင်ဆင်းချင်ရင်အခုဆင်းသွား”
သူငယ်ချင်းမိန်းမလေး မျက်နှာ ရဲကနဲဖြစ်သွားတယ်၊ သည်လိုပြောလိမ့်မယ်လို့ မျှော်လင့်မထားဘူးလေ၊ သူ့ ယောကျာ်းသူ့ကို ဘယ်လောက်ချစ် အဲ ကြောက်တယ်ဆိုတာသိတယ်၊ ချက်ခြင်း ကောက်ကနဲပဲ အိမ်ပေါ်က ဆင်းသွားတယ်၊ ကျွန်တော်လဲ မနေသာတော့ သူငယ်ချင်းကို
“ဟေ့ကောင် ထက်ခေါင် မင်း ဘယ်လိုပြောလိုက်တာလဲ”
“ရပါတယ်ကွာ သူလဲ ဘယ်အိမ်မှ သွားစရာမရှိပါဘူး သူ့မိဘအိမ်ပဲပြန်ရမှာ ငါ လမ်းထိပ်မှာ တက္ကစီမောင်းတဲ့ ကိုကိုကြီး (သူငယ်ချင်းပါဘဲ) ကြိုမှာထားပြီးသား သူတစ်ယောက်ထဲထွက်လာရင် သူ့ကိုအိမ်လိုက်ပို့လိုက်ဖို့”
အဲသည်အချိန်မှာ သူငယ်ချင်း အဖေရောက်လာပြီး
“အကောင်ငယ် မင်း အဝတ်အစားတွေ မြန်မြန်သိမ်း သည်မှာ ပိုက်ဆံ မင်းမိန်းမအိမ်မှာ သိပ်အကြာကြီး မနေနဲ့ လေးငါးရက်လောက်နေရင် တူတူပြန်လာခဲ့ ဟုတ်လား”
သူငယ်ချင်းက ကျွန်တော့ကို ပြုံးပြုံးလေး မျက်စောင်းထိုးပြီး ကြည့်လိုက်ပါတယ်။
သည်တစ်ခါ ကျွန်တော် ပါးစပ်အဟောင်းသား။

သူများတွေ အကြောင်းတော့ ပြီးသွားပြီ ကျွန်တော့ အကြောင်းရော သိချင်ကြပါသလား၊
ကျွန်တော်က သူတို့ထက် ပိုကြောက်တယ်၊ ကိုယ့်ဘက်ကိုယ်ဆွဲပြောရင် ပိုများချစ်လို့လားမသိပါ။

အဖြစ်ဆိုးတဲ့သူခိုး

အဖြစ်ဆိုးတဲ့သူခိုး.....

စခန်းမှုးက သူခိုးကိုမေးတယ်
"မင်းကို ဘယ်အိမ်မှာဝင်ခိုးတုန်းဖမ်းမိတာလဲ"
သူခိုးအဖြေကြောင့်စခန်းမှုးရော ရဲသားတွေပါ ပြိုင်တူရယ်မိပါတယ်
သူဖြေပုံက
"ကျွန်တော်ကိုက ကံဆိုးတာပါဆရာတို့ရာ...
အမှန်အတိုင်းပြောရင် ကျွန်တော်ဘာမှမခိုးရသေးပါဘူး...
ခိုးမလို့ကို ကျွန်တော့်အိမ်မှာကျွန်တော်ပြင်ဆင်နေတုန်း..
ဘယ်ကမှန်းမသိတဲ့ အမှုးသမားတစ်ယောက်က အိမ်ထဲကိုဝင်လာပြီး
သူခိုးဗျို့.....သူခိုး...
လို့အော်လို့ အခုလိုမိလာတာပါဆရာရယ်"
ဆိုပြီး ငိုသံပါကြီးနဲ့ပြောလိုက်ပါတော့တယ်။

အဖြေမှန်

ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။
ဆရာက တပည့်များကို ပြောသည်။
“တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ”
“မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်ကအာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ”
ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော  မျက်ချော က ပြောသည်။
“ဆရာ့အသက် ၂၄ နှစ်”
“မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ”
“ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က် ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ”  ... ;D~~~

၁၈ နှစ်ပြည့်မှသာ

အမေရိကန် ပြည်နယ်တခုတွင် လိင်တူသူချင်း လက်ထပ်ခွင့်ပြုသည့် ဥပဒေကို
ပြဋ္ဌာန်းလိုက်သည်။ ဤအခွင့်အရေးကို စောင့်နေသော လိင်တူ
စုံတွဲတတွဲ လက်ထပ် ရုံးသို့ရောက်လာကာ တရားဝင် လက်ထပ်ပြီးစီး
သွားကြသည်။ ဤအချိန် တွင်ကောင်းဘွိုင်တယောက် မိမိ၏ မြင်းနဲ့အတူ
ရောက်လာပြီး ၄င်းက အရေးဆိုသည်..''လိင်တူတွေကို ခင်ဗျားတို့လက်ထပ်
ပေးနေတာအခု ကျနော်တွေ့ရတယ်၊ တယောက်ကိုတယောက် ချစ်ခင်မြတ်နိုးရင် လက်ထပ်ခွင့်ပေးရမယ်လို့ ဥပဒေက ဆိုထားတယ်၊
ကျနော်ဟာ ကျနော့မြင်းကို အင်မတန် ချစ်တယ်၊ သူကလည်း ကျနော့်ကို သိပ်ချစ်ပါတယ်၊ ဒါကြောင့်
ကျနော်တို့နှစ်ယောက်ကို လက်ထပ်ပေးပါ''
ရုံးမှ တာဝန်ရှိသူများ အကြပ်ရိုက်သွားကြသည်၊ အစဉ်အလာ ဖြစ်သွားမည်
စိုး၍ အမျိုးမျိုး စဉ်းစားကြသည်၊ နောက်ဆုံးတွင်.. အကောင်းဆုံး အဖြေတခုကို
ရှာဖွေတွေ့ရှိ လိုက်ကြသည်.........
''သတို့သမီးသည် အသက် ၁၃ နှစ်ပင် မပြည့်သေးသဖြင့် လက်ထပ်ခွင့်
မပြုနိုင်ပါ
:P

လူလည်

ယောကျာ်းဖြစ်သူ ည ၁၂ - နာရီတွင် အိမ်ပြန်ရောက်လာသည်၊ မိန်းမက
အိပ်ခန်းထဲမှ နေ၍ လှမ်းမေးသည်။
'ဘယ်နှစ်နာရီ ရှိပြီလဲ'
'၁ဝ - နာရီ'
တိုက်တိုက်ဆိုင်ဆိုင် တိုင်ကပ်နာရီမှ 'ဒင်' ဟုတစ်ချက်တီးသည်။
'ရှင် ကျွန်မကို လှိမ့်ပြန်ပြီးလား၊ နာရီ တစ်ချက်တီးသံ ကျွန်မ ကြားရတာပဲ'
'ဟေ့၊ သုညကိုပါ မင်းက တီးစေချင်လို့လားကွဟေ

တိမ်ဝက်ရဲ့အဖြစ်

တနေ့တော 'တိမ်ဝက်' ဟာ စတိုးဆိုင် တဆိုင်မှာ တန်းဖိုးရှိ ပစ္စည်းတခုကို အလစ်သုတ်ပြေးရာ
ကိုတိမ်ဝက် သည် ရဲ များလက်မှ လွတ်အောင်ပြေးရင်း
ရေတွင်းထဲဆင်းပုန်းသည်။ ရဲခေါင်းဆောင်က ရေတွင်းထဲငုံ့ကြည့်ပြီး
အော်သည်။
”တစ်ယောက်ယောက် ရှိသလားဟေ့”
”ကိုတိမ်ဝက်က ပဲ့တင်သံပုံစံ ပြန်အော်သည်။”
”တစ်ယောက်ယောက် ရှိသလားဟေ့၊ တစ်ယောက်ယောက် ရှိသလားဟေ့”
“တစ်ယောက်မှ မရှိဘူး ထင်တယ်”
“တစ်ယောက်မှ မရှိဘူး ထင်တယ်..၊ တစ်ယောက်မှ မရှိဘူး ထင်တယ်..”
” ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား၊”
“မပစ်နဲ့၊ မပစ်နဲ့၊ တစ်ယောက်မှ မရှိတာဘဲ”
ကြည့်စမ်း  တော်တော် ကို အ ရှာပါတယ်နော် :P




ဘိုင် ... ဒီဂျေ တောသား

ရှိပြီးသား


လောင်းကစားဝိုင်းများရှိသော လာဗေဂါသို့ လုပ်ငန်းရှင်တစ်ဦး ရောက်လာလေရာ အဝတ်အစား ညစ်နွမ်းနွမ်းနှင့် လူတစ်ယောက်က သူ့အနားလာပြီး ပြောလေသည်။
“ကျွန်တော့ကို ပိုက်ဆံ ၂၅ ဒေါ်လာလောက် ချေးပါဗျာ၊ ကျွန်တော် ထမင်းမစားရတာ နှစ်ရက်လောက် ရှိနေလို့ပါ”
“မင်း အဲဒီငွေကို လောင်းကစားပစ်ရင် ငါ ဘယ်လိုလုပ် သိမလဲကွ”
“ဟာ ဒါတော့ စိတ်ချ၊ လောင်းကစားဖို့ ပိုက်ဆံက ကျွန်တော့မှာ ရှိပြီးသားပါ”

လူလိမ်မာ

သူတောင်းစားတစ်ယောက်သည် လူတစ်ယောက်ထံမှ ထမင်းဖိုး ပိုက်ဆံတောင်းလေသည်၊ ထိုအခါ ထိုလူက
“မင်းတစ်ခုခု သောက်မလား ငါ တိုက်မယ်”
“မသောက်တတ်ပါဘူး ခင်ဗျာ”
“ဒါဆိုရင် ဆေးပြင်းလိပ်ကောင်းကောင်း ငါ ဝယ်ပေးမယ် မင်း သောက်မလား”
“ဆေးလိပ်လဲ မသောက်တတ်ပါဘူး၊ ကျွန်တော် တစ်ခုခုပဲ စားချင်ပါတယ် ခင်ဗျာ”
“ငါ မြင်းပွဲ သွားမလို့၊ မြင်းတစ်ကောင်းကောင်းလဲ ရထားတယ်၊ မင်းကို ငါ ပိုက်ဆံပေးမယ်၊ ငါနဲ့ လိုက်ပြီး မြင်းလောင်းပါလား”
“လောင်းကစားလဲ မလုပ်တတ်ဘူး ခင်ဗျ”
“ကဲကွာ ဒါဆိုရင် မင်း ငါနဲ့ညစာ အတူတူ စားဖို့ ငါ့အိမ်ကို လိုက်ခဲ့စမ်းပါ၊ ငါ့မိန်းမကို လူတစ်ယောက်ဟာ အရက်မသောက် ဆေးလိပ်မသောက် လောင်းကစားလဲ ဝါသနာမပါဘူး ဆိုရင် ဘယ်လိုဖြစ်တတ်တယ် ဆိုတာ ပြချင်လို့ပါ”

ဖြေးဖြေးမောင်းပါ

အိမ်ခြေယာမဲ့ နှစ်ယောက်သည် ဘေးတွဲပါသော ဆိုင်ကယ်တစ်စီးကို တွေ့သဖြင့် တစ်ယောက်က ဆိုင်ကယ်ပေါ် တက်လိုက်ပြီး ကျန်တစ်ယောက်က ဘေးတွဲထဲ ဝင်ထိုင်လေသည်၊ ထို့နောက် ဆိုင်ကယ်ကို စက်နှိုး၍ မိုင်ကုန် မောင်းလေသည်၊ ဤသို့နှင့် ၁၅မိနစ်ခန့် မောင်းလာပြီးသောအခါ ဘေးတွဲနှင့်လိုက်လာသူမှာ လျှာထွက်မတတ် မောပန်းနေသည်ကို ဆိုင်ကယ်မောင်းသူက မြင်လိုက်သဖြင့် ဆိုင်ကယ်ကို ရပ်လိုက်ပြီး
“သူငယ်ချင်း ဘာဖြစ်လို့လဲကွ”
“ဖြည်းဖြည်း မောင်းပါကွာ၊ ဒီဆိုင်ကယ် ဘေးတွဲက ဟောင်းလောင်းပေါက်ကြီး ထိုင်ခုံမပါဘူးကွ တစ်လမ်းလုံး ပြေးလိုက်ခဲ့ရတာ သေတော့မယ်”

ဓါးဆရာ

ကမ္ဘာ့အကောင်းဆုံး ဓါးခုတ်ပြိုင်ပွဲဝင်များ၏ အစွမ်းပြပွဲကို ပြုလုပ်လျက်ရှိရာ ပထမဆုံး တတိယဆုရ ဓါးသမား
ထွက်လာ၏၊ ထိုအခါ ယင်ကောင်တစ်ကောင်ကို လွှတ်လိုက်သည်၊ ထိုဓါးသမားက ဓါးကို ဆွဲထုတ်လိုက်ပြီး
တစ်ချက် ဝှေ့ယမ်းလိုက်ရာ ယင်ကောင်မှာ နှစ်ပိုင်းပြတ်သွားလေသည်။ ဒုတိယဆုရ ဓါးသမားအလှည့်တွင်
ယင်ကောင်မှာ လေးပိုင်း ပြတ်သွားလေသည်။ ဤသို့ဖြင့် အကောင်းဆုံး ဓါးသမားအလှည့် ရောက်လာ၏။
သူ့ဓါးချက် ဝှေ့ယမ်းလိုက်ရာ ယင်ကောင်မှာ ဆက်လက်ပျံသန်းသွားလေသည်၊ ပရိသတ်ကြီးမှာ တအံ့တဩ ဖြစ်သွားကြလေသည်။ ကမ္ဘာ့အကောင်းဆုံး ဓါးသမား ဓါးချက်လွဲသွားပြီဟု အားလုံးက ထင်လိုက်လေသည်။ သို့သော် ထိုဓါးသမား၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးကို တွေ့နေရ၏၊ ထိုအခါ ပရိသတ်ထဲမှ တစ်ယောက်က လှမ်းမေးလိုက်သည်။
“ခင်ဗျားရဲ့ ဓါးချက် လွဲသွားတာတောင် ဘာဖြစ်လို့ ခင်ဗျားက ပြုံးနေရတာလဲ”
“ဒီလိုဗျ၊ ခင်ဗျားတို့က သေသေချာချာမှ ကြည့်မနေဘဲ၊ အဲသည်ယင်ကောင် သေတော့မသေဘူးပေါ့၊ ဒါပေမဲ့ အဲဒီကောင်ဟာ ဘယ်တော့မှ အဖေ တစ်ယောက် မဖြစ်နိုင်တော့ဘူးလေ”

အဖိုးတန်ဟောပြောပွဲ

" ဟောပြောပွဲသွားမလို့၊ လိုက်မှာလား "
" အဲဒီလူက ဘာလုပ်လုပ်ရှုံးနေတာ၊ အမွေရတဲ့သိန်း ၈၀၀ကုန်ပြီ၊ သူပြောမှာကို မင်းက သွားနားထောင် မယ်ပေါ့လေ "
" သူ သိန်း၈၀၀ကုန်တဲ့အထိ မှားထားတာတွေကို တို့က ၅၀၀၀ တည်းပေးပြီးသိရမှာကွ၊ တန်ပါတယ် "

တစ်မှုတည်းနဲ့လည်းရပါတယ်


နိုင်ငံကျော် လူရွှင်တော် ဇာဂနာအား အင်းစိန်ထောင်မှ ထောင်ဝင်းအတွင်းရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်အကြည်ညို ပျက်စေမှု အပါအ၀င် အမှုပေါင်း ၇မှုနဲ့ 
တရားစွဲဆို ပါမယ်။ မောင်မင်းဘာပြောစရာ ရှိပါသလည်း။

ဇာဂနာ။ ။ မရှိပါဘူး။

တရားသူကြီး။ ။ ဒါဆိုရင် နောက်လာမယ့် အပတ်မှာ စွဲဆိုထားတဲ့ အမှု ၇ မှုကို စတင်စစ်ဆေးပါမယ်။

နောက်တပတ်ကြာသော ဇာဂနာအား တရားရုံးသို့ ရောက်ရှိခဲ့ပါသည်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်က အကြည်ညိုပျက်စေမှု အပါအ၀င် အမှုပေါင်း ၁၄ မှုနဲ တရားစွဲဆို ပါမယ်မောင်မင်း ဘာပြောချင်ပါသလဲ။

ဇာဂနာ။ ။ အရင်အပတ်က ၇မှုကနေ အခု ၁၄မှု ဘာဖြစ်လို့ ဖြစ်သွားရပါသလည်း။

တရားသူကြီး။ ။ ထပ်တိုးတဲ့မူအရ ……….အဲ မဟုတ်ပါဘူး။ နောက်တိုး ပုဒ်မများအရ စွဲဆိုရခြင်းဖြစ်ပါတယ်။ ထုချေလွှာ တင်သွင်းနိုင်ပါတယ်။

ဇာဂနာ။ ။ လူကြီးတွေကိုပြောလိုက်ပါ။ အမှုတွေအများကြီး စဉ်းစားစရာမလိုပါဘူး။ တစ်မှုတည်းနဲ့ ဘဲ သေဒဏ်ချမှတ်လို့ ရပါတယ်လို့ ။


ဖေါ်ဝေါ့မေလ်း

စာမေးကောင်းတဲ့ တို့မေမေ

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့
ဘာမှကိုမသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး @#$%^^&&&***(((^#&..
(တချီဆော်လိုက်တယ်...)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်..

.)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို
ကောင်းကောင်းရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,
but i don'twant to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’
(အဲဒါနဲ့ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ...)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ
လက်ပါတော့မယ့်ဟန်ပြင်...)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’

သူခိုးဖမ်းစက်

ဂျပန်နိုင်ငံတွင် နောက်ဆုံးပေါ် သူခိုးဖမ်းစက်ရုပ် တစ်ခုကို တီထွင်လိုက်သည်။
ဂျပန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုးတစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။
အမေရိကန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုး နှစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။
ရုရားနိုင်ငံတွင် ငါးမိနစ်အတွင်း စက်ရုပ်ကို သူခိုးခိုးသွားသည်

Monday, May 14, 2012

လုပ်အားခ

အစိုးရဌာနတစ်ခု၏ မန်နေဂျာက မီးခံသေတ္တာဖွင့် ရာတွင် သော့ နံပါတ်များ တစ်ခုနှင့် တစ်ခု ရှုပ်ထွေးပြီးငြိနေသဖြင့် ဖွင့် မရဘဲရှိနေသည်။ မန်နေဂျာက အကြံရပြီး အနီးရှိ ထောင်တစ်ခု၏ ထောင်ပိုင်ထံ ဖုန်းဆက်ပြီး မီးခံသေတ္တာဖွင့် ခြင်းကို ကျွမ်းကျင်သော ထောင်ကျအကျဉ်းသား ရှိပါက စေလွှတ်ပေးပါရန် အကူအညီတောင်းခံလိုက်သည်။ မကြာမီ ထောင်ဝါဒါတစ်ဦးနှင့် အတူ အကျဉ်းသားတစ်ဦးရောက်ရှိလာသဖြင့် မီးခံသေတ္တာကို ပြလိုက်သည်။ အကျဉ်းသားက နံပါတ်လှည့် သည့် ခလုတ်များကို လေ့ လာစစ်ဆေးပြီး ဖဏအကြာတွင် မီခံသေတ္တာကို အလွယ်တကူ ဖွင့် ပေးလိုက်ရာ မန်နေဂျာမှာ အတော်ဝမ်းသာသွားသည်။ 

မန်နေဂျာ ။ ။ ကျေးဇူးတင်လိုက်တာကွာ။ မီးခံသေတ္တာဖွင့် ခဘယ်လောက်ပေးရမလဲ။ 

အကျဉ်းသား။ ။ ကြည့် သာပေးဗျာ။ ကျုပ်နောက်ဆုံးမီးခံသေတ္တာ ဖွင့် တုန်းကတော့ ငါးသိန်းရတာပဲ။

အားလုံးသဘောတူရင်

သင်္ဘောတစ်စီးတွင် ရေယာဉ်မှူးအသစ် အပြောင်းအလဲလုပ်ကြသည်။

ရေယာဉ်မှူးအဟောင်းက သင်္ဘော၏ နောက်ကြောင်းရာဇ၀င်ကိုပြောပြီး

သင်္ဘောသားများကို ရေယာဉ်မှူးအသစ်နှင့်  မိတ်ဆက်ပေးသည် ။

ရေယာဉ်မှူးအသစ် " မင်းတို့ အားလုံးသိအောင် တစ်ခုတော့ ရှင်းရှင်းပြောထားမယ်။

ဒီသင်္ဘောဟာ မင်းတို့ သင်္ဘောလည်းမဟုတ်ဘူး။ ငါ့ သင်္ဘောလည်းမဟုတ်ဘူး။

တို့ အားလုံးရဲ့ သင်္ဘောဖြစ်တယ်ဆိုတာပဲ။"

ထိုအခိုက် သင်္ဘောသားများထဲမှ အသံတစ်သံကြားထွက်လာသည်။

" ဟာ အရမ်းကောင်းတာပဲ။ အားလုံးသဘောတူရင် ရောင်းစားလိုက်ကြရအောင်"

တစ်ခုချင်းတင်ရမှာ ပျင်းတာနဲ့

ကြောင်းရင်း. .

"ပီတာ...မင်းဘာဖြစ်လို့ ကျောင်းနောက်ကျ ရတာလဲ"
"ကျွန်တော် ငါးသွားမျှားမလို့ဥစ္စာ ဖေဖေကခွင့်မပြုလို့ "
"မင်းအဖေ မှန်တာပေါ့ ၊ ဒါနဲ့ဘာကြောင့် ကျောင်းမပျက်သင့်ဘူးလဲ ဆိုတာကို မင်းအဖေက ရှင်းပြတယ် မဟုတ်လား "
"ဟင့်အင်း ၊ ရှိတဲ့ တီကောင်က တို့နှစ်ယောက်စာ မလောက်ဘူး လို့ပဲ ပြောပါတယ် "

ဘာကောင်လဲ. .

ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ "
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ်
ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်"
"အဲဒါနဲ့ ငိုရရောလား ကလေးရဲ့"
"စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ "

လိုချင်လို့. .

"ပီတာ....မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ"
"မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့"
"အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း"
"အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့"

မသိသေးဘူး. .

ပင်လယ်ကမ်းစပ်အနားယူစခန်းသို့ေ
ရာက်လာသော လူငယ်ကလူတစ်ဦးကိုမေးသည်
"ဒီနားမှာ အိမ်သာ ရှိသလားခင်ဗျာ "
"မသိဘူးဗျ ၊ ကျွန်တော်လည်း ဒီကိုရောက်တာ အခုမှ (၄) ရက်ပဲရှိသေးတယ် "

ဖိနပ်သူခိုး. .

"ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ "
"အဓိပါယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့ ကျွန်တော့်ခွေးဟာ တစ်ခါမှ အိမ်ပြန် မလာဖူးဘူး "

ဒါတော့သည်းမခံနိုင်ဘူး. .

"ခင်ဗျား မိန်းမနဲ့ကွာရှင်းတော့မယ်လို့ သတင်းကြားတယ် ၊ဘာဖြစ်လို့လဲ "
"အိပ်ရာထဲမှာဆေးလိပ်သောက်လို့ "
"ဟာ. . ဒါနဲ့များ ကွာရှင်းရမယ်တဲ့ဗျာ၊ မဟုတ်သေးပါဘူး"
"ဆေးလိပ်သောက်ရင် ကျုပ်နားရွက်ကို ဒီကောင်မက ဆေးလိပ်ပြာခွက်အဖြစ်နဲ့ အသုံးပြုတယ်ဗျာ"

ကံကောင်းတယ်. .

"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "
"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "
"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲဆောင်သွားလေ့ရှိတယ်ဆို "
"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "

အတွေးကိုယ်စီရှိကြသည်. .

လေယာဉ်ပျက်ကျသဖြင့် ယောကျာ်းခရီးသည်များနှင့် မိန်းမခရီးသည်များ မြစ်ကမ်းတစ်ဖက်တစ်ချက်စီသို့ ရောက်သွားကြသည် ။
မိန်းမခရီးသည်များနှင့် မည်သို့ပူးပေါင်းနိုင်မည်နည်း ဆိုသည်ကို ယောကျာ်းများ တိုင်ပင်ကြသည် ။
"ဟိုဖက်ကမ်း ကိုမြန်မြန်လေး ရေကူးသွား ကြရအောင်" အသက် ၂၀-အရွယ်လူငယ်ကအားတက်သရောပြောသည် ၊
"လှေတစ်ခုလုပ်ပြီး ကူးသွားရင် ပိုကောင်းမယ်" အသက် ၃၀-အရွယ်ကပြောသည် ။
"ဘယ်ကိုမှ ကူးစရာ မလိုဘူး ၊သူတို့ဟာသူတို့ ကူးလာကြလိမ့်မယ်" အသက် ၅၀-အရွယ်ကပြောသည် ။

နောက်မလုပ်နဲ့. .

ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးထောင် ကျန်နေသည် ၊
မနက်အိပ်ရာထသောအခါ အရက်နာကျသည် ကိုဖြေဖျောက်ရန် အတွက်အိတ်ထောင်ကို စမ်းသည် ၊
မနေ့က သုံးထောင် မရှိတော့ချေ ။
သို့နှင့်အိမ်တွင် မွေးထားသော ငန်းကိုယူကာ ဈေးထဲသွားရောင်းသည် ။
ညနေ ပိုင်းတွင် မူးပြီးအိမ်ပြန်လာသည် ၊ မိန်းမ ကမေးသည် ။
"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"
"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊
 ငါ့အိတ်ထောင်ကိုမင်းခုလိုပဲဆက်စမ်းနေရင် မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်....နား လည်လား "

မိန်းမပျောက်လို့. .

ကိုချူချာတို့ လင်မယား မော်စကိုသို့ရောက်လာသည် ။
ဆိုင်ကြီးများကိုငေးမောကြည့်ရင်း လူအုပ်ကြားထဲတွင် မချူချာ ပျောက်သွားသည်။
ကိုချူချာက ရဲစခန်းသို့ လာတိုင်သည် ။
"ကျွန်တော့်မိန်းမ ပျောက်သွား ပါတယ်"
"ခင်ဗျား မိန်းမ ရဲ့ ပုံပန်းသဏ္ဍန်ကိုပြောပြပါ"
"ပုံပန်းသဏ္ဍန် မပျောက်ဘူး ၊ မိန်းမပျောက်သွားတယ်"
"ကျွန်တော်ပြောတာခင်ဗျား သဘောမပေါက်ဘူး ထင်တယ် ၊
  ခင်ဗျားမိန်းမ အသားဖြူသလား ,မဲသလား ၊အရပ်ပုသလား , ရှည်သလား ဆိုတာကို ပြောတာ ၊ဒါမှ ရှာရတာလွယ်မှာပေါ့ ၊
  ဥပမာ-ကျုပ်မိန်းမ ကိုကြည့် အရပ်ထောင်ထောင် မောင်းမောင်း ၊
  မ၀,မပိန် ကိုယ်လုံးနဲ့ ၊ရွှေရောင်ဆံပင်နဲ့ ၊ခြေတန်လည်း ရှည်တယ် "

ကိုချူချာ ခဏစဉ်းစားပြီးပြောသည် ။
"ကျွန်တော့် မိန်းမ အရပ်ပုတယ် ၊ မျက်လုံးတစ်ဖက်စွေနေတယ် ၊ခြေခွင်လဲ လိမ်နေတယ် ၊
  အင်း. .ကျွန်တော့် မိန်းမ ကို ထား လိုက်ပါ ဗျာ ၊ ရဲမှူး ကြီးရဲ့ မိန်းမ ကို ပဲရှာကြရအောင် "

ညှဉ်းဆဲလိုက်မယ်. .

မီးပြတိုက်သို့ လှေတစ်စင်း ကပ်လာသည် ၊လှေပေါ်မှ ပင်ပန်းနွမ်းနယ်ပြီး ဒေါသထွက်နေသော အမူအရာဖြင့် စာပို့လုလင် ဆင်းလာသည် ၊
ထို့နောက် မီးပြတိုက်အမှုထမ်းအား ၎င်း၏ စာကို ပေးလိုက်သည် ၊
မီးပြတိုက်ဝန်ထမ်းကပြောသည် ၊
"နောက်တစ်ခါ ငါ့အတွက် စာလာပို့တဲ့အခါအခုလိုမျက်နှာရှစ်ခေါက်ချိုး
လုပ်လာတာတွေ့ရင် နေ့စဉ် ထုတ် သတင်းစာတစ်စောင်စောင် ကို ငါ တစ်နှစ်စာ မှာလိုက်မယ် ၊နားလည် လား ။"

လူတို့၏စရိုက်. .

ဧည့်သည်အဖြစ် လာပုံလာနည်း အမျိုးမျိုး..

အင်္ဂလိပ် ----တုတ်ကောက်ဖြင့်လာသည် ။
ပြင်သစ် -----မယားငယ်နှင့်လာသည် ။
ရုရှား ------အရက်ပုလင်းနှင့်လာသည် ။
ဂျူး ---------မိမိ၏ဆွေမျိုးများနှင့်အတူလာသည် ။

ဖိတ်သောအိမ်မှ ထွက်ပုံထွက်နည်းအမျိုးမျိုး......

အင်္ဂလိပ် -----တုတ်ကောက်ကိုင်ပြီးပြန်ထွက်သည် ။
ပြင်သစ် -------အိမ်ရှင်၏ဇနီးနှင့်ပြန်ထွက်သည် ။
ရုရှား --------မျက်နှာဒဏ်ရာနှင့် အိမ်ပြန်သည် ။
ဂျူး --------မိမိနှင့်ဆွေမျိုးများအတွက် လက်ဆောင်ပစ္စည်းများယူကာပြန်ထွက်သည်

နောက်တနေ့မနက် စဉ်းစားပုံပမျိုးမျိုး.........

အင်္ဂလိပ် -----မနေ့ကငါ့ရဲ့အပြု အမူအပြောအဆိုတွေ လူကြီးလူကောင်းဆန်ရဲ့လား ။
ပြင်သစ် --------အဲဒီ အချိန်မှာ ငါ့မိန်းမ ဘယ်သူနဲ့များ ရှိနေ ပါလိမ့် ။
ရုရှား ---------(မှန်ထဲ ကြည့်ကာ)ငါ့ကို ဘယ်သူများ ဆော်ပလော်တီးလိုက်ပါလိမ့် ။
ဂျူး ----------ဘယ်သူ့ အိမ်ကို အလည်သွား ရပါ့ မလဲ ။

မျက်မမြင်ယောက်ျား

တခါက church တစ်ခုမှာ သီလရှင် ၆ပါးဟာ အခန်းကို ဆေးသုတ်ဖို့ တာဝန်ပေးခြင်းခံရတယ်။
အဲဒီနေ့က နေအရမ်းပူတာမိုလို့ သီလရှင်လေးတွေရဲ့ အနက်ရောင်ဝတ်ရုံတွေက ကြာလာတော့အိုက်လာတယ်။
ဒါနဲ့ churchမှာ လည်း လူမလာတဲ့(လူရှင်းချိန်)ဖြစ်လို့ တခါးပိတ်ပြီး အ၀တ်တွေချွတ်လို့ ဗလာကျင်းနဲ့ဆေးဆက်သုတ်ကြတယ်။

ဒီအချိန် တခါးခေါက်သံကြားရတယ်။
“ဘယ်သူလဲ?”
“ကျွန်တော် မျက်မမြင်တစ်ယောက်ပါ။ ၀တ်ပြုချင်လို့ပါ။”

ဒါနဲ့ ဖွင့်ပေးလိုက်ကြတယ်။
အခန်းထဲရောက်လာတဲ့ မျက်မမြင်ဟာအခန်းပတ်လည်ကိုကြည့်တယ်။
ပြိးတော့ သူတို့ကိုလည်း လှမ်းကြည့်ပြီးတော့ ဒီလိုရေရွတ်လိုက်တယ်တဲ့။

အို ဘုရားသခင် ကျွန်တော်ကို အခုလို အချိန်အခါမျိုးမှာ မျက်လုံးမြင်ခွင့်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲ။

ဖြေရှင်းပေးပါ

Cousin Elly ဟာ ကော်ဖိဖျော်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးအစပ်အဟပ်တည့်တည့် မဖျော်တတ်လို့ စိတ်တော်တော်ညစ်နေတယ်။
သူမ လက်ထပ်တဲ့အခါကျတော့ သူမယောက်ျားက ကော်ဖိဖျော်စက်လေးတစ်လုံးသူမကို ၀ယ်ပေးဖို့စီစဉ်တယ်။
တော်တော်လေး မော်ဒယ်မြင့်တဲ့ စက်လေးကို သူမအရမ်းကို သဘောကျသွားတယ်။

အရောင်းစာရေးက သူမကိုသေသေချာချာ ရှင်းပြတယ်။
ပလပ်ပေါက်ဘယ်လိုထိုးရင်  စက်ကလေးက ဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာကိုအထိ ရှင်းပြတယ်။

နောက်ထပ်လည်း “ခင်ဗျား timerပေးပြိး အိပ်ယာထဲသွားနေလိုက်၊ ခဏနေ ဖျော်ပြိးသားကော်ဖီလေးက ခင်ဗျားစိတ်ကြိုက် ဖြစ်နေလိမ့်မယ်”

သူတို့ သဘောကျစွာ ၀ယ်ပြိးပြန်လာခဲ့တယ်။
နောက်၅ရက်လောက် ရှိတော့ သူမက  အဲဒီဆိုင်ကို ပြန်သွားပြီး အရောင်းစာရေးကို ဒီလိုပြောလိုက်တယ်။

“ ရှင့်စက်က တော်တော်လေးတော့ ကောင်းပါတယ်။
   ဒါပေမဲ့ အဆင်မပြေတာ တစ်ခုရှိနေတယ်။
  အဲဒါက ကော်ဖီဖျော်တိုင်း အိပ်ယာထဲ သွားသွားနေရတာ ကျွန်မအတွက် အဆင်မပြေဘူးရှင့်။

ပိုင်တာကွာ

ရထားတစ်စီးပေါ်၏မျက်နှာချင်းဆိုင်တွင်  ကောင်းလေးနှစ်ယောက်  ရှေ့ဘက်တွင်  အဘွားတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်တို့ အသီးသီးထိုင်နေကြသည်။  ထိုကောင်လေးနှစ်ယောက်သည် ကောင်မလေးအား အသေငမ်းနေကျ၏်။ရထားသည် ခုတ်မောင်းလာစင် လှိုင်ဂူတစ်ခုအတွင်း သို့ ၀င်ရောက်ရု မောင်မိုက်သွားချိန်  မှာ....

 ရွှတ်ခနဲဆို  နမ်းလိုက်သည့် အသံတစ်ခုနှင့်  ဖျန်းခနဲဆို ရိုက်လိုက်သည့် အသံထွက်လာသည်။
ရထားသည် အမှောင်ထဲမှအလင်းသို့ထွက်လာသည်.။အဲဒီအချိန်မှ သူတို့လေးယောက်အတွေးကို စီနဲ့ရှိ နေကြသည်။

အဘွားအို     ။             ။  ဟိုကောင်နှစ်ကောင်ထဲကတစ်ကောင်ကတော့ ကောင်မလေးကို နမ်းလိုက်တာ ကောင်မလေးကလည်းပါးရိုက်လွတ်လိုက်တာ  လက်သန်ကလည်း ပြောင်ပတော်။

ကောင်မလေး။            ။  ဟိုဘဲ နှစ်ကောင်ထဲကတစ်ကောင်က တော့ ငါမှတ်ပြီ်းအဘွားကို သွားနမ်းလိုက်တာ အဘွားကလည်း အသက်ကြီးပေမယ့်လက်သံ ကလည်းပြောင်ပ ဟီး။


ပထမကောင်လေး။       ။တောက် ..နမ်းတာကာ တစ်ယောက်  အရိုက်ခံရတာကတော့ငါ ..မတရားလိုက်တာ။

ဒုတိယ ကောင်လေး။     ။ မိုက်တယ်ကွာ ...ကိုယ်လက်ကိုယ်စုပ်ပြီးသူများပါးကို  ရိုက်ရတာအရသာ ရှိလိုက်တာ အဟိ။

လိုချင်တာသာပြောပါတော့


ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။

စိတ်ဖိစီးမှုတွေ၊စိတ်ညစ်စရာတွေက များလွန်းလို့ တညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်းအပန်းဖြေနေမိတယ်။

ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။

" ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်းလုပ်ခဲ့

ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊
  ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး "

ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်

"ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း ခံစားခွင့်ရမယ်၊မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ " .....တဲ့။

ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။ "ဒေါ်လာ ၁ သန်း လိုချင်တယ်"

-" ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။"

"အဟား ဒီလိုဆိုဟန်ကျတယ်"

၂။" နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်"

-"မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။"

နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။

၃။" ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့ အမြန်လမ်းတစ်ခုလိုချင်တယ်။"

ဘုရားသခင်ကပြန်ပြောတယ်။

"ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။

လမ်းတစ်ခုဖောက်ဖို့ကျတော့ တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။
သူတို့ ပိုင်တဲ့ အိမ်တွေ အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ"

ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ

အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ ရန်မဖြစ်ရအောင်.....

"အို ဘုရားသခင်၊ ကျွန်တော်မှာ မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊
  သူတို့ ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊
  သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊
  မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး
  ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ
  သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး
  ကျွန်တော်လိုချင်ပါတယ်.."ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။
ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

"ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွား လိုချင်တာလဲ".....

******* ******* ******** ********