Wednesday, February 12, 2014

နိုင်ငံရေးသမား

နိုင်ငံရေးသမားတွေကို ခေါ်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ တောရွာတစ်ခုအနီးမှာ ရုတ်တရက်တိမ်းမှောက်သွားသတဲ့...

ကားမှောက်တဲ့အသံကိုကြားလိုက်ရတဲ့ အနီးအနားက လယ်သမားတစ်ယောက်က ဒီနိုင်ငံရေးသမားတွေကို ချက်ချင်းပဲ မြေမြုပ်ပေးလိုက်တယ်တဲ့...

ဒီနေရာမှာ ကားမတော်တဆမှုဖြစ်တာကို သတင်းရထားတဲ့ ရဲအရာရှိတစ်ယောက်က အခင်းဖြစ်တဲ့နေရာကို စုံစမ်းစစ်ဆေးဖို့ရောက်လာတော့ ဘတ်စ်ကားပေါ်ပါတဲ့လူတွေကို မတွေ့တော့ လယ်သမားကိုခေါ်မေးတာပေါ့...

'' ဒီမှာ ကားမတော်တဆမှုဖြစ်တယ်ကြားတယ် ကားပဲတွေ့ပြီး လူတွေမတွေ့ပါလားဗျ ဘယ်ရောက်သွားကြတုန်း"

" ဟုတ်ပါတယ်။ ကားပေါ်မှာပါတာက နိုင်ငံရေးသမားတွေပါ၊ သူတို့အားလုံးကို ကျွန်တော်ပဲ မြေမြုပ်ပေးလိုက်တာပါ"

" ဟင် မြေမြုပ်ပေးလိုက်တယ်ဆိုတော့ သူတို့အားလုံးက သေသွားကြလို့လား"

" အင်း တချို့ကတော့ သူတို့မသေပါဘူး၊ ဒဏ်ရာပဲရတာပါလို့ ပြောကြတာပဲ။ ဒါပေမဲ့ ဆရာပဲ စဉ်းစားကြည့်လေ နိုင်ငံရေးသမားတွေစကားက ဘယ်တုန်းက ယုံရလို့တုန်း"

" တိန်"

No comments:

Post a Comment