Monday, May 14, 2012

တတ္သ​ည​့္​ပညာ​မေ​န​သာ

တစ်​ခါ​က လူ​သုံး​ယောက်​ကို တစ်​နေရာ​တည်း​မှာ အ​စီ​အစဉ် အလိုက် သေ​ဒဏ်ပေး​ဖို့ စီစဉ်​နေ​ကြ​သ​တဲ့.။ သူ​တို့​ကို သေ​ဒဏ်ပေး​မှာ​က လျှပ်စစ်​ကုလားထိုင်​မှာ လျှပ်စစ်​နဲ့ ရှော့​ရိုက်​ပြီး သေ​ဒဏ်​စီရင်​မှာ​ပါ.။
သေ​ဒဏ်ပေး​ခံ​ရ​သူ​တွေ​ကတော့....
၁။ လူအ​များ​အပြား​ကို ဘာသာ​ရေး မှိုင်းတိုက်​ခဲ့​ပြီး ကိုယ့်ကိုယ်ကို​ယ် သတ်​သေ​ခြင်း​ဟာ မြင့်မြတ်​တယ် ဆို​ပြီး လူအ​များ​အပြား​ကို သေ​ကျေ​ပျက်စီး​စေ​ခဲ့​သော ဘုန်းကြီး တစ်ပါး..။
၂။ အမျိုးသမီး​ငယ်​များ​ကို စိတ်ကြွ​ဆေး​များ​ကျွေး​ကာ ကာမ​ဆက်ဆံ​မှု ပြု​ပြီး​နောက် သတ်​ပစ်​ခဲ့​သော ဆရာဝန်​တစ်​ယောက်.။
၃။ အိမ်​တစ်​အိမ်​တွင် လျှပ်စစ်​နဲ့ ပတ်​သတ်​သော ပြုပြင်​တပ်​ဆင်​မှု​များ​ကို ပြုလုပ်​ပြီး​နောက် ကျ​သင့် ငွေ​ကို အိမ်ရှင် မိန်းမ​ကြီး​က မ​ပေး​သော​ကြောင့် ဒေါသ​ထွက်​ကာ လျှပ်စစ်​ဖြင့်​တို့​ပြီး ဓါတ်​လိုက်​သေ​စေ​ခဲ့​သော လျှပ်စစ်​ပြုပြင်​သော မီး​သမား​တစ်​ယောက်...​တို့​ဖြစ်​လေ​သည်။
သူ​တို့ ​၃ ယောက်​စလုံး​ကို လျှပ်စစ်​ရှော့​ရိုက်​မဲ့ ကုလားထိုင်​ဆီ​ကို ခေါ်​လာ​ပါ​တယ်.။ ဒီ​နောက်​မှာ​တော့ ဘုန်းကြီး​ကို အရ​င်​ဆုံး သေ​ဒဏ်ပေး​ဖို့ ကုလားထိုင်​မှာ ထိုင်​ခိုင်း​ပြီး နောက်ဆုံး​အနေ​နဲ့ ပြော​ချင်​တာ ပြော​စေ​ဖို့ ခွင့်​ပြု​လိုက်​တယ်.။ ဒီ​တော့ ဘုန်းကြီး ပြော​တယ်.။
“ ကျွန်တော်ဟာ လူ​တွေ​ကို မဟုတ်​တာ​တွေ မှိုင်းတိုက်​ခြင်း မဟုတ်​ပါ.။ ကောင်းကင်​က တမန်​တော်​ရဲ့ စေခိုင်း​မှု​ကြောင့် လုပ်​တာ​ပါ.။ ထို​ကဲ​သို့ မှန်ကန်​သော စကား​ကြောင့် ကျွန်​တော့်​ကို အခု ချ​မှတ်ထား​သော ပြစ်​ဒဏ်​မှ လွတ်မြောက်​ပါ​စေ​သား.။ ”
ထို​နောက်​တော့ ဘုန်းကြီး​ကို ပြစ်​ဒဏ်​ကျ​စေ​ဖို့ လျှပ်စစ်​ကုလားထိုင်​ခုံ ခလုတ်​ကို ဆွဲချ လိုက်​လေ​တော့​သည်..။ သို့​သော် ဘုန်းကြီး​မှာ ဘာ​မှ မ​ဖြစ်.။ ထို​ကြောင့် ထို​အဖြစ်အပျက်​အား ကောင်းကင်ဘုံ​မှ အမိန့်​ဖြင့် ဘုန်းကြီး​အား လွတ်မြောက်​စေ​သည်​ဟု ယူဆ​ကာ ဘုန်းကြီး​အား လျှပ်စစ်​ကုလားထိုင်​ခုံ​မှ လွှတ်လိုက်​လေ​တော့​သည်.။
ထို​နောက် စိတ်ကြွ​ဆေး​ကျွေး​သော ဆရာဝန်​အား​ခေါ်​ပြီး ထိုင်​ခုံ​တွင် ထိုင်​ခိုင်း​ပြီး နောက်ဆုံး အနေ​နဲ့ စကား တစ်​ခွန်း ပြော​စေ​ပြန်​သည်.။ ဆရာဝန်​က ပြော​သည်.။
“ ကျွန်တော်​သည် စိတ်ကြွ​ဆေး​များ​ဖြင့် မိန်း​ကလေး​များ​ကို ဖြားယောင်း​ပြီး သတ်​ဖြတ်​သည် ဆို​သည်မှာ မ​မှန်ကန်​ပါ.။ ထို​မိန်း​ကလေး​များ​အား ကာမဘုံ​မှ လွတ်မြောက်​အောင် ကောင်းကင်ဘုံ​မှ အမိန့်​ဖြင့် ကု​ညီ​ပေး​ခြင်း​မျှ​သာ ဖြစ်​သည်..။ ထို့​ကဲ့သို့ မှန်ကန်​သော စကား​ကြောင့် ပြစ်​ဒဏ်​မှ လွတ်မြောက်​ပါ​စေ​သား.။ ”
လျှပ်စစ်​ကုလားထိုင်​ခုံ ခ​လုပ်​အား​ဆွဲ​လိုက်​သည်။ ဆရာဝန်​လည်း ဘာ​မှ မ​ဖြစ်​ပေ..။ ထို​ကြောင့် ကောင်းကင်ဘုံ​၏ အမိန့်​ဟူ ဆို​ကာ ဆရာဝန်​ကို​လည်း လွှတ်လိုက်​လေ​တော့​သည်.။
နောက်ဆုံး​တွင် လျှပ်စစ်​ဖြင့် လူ​အား​တို့​ပြီး သေ​စေ​ခဲ့​သော မီး​ပြင်​သမား​ကို လျှပ်စစ်​ကုလား တွင် ထိုင်​ပေါ်​တွင် ထိုင်​ခိုင်း​ပြီး နောက်ဆုံး​အနေ​နဲ့ ပြော​ချင်​တာ ပြော​စေ​ဖို ခွင့်​ပြု​လိုက်​လေ​တော့​သည်.။ ထို​အခါ မီး​ပြင်​သမား​က တစ်​ကိုယ်​လုံး​တုန်​ရင်ကာ ...
“ ကျွန်တော် တကယ်​ပြော​ရ​မ​လား..​ဟင်..။ ”
ထို​အခါ အားလုံး​ကို အံ့ဩ​သွား​ပြီး..
“ ပြော​လေ​ဗျာ..။ ခင်ဗျား​မှာ နောက်ဆုံး အနေ​နဲ့ ကြိုက်​တာ ပြော​ခွင့် ၊ တောင်း​ဆို​ခွင့် ရှိ​တယ်.။ ”
ထို​အခါ မီး​ပြင်​သမား​က သက်​ပြင်း အကြိမ်ကြိမ်​ချ​ပြီး အောက်​ပါ အတိုင်း​ပြော​လေ​သည်.။
“လျှပ်စစ်​ကုလားထိုင်​က မီး​ပလပ်​ခေါင်း​က လွတ်​နေ​တယ်..။ ”
ထို​နောက်...​သိပ်​မ​ကြာ​ခင် အချိန်​အတွင်း သူ​တို့ ​၃ ယောက်​စလုံး ကောင်းကင်ဘုံ​သို့ ရောက်​သွား​လေ​တော့​သည်.။ ။

No comments:

Post a Comment