Monday, May 14, 2012

တတ္လည္းတတ္ပါ့


 အမေ​ရိ​ကန် အာကာသ​စခန်း​တစ်​နေရာ​မှာ ဖြစ်​ပါ​တယ်။ ​ဗီ​နပ်​ဂြို​လ်​ဆီ​သွား​ကြ​မယ့် လူ​တွေ​ကို လူ​တွေ့​စစ်ဆေး​ခဲ့​ကြ​တယ်။ ​ဗီ​နပ်​ဂြို​လ်​သွား​မယ့်​လူ​က တစ်​ယောက်​ထဲ​ဖြစ်​ပြီး သွား​ပြီး​နောက် ကမ္ဘာ​မြေ​ဆီ​ပြန်လာ​လို့ မ​ရ​တော့​ပါ​ဘူး။ ပထမ​ဦး​ဆုံး အမေ​ရိ​ကန်​က အင်​ဂျင်​နီ​ယာ​တစ်​ဦး​ကို လူ​တွေ့​စစ်ဆေး​ခဲ့​တယ်။ လိုချင်​တဲ့ ဆု​ကြေးငွေ​မေး​တဲ့​အချိန်​မှာ 

သူ​က "ဒေါ်လာ​၁​ဝ​သိန်း လိုချင်​ပါ​တယ်။ ဒီ​ငွေ​တွေ​ကို ကျွန်တော်​ရဲ့ မိ​ခင်​ကျောင်း​အတွက် ကျွန်တော်​လှူဒါန်း​ခဲ့​ပါ​မယ်" 
ဒုတိယ​တစ်​ယောက်​က အင်္ဂလန်​က ဆရာဝန်​ဖြစ်​တယ်။ 
"ဒေါ်လာ သိန်း​၂​ဝ လိုချင်​ပါ​တယ်။ တစ်ဝက်​ကို ကျွန်​တော့်​မိသား​စု​အတွက် ချန်​ထား​ပြီး တစ်ဝက်​ကို ဆေး​တက္ကသိုလ်​အတွက် လှူ​ခဲ့​ချင်​ပါ​တယ်" 
တတိယ​တစ်​ယောက်​က xxxx နိုင်ငံ​က ကျောင်းသား​ဖြစ်​ပါ​တယ်။ 
"ဒေါ်လာ သိန်း ​၃​ဝ​လိုချင်​ပါ​တယ်" တစ်​ခြား​လူ​ထက် ပို​ယူ​တဲ့​ကျောင်းသား​ကို တွေ့​ဆုံ​သူ​တွေ​က ဘာ​ကြောင့်​ပို​ယူ​သလဲ​လို့ မေး​တော့ ကျောင်းသား​က "ကျွန်​တော့်​ကို သိန်း​၃​ဝ​ပေး​ခဲ့​ရင် ခင်ဗျား​ကို ​၁​ဝ​သိန်း​ပေး​မယ်၊ ကျွန်တော် ၁​ဝ​သိန်း​ယူ​မယ်။ ကျန် ​၁​ဝ​သိန်း​ကို အမေ​ရိ​ကန် အင်​ဂျင်​နီ​ယာ​ကို​ပေး​ပြီး ဂြို​လ်​ပေါ်​တက်​ခိုင်းလိုက်​မယ်"

No comments:

Post a Comment