တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်ချင်တုန်းက ပေါ့ ။
အဲဒီဘုရင်ကြီးဟာ.... လူစွမ်းကောင်းတွေကို ဆိုအရမ်းတန်ဖိုးထားတတ်တယ် ။ တစ်နေ့လဲကြကော.... ဘုရင်ကြီးကသူ့လေးသည်တော်တပ်ကို ဦးဆောင်ပေးဖို့ဆိုပြီး သူ့တိုင်းပြည်မှာအတော်ဆုံးလေးသည်တော်တွေကိုရွေးဖို့ပြင်သတဲ့ ။ ဘယ်လိုရွေးကြမလဲ စဉ်းစားရင်းနဲ့ ဘုရင်ကြီးက စိတ်ကူး တစ်ခုရလိုက်မိတယ် ။ သူရွေးမယ့်ပုံက လဲဆန်းသဗျ။ သူ့ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ထားမယ် ။ သူ့ခေါင်းပေါ်က ပန်းသီးကို ထိအောင်ပစ်နိုင် ရင်သူကိုယ်တိုင်သူကောင်းပြု ချီးမြင့်မြောက်စားမယ်ပေါ့ဗျာ..။ အဲလိုနဲ့ရွေးကြရောပေါ့ဗျာ... ။ လေးသည်တော်တစ်ယောက်က စပြီးပစ်လိုက်တယ် ..
ဘုရင်ကြီးခေါင်းပေါ်က ပန်းသီး အလယ်ကွက်တိကို စိုက်သွားပါလေရော ။ အဲဒါနဲ့လေးသည်တော်လဲ ၀မ်းသာအားရနဲ့ကြွေးကြော်လိုက်တယ် ။
I am Robin Hood ....... တဲ့
အဲ... ဒုတိယလေးသည်တော် အလှည့် .... ။ သူကလဲ ပန်းသီးကို နှစ်ခြမ်းကွဲသွား အောင်ပစ်လိုက်နိုင်တယ်ဗျ။ သူလဲကြွေးကြော်တယ် ....
I am Hercules ...... ပေါ့လေ။
ဒီလိုနဲ့ တတိယလေးသည်တော်အလှည့် ...။ သူ့အလှည့်လဲ ပစ်ကော ပန်းသီးကို မထိပဲ ဘုရင်ကြီးနဖူးတည့်တည့်မှန်ပြီး ဘုရင်ကြီး မာလကီးယားပါလေရော။ အဲဒီတော့ သူကလဲ ကြွေးကြော်တယ်ဗျ။ သူကြွေးကြော်ပုံက .....
I am sorry .... တဲ့ဗျာ..

No comments:
Post a Comment