Wednesday, May 16, 2012

စီးပွားရေးသမား

ကတ်စပါ တယောက် စင်္ကာပူသို့ အလည်ရောက်ရှိလာသည်။ တစ်မြို့တည်းနေ သူငယ်ချင်းများက စင်္ကာပူ
အတွေ့အကြုံကို ပြောပြရန် တောင်းပန်ကြသည်။ ကတ်စပါ စပြောသည်။
"ကျွန်တော် သွားတည်းတဲ့ ဟော်တယ်မှာ အခန်းခ ဒေါ်လာ ၂ဝဝ- တောင် ပေးရတယ်"
"အင်း၊ နည်းတဲ့ ငွေ မဟုတ်ပါလား။ ဒါပေမယ့် စိတ်ဝင်စားစရာ နေရာတွေတော့
ရောက်ခဲ့မှာပေါ့"
"ဘယ်မှ မရောက်ခဲ့ဘူး။ ဒီလောက် ဈေးကြီးပေးတဲ့အခန်းကို အပြည့်အဝ အသုံးချမယ်လို့
ဆုံးဖြတ်ပြီး တစ်ပတ်လုံးလုံး ဘယ်ကိုမှ မထွက်ဘူး။ ဘယ် အရှုံးခံနိုင်မလဲ။ မဟုတ်ဘူးလား"
အော် အော် သိပ်တော်တဲ့ ကတ်စပါ ပါလားနော် :P

No comments:

Post a Comment