Monday, May 14, 2012

မွားျပီ

လူ​တစ်​ယောက်​ဟာ ဟိုတယ်​တစ်​ခု​မှာ

အခန်း​ယူ​ပြီး သူ့​အခန်း​ထဲ​ကို ဝင်​တော့ အခန်း​ထဲ​မှာ ကွန်​ပြူ​တာ​တစ်​လုံး​တွေ့​တာ​နဲ့
သူ​အ​တော်​ဝမ်းသာ​သွား​တယ်။

ဒီ​တော့ သူ့​မိန်းမ​ဆီ​ကို လှမ်း​ပြီး သ​တင်း​ပို့​မှ​ပဲ​ဆို​ပြီး
အီး​မေး​လ်​တစ်​စောင်​ပို့​လိုက်​တယ်။

ဒါ​ပေ​မယ့် သူ ​အီး​မေး​လ်​လိပ်စာ မှား​ရေး​လိုက်​တာ​ကို
သူ​ကိုယ်တိုင်​တောင်​မ​သိ​လိုက်​ဘူး။

အဲ​ဒီ​အီး​မေး​ကို ပို့​လိုက်​မိ ပြီ​လေ။

အဲ​ဒီ​အချိန် ....

ရန်ကုန်မြို့​ရဲ့ တစ်​နေရာ​မှာ မုဆိုးမ​တစ်​ယောက်​ဟာ သူ့​ယောက်ျား​ရဲ့​အသုဘ
ပို့​ရာ​က​နေ ပြန်​ရောက်လာ​ပြီး သူ့​ကွန်​ပြူ​တာ​မှာ ​အီး​မေး​လ်​စစ်​ဖို့
ပြင်ဆင်​နေ​တယ်။ နိုင်ငံ​ရပ်​ခြား​ရောက်​နေ​ကြ​တဲ့ ဆွေ​မျိုး​မိတ်ဆွေ
သူငယ်ချင်း​တွေ​ရဲ့ အားပေး​စကား​လေး​တွေ ကြား​ရ​မ​လား​လို့ ​အီး​မေး​လ်​ကို
စစ်​လိုက်​တယ်။ ခဏ​အ​ကြာ​မှာ အောင်​မ​လေး လို့​အော်​တဲ့​အ​သံ​ကြား​ရ​လို့ သူ့​သား​က
အပြေး​လေး​ဝင်​လာ​တော့

အမေ​လုပ်​တဲ့​လူ​က ကြမ်းပြင်​မှာ ပက်လက်​လန်​ပြီး မေ့​နေ​ပြီ။

ဒါ​နဲ့ ကွန်​ပြူ​တာ​ကို ကြည့်​လိုက်​တော့ မော်​နီ​တာ စ​ကရင်​မှာ ပေါ်​နေ​တာ​က


သို့ ... ချစ်​ဇနီး
အကြောင်းအရာ ။ ။ ကိုယ်​ရောက်​ပါ​ပြီ
နေ့စွဲ ။ ။ ​၂​၁ ရက် အောက်တိုဘာ​လ ​၂​၀​၀​၇
မင်း ကိုယ့်​ဆီ​က သတင်းကြား​ရ​ရင် အ​တော်​အံ့ဩ​သွား​မယ်​ဆို​တာ ကိုယ်​သိ​နေ​တယ်။
သူ​တို့​ဆီ​မှာ​လည်း ကွန်​ပြူ​တာ​ရှိ​တယ်​ကွ။ ကိုယ်​ချစ်​တဲ့​သူ​တွေ​ဆီ​ကို
အီး​မေး​လ်​ပို့​ဖို့ ခွင့်​ပြု​ထား​တယ်​လေ။ အခု​ပဲ​ရောက်​တယ်။ နေ​စရာ​လည်း
အဆင်​ပြေ​ပါ​တယ်။ မင်း မနက်​ဖြန်​လာ​ရင် အဆင်​ပြေ​အောင်
ကိုယ်​အားလုံး​စီစဉ်​ပြီး​ပါ​ပြီ။ ကိုယ်​ကိုယ်တိုင် မင်းကို​လာ​ကြို​ပါ့​မယ်။
မနက်​ဖြန် တွေ့​ကြ​တာ​ပေါ့။
မင်းကို​ချစ်​တဲ့
မောင်....

No comments:

Post a Comment