Wednesday, May 16, 2012

ဓါးဆရာ

ကမ္ဘာ့အကောင်းဆုံး ဓါးခုတ်ပြိုင်ပွဲဝင်များ၏ အစွမ်းပြပွဲကို ပြုလုပ်လျက်ရှိရာ ပထမဆုံး တတိယဆုရ ဓါးသမား
ထွက်လာ၏၊ ထိုအခါ ယင်ကောင်တစ်ကောင်ကို လွှတ်လိုက်သည်၊ ထိုဓါးသမားက ဓါးကို ဆွဲထုတ်လိုက်ပြီး
တစ်ချက် ဝှေ့ယမ်းလိုက်ရာ ယင်ကောင်မှာ နှစ်ပိုင်းပြတ်သွားလေသည်။ ဒုတိယဆုရ ဓါးသမားအလှည့်တွင်
ယင်ကောင်မှာ လေးပိုင်း ပြတ်သွားလေသည်။ ဤသို့ဖြင့် အကောင်းဆုံး ဓါးသမားအလှည့် ရောက်လာ၏။
သူ့ဓါးချက် ဝှေ့ယမ်းလိုက်ရာ ယင်ကောင်မှာ ဆက်လက်ပျံသန်းသွားလေသည်၊ ပရိသတ်ကြီးမှာ တအံ့တဩ ဖြစ်သွားကြလေသည်။ ကမ္ဘာ့အကောင်းဆုံး ဓါးသမား ဓါးချက်လွဲသွားပြီဟု အားလုံးက ထင်လိုက်လေသည်။ သို့သော် ထိုဓါးသမား၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးကို တွေ့နေရ၏၊ ထိုအခါ ပရိသတ်ထဲမှ တစ်ယောက်က လှမ်းမေးလိုက်သည်။
“ခင်ဗျားရဲ့ ဓါးချက် လွဲသွားတာတောင် ဘာဖြစ်လို့ ခင်ဗျားက ပြုံးနေရတာလဲ”
“ဒီလိုဗျ၊ ခင်ဗျားတို့က သေသေချာချာမှ ကြည့်မနေဘဲ၊ အဲသည်ယင်ကောင် သေတော့မသေဘူးပေါ့၊ ဒါပေမဲ့ အဲဒီကောင်ဟာ ဘယ်တော့မှ အဖေ တစ်ယောက် မဖြစ်နိုင်တော့ဘူးလေ”

No comments:

Post a Comment