Wednesday, May 16, 2012

အန္တရာယ်စာအုပ်

ယောက်ျားဖြစ်သူ အလုပ်မှ ပြန်လာသည်။ တစ်အိမ်လုံး ဗြောင်းဆန်နေသည်။ မိန်းမဖြစ်သညူ
တစ်စုံတစ်ခုကို သည်းသည်းမဲမဲ ရှာနေသည်ကို တွေ့ရသည်။ သို့နှင့် မေးသည်။
"မိန်းမရေ၊ မင်းဘာ ရှာနေတာလဲကွ။ ငါ ကူရှာပေးရအောင်"
"တလောက ကျွန်မ ဝယ်လာတဲ့ စာအုပ်ပျောက်နေလို့"
"ဘာစာအုပ်လဲ"
"အသက်ရှည်နည်းစာအုပ်"
"ရှာမနေနဲ့၊ ငါ မီးရှို့လိုက်ပြီ"
"ဘာပြောတယ်။ မီးရှို့လိုက်တယ် ဟုတ်လား"
"ဟုတ်တယ်"
"ဘာဖြစ်လို့လဲတော့"
"မင်းအမေ စိတ်ဝင်တစား ဖတ်နေတာကို တွေ့လို့"

No comments:

Post a Comment