Monday, May 14, 2012

ဖြစ်လာမှာပါ




ဘားကောင်တာသို. ‘ဂျိန်းစ်ဘွန်း’ လျောက်လာသည်။ ကုလားထိုင်တစ်ခုတွင် ၀င်ထိုင်လိုက်ပြီး မာတီနီ မှာသောက်သည်။
ဘေးကုလားထိုင်တွင် မိန်းမချောလေး တစ်ယောက်။
သူမ ကို ဂျိန်းစ်ဘွန်း လုံးဝ ဂရုမစိုက် ။ လက်တွင်ပတ်ထားသော မိမိနာရီကိုသာ မကြာခဏကြည့်နေသည်။ အမျိုးသမီး စိတ်ဝင်စားလာပြီး မေးသည်။
” ဘာလဲ … မိတ်ဆွေ အမျိုးသမီး နောက်ကျနေသလား”
” မဟုတ်ပါဘူး….နောက်ဆုံးပေါ် နာရီကို ကြည့်မ၀ဖြစ်နေလို.ပါ ”
” တခြားနာရီတွေထက်… ဘာများသာလို.လဲ ရှင့်”
” အများကြီး သာတာပေါ့ ။ သူ.မှာ ထိုးထွင်းသိမြင်တဲ့ ဥာဏ်ပါတယ်။
ဥပမာ … ခင်ဗျား ဘရာဇီယာ ၀တ်မထားဘူးလို. ကျုပ် နာရီက သတင်းပေးနေတယ်ဗျ ”
အမျိုးသမီး ဟက်ဟက်ပက်ပက် ရယ်ပြီး ပြောသည်။
” ရှင့် နာရီ မှားပြီ … ကျမမှာ ဘရာဇီယာ ပါတယ်ရှင့်”
‘ဂျိန်းစ်ဘွန်း’ နာရီကို သေသေချာချာ ပြန်ကြည့်ပြီးပြောသည်။
” အင်း … နာရီက နာရီဝက် တိတိ မြန်နေတာကိုး..”

forward မှ တဆင့်

No comments:

Post a Comment