Monday, May 14, 2012

လူရင္း

မွတ်​တိုင်​မှာ ဘတ်စ်ကား​ထိုး​ရပ်​လိုက်​သည့်​အခါ တန်း​စီ​စောင့်​နေ​ကြ​သည့် ခရီးသည်​တွေ​အနက် ထိပ်​ဆုံး​က အ​ချော​အ​လှ အမျိုးသမီး​ကြီး​သည် ဘတ်စ်ကား​ပေါ်​တက်​ရန် ကြိုးစား​လေ​သည်။ သို့​သော် တင်း​တင်း​ကျပ်ကျပ် စ​ကတ်​ကြောင့် တက်မ​ရ။ တက်မ​ရသ​ည့် အကြောင်းရင်း​ကို အမြန်​စဉ်းစား​လိုက်​ပြီး လှုပ်ရှား​ရ​လွယ်ကူ​စေ​ရန် လက်​ကို​နောက်ပစ်​၍ ဇ​စ်​ကို နည်း​နည်း ဖြုတ်​လိုက်​သည်။ သို့​သော် သူမ​၏ စ​ကတ်​က တင်း​ကျပ်​နေ​ဆဲ။ ထို့​ကြောင့် ဇ​စ်​ကို နည်း​နည်း ထပ်​ဖြုတ်​လိုက်​ပြန်​၏  သို့​တိုင် တက်မ​ရ ဖြစ်​နေ​တုန်း​မို့ တတိယ​အကြိမ် ထပ်​ဖြုတ်​ပြန်​ဧ​။် တက်​၍​မ​ရ ဖြစ်​နေ​ဆဲ။ ထို​အခါ သူမ​နောက်မှ အမျိုးသား​သည် မ​စောင့်​နိုင်​တော့​၍​သူမ​ခါး​ကို ည​င်​ညင်သာ​သာ ကိုင်​ပြီး ဘတ်စ်ကား​ပေါ် မ.​တင်​ပေးလိုက်​၏ သည်​တော့ အမျိုးသမီး စိတ်ဆိုး​သွား​၏။
"ရှ​င့်​ကိုရှင် ဘယ်​သူ​လို့​ထင်​ပြီး ခု​လို ကျွန်မ​ကို ပိုင်စိုးပိုင်နင်း လုပ်​ရ​တာ​လဲ.."
သည်​တော့ အမျိုးသား​က
''သိ​ဘူး​လေ​ဗျာ။ ခင်ဗျား​က ကျုပ်​ဘောင်းဘီ​ဇ​စ်​ကို ဖြုတ်ဖြုတ်​နေ​တော့ ကျုပ်​တို့​ဟာ သူစိမ်း​တွေ မဟုတ်​ဘူး​လို့ ကျုပ်​လည်း ယူဆ​မိ​လိုက်​တာ​ပေါ့​ဗျာ"
ဟု​ပြန်ပြော​လိုက်​၏

No comments:

Post a Comment