Monday, May 14, 2012

ကံကောင်းတယ်

ကြော်ငြာ ကိုယ်စားလှယ်​က ၎င်း​ကံကောင်း​၍ အလုပ်​မ​ပြုတ်​ရ​ပုံ အကြောင်း​ကို ဤသို့​ပြော​ပြသ​ည်။

"အခု ကျွန်တော် ပြော​ပြ​မယ့် အကြောင်း​က အာ​ရပ်​နိုင်ငံ တစ်​ခု​မှာ ဖြစ်​ခဲ့​တာ​ပါ။ ကိုး​ဒ်​ဒ​ရင့် ကြော်ငြာ​ဆိုင်း​ဘုတ် တစ်​ခု​ကို အပိုင်း​သုံး​ပိုင်း ခွဲ​ပြီး စိုက်​ထူ​ဖို့ ကျွန်တော် ဆုံးဖြတ်​လိုက်​တယ်။ ပထမ​ပိုင်း​ကို သဲကန္တရ​ထဲ ရေငတ်​ပြီး သေလုမြောပါး ဖြစ်​နေ​တဲ့ လူ​ရဲ့ ပုံ​ကို ပန်းချီ​ဆရာ​က ဆွဲထား​တယ်။ ဒုတိယ​ပိုင်း မှာ​တော့ အဲ​ဒီ​လူ​ပဲ ကျွန်တော် ကြော်ငြာ​တဲ့ ကိုး​ဒ်​ဒ​ရင့်​ကို သောက်​နေ​တဲ့​ပုံ။ အဲ တတိယ​ပိုင်း မှာ​တော့ အဲ​ဒီ​လူ ကျေနပ်​စွာ ပြုံး​နေ​တဲ့​ပုံ။
ဒါ​ပေ​မယ့် အရေးကြီး​ဆုံး​ကို ကျွန်တော် မေ့​သွား​တယ်။ အာ​ရပ် လူ​မျိုး​တွေ စာ​ကို နောက်​က​နေ ရှေ့​ကို ဖတ်​ကြ​တယ်​ဆို​တဲ့ အချက်​ပဲ​ဗျို့။"

No comments:

Post a Comment