Monday, May 14, 2012

အားလုံးသဘောတူရင်

သင်္ဘောတစ်စီးတွင် ရေယာဉ်မှူးအသစ် အပြောင်းအလဲလုပ်ကြသည်။

ရေယာဉ်မှူးအဟောင်းက သင်္ဘော၏ နောက်ကြောင်းရာဇ၀င်ကိုပြောပြီး

သင်္ဘောသားများကို ရေယာဉ်မှူးအသစ်နှင့်  မိတ်ဆက်ပေးသည် ။

ရေယာဉ်မှူးအသစ် " မင်းတို့ အားလုံးသိအောင် တစ်ခုတော့ ရှင်းရှင်းပြောထားမယ်။

ဒီသင်္ဘောဟာ မင်းတို့ သင်္ဘောလည်းမဟုတ်ဘူး။ ငါ့ သင်္ဘောလည်းမဟုတ်ဘူး။

တို့ အားလုံးရဲ့ သင်္ဘောဖြစ်တယ်ဆိုတာပဲ။"

ထိုအခိုက် သင်္ဘောသားများထဲမှ အသံတစ်သံကြားထွက်လာသည်။

" ဟာ အရမ်းကောင်းတာပဲ။ အားလုံးသဘောတူရင် ရောင်းစားလိုက်ကြရအောင်"

No comments:

Post a Comment