Sunday, May 20, 2012

ပြည့်စေ

ဇနီးမောင်နှံနှစ်ဦးတို့ စူပါကွန်ပျူတာထံသို့သွားရောက်ကာ မိမိတို့၏ဆန္ဒများကို တောင်းဆိုကြသည်။
စူပါကွန်ပျူတာ ။ ။ ဇနီးမောင်နှံနှစ်ဦး ကြိုက်ရာဆန္ဒသုံးမျိုး အဆိုပြု နိုင်တယ်။
 ဇနီးမောင်နှံ ။ ။ ကောင်းပါပြီ။
 စူပါကွန်ပျူတာ ။ ။ ခင်ပွန်းဖြစ်သူက အိမ်ထောင်ဦးစီးဖြစ်တော့ လိုအင် ဆန္ဒနှစ်မျိုး တောင်းဆိုနိုင်ပါတယ်။ ဇနီးဖြစ်သူက မှီခိုဖြစ်တဲ့အတွက် လိုအင်ဆန္ဒတစ်မျိုးသာ ဆုတောင်း နိုင်ပါတယ်။
ဇနီးမောင်နှံ ။ ။ ကောင်းပါပြီ။
 စူပါကွန်ပျူတာ ။ ။ ကဲ... ခင်ပွန်းဖြစ်သူ စပြောပါ။
ခင်ပွန်း ။ ။ ဒေါ်လာသန်း ၁ဝဝ လိုချင်ပါတယ်။
စူပါကွန်ပျူတာ ။ ။ ခင်ဗျားဘဏ်စာရင်းထဲထည့်လိုက်ပြီ။နောက်ဆန္ဒ တစ်ခု ပြောပါ။
ခင်ပွန်း ။ ။ အမျိုးသမီး ငယ်ငယ်ချောချောနှစ်ဦး အလိုရှိပါ တယ်။
စူပါကွန်ပျူတာ ။ ။ အိမ်ရောက်နေပါပြီ။
ခင်ပွန်း ။ ။ ဟေး... ပျော်လိုက်တာ
စူပါကွန်ပျူတာ ။ ။ အမျိုးသမီးရဲ့ဆန္ဒပြောပါ။
ဇနီးသည် ။ ။ ကျွန်မခင်ပွန်းရဲ့ အသက်ရှင်ခွင့်ကို အခုချက်ချင်း ရပ်ဆိုင်းပေးပါ။
စူပါကွန်ပျူတာ ။ ။ ပြည့်စေ....။

 ခင်ပွန်း ။ ။ 'ဘာ'

No comments:

Post a Comment