Monday, May 14, 2012

စိ​တ​္ေ​ကာ​င​္း​ရွိ​သူ

နေရာ​တကာ စွာ​ကျယ်​ကျယ် ဝင်​လုပ်​နေ​သည့် ယောက္ခမ​ကို ကို​ဘ​မောင် သည်း​မ​ခံ​နိုင်​တော့​သ​ဖြင့် တစ်​နေ့​တွင် ယောက္ခမ​၏ ခြေထောက်​နှစ်​ဖက်​ကို ဆွဲကိုင်​ကာ တိုက်ခန်း​ပြတင်းပေါက်​၏ အပြင်​ဘက်​သို့ ထုတ်​လိုက်​သည်။
ခေါင်း​အောက်​စိုက် ဖြစ်​နေ​သော ယောက္ခမ​နှင့် ကို​ဘ​မောင် အကြား​စကားပြော​နေ​ခန်း​မှာ ဤသို့​ဖြစ်​သည်။

“တစ်​အိမ်​ကျော်​က ကို​မြ သူ့​ယောက္ခမ​ကို ဘာ​လုပ်​လိုက်​တယ်​ဆို​တာ​သိ​လား..”
“ဟင့်​အင်း..”
“ယောက္ခမ​ကို ကို​မြ ပုဆိန်​နဲ့ ခုတ်​သတ်​လိုက်​တယ်​ဗျ.. အောက်​ထပ်​က ကို​အောင်​မြ သူ့​ယောက္ခမ​ကို ဘယ်​လို​လုပ်​သလဲ​သိ​လား..”
“ဟင့်​အင်း..”
“သူ့​ယောက္ခမ​ကို ရေနစ်​သတ်​ပစ်လိုက်​တယ်.. အဲ​ကျွန်တော်​ကတော့ စိတ်ကောင်း​ရှိ​တဲ့​သူ.. ဒါ​ကြောင့် အန်​တီ့​ကို ကျွန်တော် လွှတ်​ပေးလိုက်​မယ်..
ကိုင်း.. သွား​ပေ​တော့..”

No comments:

Post a Comment