Monday, May 14, 2012

မသိခြင်းထပ်တူ

အိုင်​ယာ​လန်​နိုင်ငံ ဒ​ပ်​ဗလ​င်​မြို့။
ကုမ္ပဏီ​ကြီး​တစ်​ခု​သို့ အိုင်​ယာ​လန်​သား​နှင့် အမေ​ရိ​ကန်​သား​တို့ အလုပ်​တစ်​ခု​ကို​ပြိုင်​တူ​လျှောက်​ကြ​သည်။ မ​ကြာ​မီ အရည်အချင်း​ကို စစ်ဆေး​ရန်​အတွက် ၎င်း​တို့​နှစ်​ဦး​ကို​ဆင့်ခေါ်​လိုက်​သည်။ မေးခွန်း ဆယ်​ခု​ပါသော မေးခွန်း​စာ​ရွက်​ကို ၎င်း​တို့​အား ပေး​ပြီး
စားပွဲ​တစ်​ခု​စီ​တွင် ထိုင်​ခိုင်း​ကာ ဖြေ​စေ​သည်။ နှစ်​ယောက်​စလုံး နံပါတ် (၆) မေးခွန်း​ကို မ​ဖြေ​နိုင်​ကြ​ချေ။
ကုမ္ပဏီ မန်နေဂျာ​က အိုင်​ယာ​လန်​သား​ကို ပြော​သည်။
"ကျွန်တော်​တို့ ကုမ္ပဏီ​မှာ အလုပ်​လုပ်​ချင်​တဲ့ ဆန္ဒ​ရှိ​ကြော​င်း သိ​ရ​တဲ့​အတွက် ဝမ်းသာ​ပါ​တယ်။ ဒါ​ပေ​မယ့် လစ်လပ်​တဲ့ ရာထူး​မှာ အမေ​ရိ​ကန်​သား​ကို ခန့်​ဖို့ ကျွန်တော်​တို့ ဆုံးဖြတ်​လိုက်​ပါ​တယ်"
အိုင်​ယာ​လန်​သား မ​ကျေ​မန​ပ်​သံ​ဖြင့် စော​ဒ​က တက်​ရန် ကြိုးစား​သည်။
"ဘာ​ဖြစ်​လို့​လဲ ။ ကျွန်တော်​တို့ နှစ်​ယောက်​စလုံး မေးခွန်း ကိုး​ခု​ကို​ပဲ ဖြေ​နိုင်​တာ​ပဲ။ ဒီ​နိုင်ငံ​က အိုင်​ယာ​လန်​နိုင်ငံ။ ကျွန်တော်​က အိုင်​ယာ​လန် နိုင်ငံသား။ ဒီ အလုပ်​ကို ကျွန်တော် ပို​မ​ရသ​င့်​ဘူး​လား။"
"ကျွန်တော်​တို့​ရဲ့ ဆုံးဖြတ်ချက်​ဟာ အဖြေ​မှန်​တွေ အပေါ်​မှာ မ​တည်​ပါ​ဘူး။ ခင်ဗျား​တို့ နှစ်​ယောက်​စလုံး မ​ဖြေ​နိုင်​ကြ​တဲ့ မေးခွန်း​ပေါ်​မှာ တည်​ပါ​တယ်။"
"နေ​ပါ​ဦး။ မ​မှန်​တဲ့ အဖြေ​တစ်​ခု​ဟာ တခြား​မ​မှန်​တဲ့ အဖြေ​တစ်​ခု​ထက် ဘာ​များ ထူးခြား​နိုင်​မှာ မို့​လို​လဲ"
"ထူးခြား​တာ ပြော​ပြ​မယ်​လေ။ အမေ​ရိ​ကန်​သား​က နံပါတ်(၆) မေးခွန်း​ကို 'မ​သိ​ပါ' လို့ ဖြေ​တယ်။ ခင်ဗျား​က 'ကျွန်တော်​လည်း မ​သိ​ပါ' တဲ့။"

No comments:

Post a Comment