Monday, May 14, 2012

တို⁠တို​ေ​လးမ်ား - ၁

 လျော့အော်

လူ​ငယ်​က အထက်​အရာရှိ​ကို ပြော​သည်။
"ကျွန်တော်ဟာ အန်​ကယ်​တို့ ရုံး​မှ အချိန်​ပိုင်း အလုပ်​သမား​သာ ဖြစ်​ပါ​တယ်။ ဒါ​ကြောင့် ကျွန်​တော့်​ကို အော်​ရင် အ​သံ​ကို လျှော့​အော်​ပါ​ခင်ဗျာ"



ဆရာမပြနည်းမကျ

 ဌာန​မှူး​က ယနေ့​မှ အလုပ်​ဝင်​လာ​သော လူ​ငယ်​ကို ပြော​သည်။
"ကိုင်း၊ အစ အနေ​နဲ့ ကြမ်းတိုက်​ပါ"
လူ​ငယ်​က ဒေါသ​ကို ထိန်း​ထား​ရ​ဟန်​ဖြင့် ပြန်ပြော​သည်။
"ကျွန်တော်​ဘွဲ့​ရ​ပါ​ခင်ဗျာ"
"ဪ ဟုတ်​လား။ ဒီ​လို​ဆို​ရင် ကြမ်း​ကို ဘယ်​လို​တိုက်​ရ​တယ် ဆို​တာ ငါ​ပြ​မယ်။
သေသေချာချာ ကြည့်​ထား"




ကင်မယာ၀ယ်ပါ

 ကန်​ပေါင်​ပေါ်​တွင် ပန်းချီ​ဆရာ​တစ်​ဦး​ထိုင်​ကာ ရှုမျှော်​ခင်း​ပုံ​ကို ပန်းချီ​ဆွဲ​နေ​သည်။ သားအဖ​နှစ်​ယောက် ပန်းချီ​ဆရာ​နား​ရောက်လာ​သည်။ ဖ​ခင်​က သား​ငယ်​ကို​ပြော​သည်။
“တွေ့​တယ်​မဟုတ်​လား​သား၊ ကင်​မ​ရာ မ​ဝယ်​နိုင်​တဲ့​လူ​ဟာ အင်မတန်​ပင်ပန်း​တယ်၊

No comments:

Post a Comment