Wednesday, May 16, 2012

တိမ်ဝက်ရဲ့အဖြစ်

တနေ့တော 'တိမ်ဝက်' ဟာ စတိုးဆိုင် တဆိုင်မှာ တန်းဖိုးရှိ ပစ္စည်းတခုကို အလစ်သုတ်ပြေးရာ
ကိုတိမ်ဝက် သည် ရဲ များလက်မှ လွတ်အောင်ပြေးရင်း
ရေတွင်းထဲဆင်းပုန်းသည်။ ရဲခေါင်းဆောင်က ရေတွင်းထဲငုံ့ကြည့်ပြီး
အော်သည်။
”တစ်ယောက်ယောက် ရှိသလားဟေ့”
”ကိုတိမ်ဝက်က ပဲ့တင်သံပုံစံ ပြန်အော်သည်။”
”တစ်ယောက်ယောက် ရှိသလားဟေ့၊ တစ်ယောက်ယောက် ရှိသလားဟေ့”
“တစ်ယောက်မှ မရှိဘူး ထင်တယ်”
“တစ်ယောက်မှ မရှိဘူး ထင်တယ်..၊ တစ်ယောက်မှ မရှိဘူး ထင်တယ်..”
” ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား၊”
“မပစ်နဲ့၊ မပစ်နဲ့၊ တစ်ယောက်မှ မရှိတာဘဲ”
ကြည့်စမ်း  တော်တော် ကို အ ရှာပါတယ်နော် :P




ဘိုင် ... ဒီဂျေ တောသား

No comments:

Post a Comment