ရှေ.နေကြီး
အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှ
ထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။် ကိုယ်စားလှယ် တစ်ဦးကို
ရှေ.နေကြီး ဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
" လူကြီးမင်းဟာ ...ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေ
မထည့်နိုင်ဘူးလား ခင်ဗျာ။"
ရှေ.နေကြီးက ပြန်ပြောသည်။
"ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး
မနက်ဖြန် တဘက်ခါ သေတော့မယ်ဆိုတာ ခင်ဗျားသိသလား"
ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။
" ကျနော် တောင်းပန်ပါတယ်။ ကျနော် ...ဒါတွေကို ဘာမှ မသိပါဘူး"
ရှေ.နေကြီး ဆက်ပြောသည်။
"စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက
မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
အဲဒါကော ခင်ဗျားသိသလား။"
" ကျနော် အထူးတောင်း...တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး"
အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။
" ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ
ကြွေးတွေ ပတ်လည် ၀ိုင်းပြီး ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် "
" ဘုရား...ဘုရား သနားစရာပါလား ခင်ဗျာ "
ရှေ.နေကြီး စကားကို အဆုံးသတ်သည်။
" အေး... အဲဒါတောင် သူတို.ကို ခုချိန်ထိ ကျုပ် တစ်ပြားတစ်ချပ်မှ
မပေးခဲ့ရင် ခင်ဗျားတို့ကိုတော့ ကျနော် ပေးမှာပဲလို. ဘာလို.ထင်ရတာလဲဗျ ... ဟင် "

No comments:
Post a Comment