Monday, May 14, 2012

တော်သေးတာပေါ့

လင်မယား​နှစ်​ယောက်​တွင် သား​လေး​ယောက်​ရှိ​သည်။ ထူးဆန်း​သည်မှာ အကြီး​သုံး​ယောက်​မှာ ဆံပင်​နီ​နီ၊ အသားလတ်​လတ်၊ အရပ်​မြင့်​မြင့်​ဖြစ်​သည်။ အ​ငယ်​ဆုံး​မှာ ဆံပင်​နက်​နက်​နှင့် အရပ် ပု​ပု​ဖြစ်​သည်။ ဖ​ခင်​ဖြစ်​သူ​သည် နောက်ဆုံး​တွင် မ​ကျန်း​မ​မာ​ဖြစ်​ပြီး သေ​လု​ဆဲ​ဆဲ​တွင် ဇနီး​ဖြစ်​သူ​ကို သေချာ မေး​လိုက်​သည်။
“အချစ်​ရယ် ကိုယ်​မ​သေ​ခင် ကိုယ့်ကို ရိုး​ရိုးသား​သား ပြော​စမ်း​ပါ။ အ​ငယ်​ဆုံး သား​လေး​က ကိုယ့်​ရဲ့ ကလေး​ဆို​တာ။ ”
“ဘုရား​အဆူ​ဆူ​ကို ကျိ​န်​ပြီး ပြော​ရဲ​ပါ​တယ်။ ရှ​င့်​သား​မှ ရှ​င့်​သား အစစ်​ပါ” ဟု ဇနီး​ဖြစ်​သူ​က ပြန်ပြော​လိုက်​သည်။ ထို​စကား​ကို ကြား​ပြီး​သည်​နှင့် ခင်ပွန်း​ဖြစ်​သူ​သည် ပြုံး​လျှ​က် ကွယ်​လွန်သွား​သည်။ ထို​အခါ ဇနီး​ဖြစ်​သူ​က ရေရွတ်​ပြောဆို လိုက်​သည်။
“တော်​သေး​တာ​ပေါ့ ... တခြား သုံး​ယောက်​ကို မေး​မ​သွား​လို့”

No comments:

Post a Comment