Monday, May 14, 2012

ဒါကိုပိုနှမျောတယ်


ကမ်းပေါ် တတ်ခွင့်ရသဖြင့်  သင်္ဘောသားများ မြို့ ထဲလျှောက်လည်ကြသည်။
သတ်မှတ်ချိန်ရောက်သောအခါ သင်္ဘောသားများ အစီအရီ သင်္ဘောဆီ ပြန်လာကြသည်။
အရာရှိက တစ်ယောက်ချင်းစစ်သည်။ သင်္ဘောသားတစ်ယောက်သည် လက်နှစ်ဖက်တွင်
ဝီစကီတစ်ပုလင်းစီ ကိုင်၍ အရာရှိကို ကျော်တတ်၏ ။ အိပ်ထောင့် ထဲ ထည့်ရန် လုံးဝပင်
စိတ်မကူးဘဲ ယခုကဲ့ သို့ ဗြောင်ကျလွန်းသည်ကို အရာရှိက လုံးဝသဘောမတွေ့ ပေ။
" ဟေ့  ရပ်လိုက်စမ်း "
သင်္ဘောသား ရပ်လိုက်သည်။ နောက်မှ လိုက်လာသည့် သင်္ဘောသားများ
ဝိုင်းကြည့်နေရာ ပုလင်းကိုင် သင်္ဘောသားရှက်သွားမည်ဆိုးသဖြင့် အရာရှိက
အောက်ပါအတိုင်း အောက်ပါအတိုင်းပြောလိုက်သည်။
" ငါမျက်လုံးနှစ်ဖက်ပိတ်ပြီး တစ်ကနေ သုံးအထိရေမယ်။ အဲ့ ဒီအချိန်အတွင်းမှာ
ရေထဲကို ပစ္စည်းကျတဲ့ အသံနှစ်ခုကြားချင်တယ်။ ကိုင်း တစ်၊ နှစ်၊ သုံး "
" ဗလွမ်း ၊ ဗလွမ်း "
အရာရှိ မျက်လုံးဖွင့်လိုက်သည်။
"အေး ဒီလိုမှပေါ့ ကိုင်း မင်းသွားနိုင်ပြီ "
သင်္ဘောသားပြေးတတ်သွားသည် ။ နောက်မှလိုက်ကြည့်နေသော အရာရှိက အံသြတကြီးမေးသည်။
" ဟေ့  ဟေ့  မင်းခြေထောက်မှာ ဘာလို့ ဖိနပ်မပါရတာတုန်း "

No comments:

Post a Comment