Monday, May 14, 2012

သြော်မိန်းမ

ရဲ ဝန်​ထမ်း တယော​က် သည် တစ်​ပတ်လုံး ည​ဆိုင်း တာဝန်​ကျ နေရာ​မှ​တရက်​တွင် အလုပ်​စော​ပြီး သ​ဖြင့်​အိမ်​ကို ခါ​တိုင်း​ထက်​စော​၍ မနက် ​၂ နာရီ​အချိန်​တွင် ပြန်​ရောက်လာ​သည်။ သူ​မိန်းမ အိပ်​နေ​တာ အိပ်​ရေး​ပျက်​မှာ စိုး​သည်​နှင့် မီး​မ​ဖွင့်​ဘဲ အ​မှောင်​ထဲ​မှာ​ပင် ယူ​နီ​ဖောင်း အင်္ကျီ ကို ချွတ်​ချ​လိုက်​ပြီး ကိုယ်​လုံး ဗလာ​ဖြင့်​ခုတင်​ပေါ် တက်​လိုက်​သည်။ထို​အခိုက်​သူ့​မိန်းမ က ကယော​င်​က​တန်း​နှင့်
မိန်းမ - "ယော​င်္ကျား ရေ ဒီ​မှာ ခေါင်း​ကိုက်​လို့​သေ​တော.​မယ် ။ ဟို ​၂​၄ နာရီ​ဆေး​ဆိုင်​က ခေါင်း​ကိုက်​ပျောက်​ဆေးလေး သွား​ဝယ်​ပေး​ပါ​လား ဟင်"
ရဲ​ဝန်​ထမ်း - "ဝယ်​ပေး​ရ​မှာ​ပေါ. မိန်းမရ​ယ်၊ ခဏ​လေး​စောင်.​နော်"
ဟု​ဆို​ကာ ကမန်းကတန်း အင်္ကျီ ကောက်​ဝတ်​ပြီး ဆေး​ဆိုင်​သို့​ထွက်​လာ​သည်။ ဆေး​ဆိုင်​ရောက်​သော​အခါ အ​ရောင်း​ဝန်​ထမ်း​က သူ့​ကို​ကြည့်​ပြီး​အံ့ဩ​သော​လေသံ​ဖြင့်​မေး​သည်။
အ​ရောင်း​ဝန်​ထမ်း - "ခင်ဗျား​က ဟို​ဘက်​လမ်း​ထဲ​မှာ​နေ​တဲ့ ရဲ​မဟုတ်​လား"
ရဲ​ဝန်​ထမ်း - "ဟုတ်​တယ်​လေ ဘာ​လို.​လဲ"
အ​ရောင်း​ဝန်​ထမ်း - "ဒါ​ဆို ခင်ဗျား ဘာ​လို. မီးသတ်​သမား ဝတ်​စုံ​ကြီး ဝတ်​ထား​ရ​တာ​လဲ"
ရဲ​ဝန်​ထမ်း - "ဟေ"

No comments:

Post a Comment