Monday, May 14, 2012

ႏိုင္ငံ​ေ​ရး​ဟူ​သ​ည္

ဖေ​ဖေ ၊ သား​ကျောင်း​စာ​ကို ကူ​ပါ​ဦး ၊ နိုင်ငံ​ရေး​ဆို​တာ ဘာ​လဲ​တဲ့ "
မောင်​ဖြူစင်​က သူ့​ဖ​ခင်​အား အကူအညီ​တောင်း​လိုက်​သည်။
ဖ​ခင်​က…" အေး သား​သား​သဘော​က်​ပေါက်​အောင် အ​တို​ချုပ်​ရှင်း​ပြ​မယ်၊
ဖေ​ဖေ​က ပိုက်ဆံ​ရှာ​ပြီး အိမ်​ယူလာ​တယ်၊ ဖေ​ဖေ့​ကို အရင်း​ရှင်​လို့ ခေါ်​နိုင်​တယ်။
သား​မေမေ​က ဒီ​ပိုက်ဆံ​တွေ​ကို စနစ်​တ​ကျ စီ​မီ​ခန့်​ခွဲ​ပြီး​သုံးစွဲ​တယ်။
ဒါ့​ကြောင့် သား​မေမေ​ကို အစိုးရ​လို့​ခေါ်​နိုင်​တယ်။ ဖေ​ဖေ​တို့​က
သား​ကို​ပြုစု​စောင့်ရှောက်​တယ်၊ ​ဒါ့​ကြောင့် သား​ကို ပြည်​သူ​လို့​ခေါ်​ရ​မယ်၊
သား​ရဲ့ ညီ​လေး​ကို​ကြ​တော့ အနာဂတ်​လို့​ခေါ်​ရ​မယ်၊ ရှင်း​ရဲ့​လား​သား ဒါ​ဟာ
နိုင်ငံ​ရေး​ပဲ "
အဲ​ဒီ​လို​နဲ့ ည​လယ်​သန်း​ခေါင်း​ယံ​အချိန်​တွင် မောင်​ဖြူစင်​လေး​သည်
ကလေး​ငို​သံ​ကြား​သ​ဖြင့် သွား​ကြည့်​ရာ သူ​၏​ညီ​လေး​မှာ အနှီး​ထဲ​တွင်
အညစ်အကြေး​များ(ချီး) ပေ​ကျံ​နေ​သည်​ကို တွေ့​ရသ​ည်။
အဲ​ဒါ​နဲ့ သူ​ဟာ သူ့​အဖေ နဲ့ အမေ​အိမ်ခန်း​သို့​တ​ခါး​ဖွင့်​ဝင်​ၾ
က​ည့်​ရာ
မိ​ခင်​တစ်​ယောက်​တည်း အိပ်မောကျ​နေ​သည်​ကို တွေ့​လိုက်​ရ​တယ်။
ဒါ​နဲ့ မောင်​ဖြူစင်​လေး​ဟာ မိ​ခင်​ကို​လှုပ်​နိုး​သော်လည်း မ​နိုး​သ​ဖြင့်
အိမ်​ဖော်​မ​လေး​ရဲ့ အခန်း​ကို​ဝင်​ကြည့်​ရာ အိမ်​ဖော်​နှင့်​အတူ ဖက်​လျက်​အိပ်​နေ​သော
ဖ​ခင်​ကို​တွေ့​လိုက်​ရ​တယ်။ ဒီ​လို​နဲ့ မောင်​ဖြူစင်​လေး​ဟာ ဒေါသ​ထွက်​ပြီး
အိပ်ခန်း​သို့ ပြန်သွား​လေ​သည်။
နောက်​တစ်​နေ့ နံနက်​ကျောင်း​သို့​ရောက်​သည့်​အခါ​မှာ ….
" ဆရာ​မ ကျ​နော် နိုင်ငံ​ရေး​အကြောင်း နားလည်​ပြီ​လို့ ထင်​ပါ​တယ် "
" မောင်​ဖြူစင်​ရယ် ၊ တော်​လိုက်​တဲ့​ကလေး​လေး​ကွယ်၊ တစ်​တန်း​လုံး​သိ​အောင်
ရှင်း​ပြ​ပါ​ကွယ်"
ဒီ​လို​နဲ့ မောင်​ဖြူစင်​လေး​ဟာ နိုင်ငံ​ရေး​အကြောင်း​ကို ဆရာ​မ​နှင့် သူ့​အခန်း​ဖော်
သူငယ်ချင်း​စာ​သင်​သား​တွေ​ကို​ပြော​ပြ​လိုက်​တာ​က…။
" အလုပ်​သမား​လူ​တန်း​စား​ဟာ အရင်း​ရှင်​နဲ့ ဖောက်​ပြန်​နေ​တယ်၊ အစိုးရ​ကတော့ အိပ်​နေ
တာ​ပဲ၊ ပြည်​သူ​ကို လုံး​၀ ပစ်ထား​တယ်၊ အနာ​ဂါတ်​ဟာ​လဲ ညစ်ပတ်​နံစော်​နေ​တာ​ပဲ "

No comments:

Post a Comment