Sunday, May 20, 2012

မပူနဲ့

ပုံပြင်လေးတစ်ခုပြောပြမယ်
ဘဲဥနဲ့ကောင်မလေးမညားခင်  ဘဲဥကကောင်မလေးကိုအမြဲပြောတယ် လက်ထပ်ပြီးရင်ဘာမှမပူနဲ့လို့ပြောတယ်
ဒါကိုကောင်မလေးကလည်း   ဘယ်လိုအဓိပါယ်ကောက်သလဲဆိုတော့  လက်ထပ်ပြီးရင်  ဘာမှပူစရာမလိုဘူး
လိုသမျှပြည့်စုံမယ်ထင်လို့ဘဲဥ နဲ့လက်ထပ်ဖို့ကိုသဘောတူလိုက်တယ်
လက်ထပ်ပြီးတဲ့နောက်တော့  ကောင်မလေးအထင်နဲ့အမြင်လွဲသွားတယ်  ဘဲဥကိုတစ်ခုခုပူဆာတိုင်းကောင်လေးက၀ယ်မပေးဘူးဖြစ်နေတယ်
ကောင်မလေးလည်း  သည်းမခံနိုင်တဲ့အဆုံး  ရန်ဖြစ်တယ် ရှင်ပြောတော့  လက်ထပ်ပြီးရင်  ဘာမှမပူနဲ့ဆို
ခုတော့  နဲနဲလေးဝယ်ခိုင်းတာတောင် ၀ယ်မပေးပါလားပေါ့   ရန်တွေ့တယ်
ဘဲဥကလည်း  ပြန်ပြောလိုက်တယ်လေ  အေးလေ  ငါပြောပါတယ် လက်ထပ်ပြီးရင် ဘာမှမပူနဲ့လို့    :D

No comments:

Post a Comment