Monday, May 14, 2012

တို⁠တို​ေ​လးမ်ား - ၂

စီအေတီ

‘‘ CAT ကတ်​ရဲ့ အ​ဓိ​ပ္ပါ​ယ်​ကို သိ​ရဲ့​လား။’’
‘‘ မ​သိ​ဘူး​ခင်​ဗျ။’’
‘‘ မင်း​အိမ်​မှာ​ကြွက်​တွေ​ကို ဘယ်​သူ​ဖမ်း​တာ​လဲ။’’
‘‘ အမေ​ထောင်​ခြောက်​ထောင်​ပြီး​ဖမ်း​ပါ​တယ်။’’



 နာမ်

‘‘ကဲ မောင်​မော​င်နာမ်​အတွက် ဥပမာ​တစ်​ခု​ကို​ပြော​ပါ။ ”
‘‘ နွား ပါ​ဆရာ။ ‘‘
“မှန်​တယ်၊ ကဲ...​အောင်​အောင်​က နောက်ထပ်​နာမ်​တစ်​ခု​ကို ပြော​ပါ​ဦး။’’
‘‘ နောက်ထပ်​နွား​တစ်​ကောင်​ပါ​ခင်​ဗျ။’’
 
 စိတၱဇနာမ်
 
 ‘‘ စိတ္တဇနာ​မ် ဆို​တာ​ဘာ​လဲ။’’
‘‘ မသိဘူးဆရာ။’’
‘‘ ထိ​လို့​ကိုင်​လို့​မ​ရ​တဲ့​အရာ အမည်​ပေါ့။’’
‘‘ သိ​ပါ​ပြီ​ဆရာ။ မီးဖို​ပေါ်​က ထမင်းအိုး​ပါ။’’
 
 
ဖုန်းဆက်သူ
 
 မောင်​မောင်​က ကျောင်း​အုပ်​ဆရာ​ကြီး​ဆီ​ကို ဖုန်း​ဆက်​ပြီး-
‘‘ ကျ ကျ .. ကျွန်​တော့်​သား​နေ​မ​ကောင်း​လို့ ခွင့်​တစ်​ရက်​ပေး​ဖို့ ခွင့်​တိုင်​တာ​ပါ။’’
‘‘ ခု ဖုန်း​ဆက်​တာ​ဘယ်​သူ​လဲ’’
‘‘ ကျွန်...​ကျွန်..​ကျွန်​တော့် အဖေ​ပါ ဆရာ​ကြီး။’’
 
 
ဆက်သွယ်လိုပါက
 
 ‘‘ ခ​ရ​စ္စ​တို​ဖာ​ကို​လံ​ဘ​တ်​ရဲ့ နောက်​မှာ (၁​၄​၅​၁-၁​၅​၆​၀) ဆို​ပြီး​ရေးထား​ပါ​တယ်။ အဲ​ဒီ​ဂဏန်း​တွေ​ရဲ့​အ​ဓိ​ပ္ပါ​ယ်​ကို​သိ​ရဲ့​လား။’’
 ‘‘ ကို​လံ​ဘ​တ်​ရဲ့ တယ်လီဖုန်း​နံပါတ်​ပါ ဆရာ။’’
 
 ရူပဗေဒ
 
 ‘‘ မိုး​ချိန်း​ရင် လျှပ်​စီး​လျှပ်​တာ​ကို အရ​င်​မြင်​ရ ပြီး အ​သံ​ကို​နောက်မှ ကြား​ရ​တာ ဘာ​လို့​လဲ။’’
‘‘ မျက်စိ​က နား​ထက်​ရှေ့​နည်း​နည်း ပို​ရောက်​နေ​လို့​ခင်​ဗျ။’’
 
 
နေ႔မဟုတ်ရင်ည
 
‘‘ ရော​မ​မြို့​ကြီး​ကို ဘယ်​အချိန်​မှာ​တည်ဆောက်​ခဲ့​တာ​လဲ။’’
‘‘ ည​မှာ​ပါ’’
‘‘ ဘာ​လို့ ည​လို့ ပြော​ရ​တာ​လဲ’’
‘‘ ဆရာ​ပဲ​ပြော​တယ်​လေ။ ရော​မ​မြို့​ကြီး​ကို တစ်​နေ့​တည်း​နဲ့ တည်ဆောက်​ခဲ့​တာ​မဟုတ်​ဘူး​လို့’’
 
 
ပြီးတော့
 
 ‘ သဘာ၀ လောက​ကြီး ကို တည်​နေ​အောင် ပေါင်း​စပ်​ဖွဲ့​စည်း ထား​တဲ့ ဓာတ်​ကြီး​လေး​ပါး​ကို ပြော​စမ်း။’’
‘‘ မြေ-လေ-မီး...​ပြီး​တော့...​ပြီး​တော့...’’
‘‘ မင်း​လက်​ကို သန်​ရှင်း​အောင် ဘာ​ကို​သုံး​ရသ​လဲ။’’
‘‘ ဆပ်ပြာ​ပါ ဆရာ ’’ :)
 
 
 
 

No comments:

Post a Comment