တစ်ခါကအသက်၇၀ကျော်ကုန်သည်အဖိုးကြီးတစ်ယောက်ကိုကျန်တဲ့လူငယ်ကုန်သည်
တွေက၀ိုင်းစကြတယ်တဲ့..အဲဒီခေတ်ကကုန်သည်ဆိုတာတစ်လကိုးသီတင်းအိမ်ပြန်ကြ
ရတာမဟုတ်ဘူး...ပါလာတဲ့ကုန်ပစ္စည်းတွေကုန်မှပြန်ကြရတာဆိုတော့......
...အဘအိမ်မပြန်ရတာကြာပြီဆိုတော့အိမ်ကအဖွားကြီးတောင်မှတ်မိပါဦးမလား...
...အေးလကွယ်..တို့ယူခဲ့တုန်းကတော့ရိုးမြေကျပေါင်းပါ့မယ်လို့သစ္စာဆိုခဲ့ကြတာပဲ...
သူတို့လင်မယားဘယ်လောက်ချစ်တယ်ဆိုတာကိုရိုးရိုးမပြောပဲကြွားသလိုလေးပြောတော့
လူငယ်တွေကမကျေနပ်ကြဘူးပေါ့၊အဲဒါနဲ့မနိုင် နိုင်အောင်ပြောမယ်ဆိုပြီး......
...သွားရလာရတာခရီးကလည်းကြမ်းအအိပ်ပျက်အစားပျက်နဲ့အဘရယ်၊အဘကြည့်ရတာ
အားလဲသိပ်မရှိတော့ပါဘူး...ခုနေများအဖွားကြီးနဲ့တွေ့ကြရင်ငယ်ငယ်တုန်းကလိုချစ်နိုင်ပါ
ဦးမလားအဘရဲ့..ကျွန်တော်တို့တော့သိပ်မထင်ဘူးနော်....လို့ပြောကြတော့အဖိုးကြီးက...
...အိမ်း...ဒါတော့သူတို့ချင်းပေးတွေ့ရဦးမှာပဲလေ.......တဲ့......
ပြောတတ်လိုက်ပုံများ.......။