Sunday, May 20, 2012

အတိုလေးများ

စည်းကမ်းရှိကြသူများ

” လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး ”
” ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ ”


 အသင့်ပြင်

 "သမီး.....မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း" 
"ဘာလုပ်ဖို့လဲ မေမေ"
 "သမီးဖေဖေနဲ့ စကားပြောစရာရှိလို့"

ထင်တခြား

” တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှ လုယက် သွားတယ်ဆိုတာ ဟုတ်သလား “
” ဟုတ်ပါတယ် ၊ တရားသူကြီးမင်း “
” ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ “
” ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် ”






No comments:

Post a Comment