Sunday, May 20, 2012

ဘဲသူငယ်ချင်း

တစ်ခါက ကိုဖိုးလူဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူက အလွန်ထင်ပေါ်ချင်တဲ့ သူပဲ။

ဒါကြောင့် ဘယ်နေရာမဆို သူများနဲ့  မတူအောင်လုပ်လေ့ရှိတယ်။ ဒါကြောင့် ဘယ်နေရာမဆိုသူများနဲ့ မတူအောင်

လုပ်လေ့ရှိတယ်။ သူ့ အိမ်မျက်နှာစာမှကိုပဲ တံခါးနှစ်ပေါက်တပ်ထားပြီး ၀င်/ ထွက်ဆိုပြီး ရေးထားတဲ့ လူ။

တစ်ရက်မှာတော့ ကိုဖိုးလူက ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုဖိတ်ပြီး သူ့ မွေးနေ့ မှာဧည့်ခံဖို့ စီစဉ်သတဲ့ ။

အကြွေးအမွေးအတွက် နာမည်ကြီးဟိုတယ်မှာ သွားမှာတယ်။

" ကျုပ်က ကြာသပတေးသားဆိုတော့ ပ - ဖ - ဘ - ဗ - မ နဲ့ ဧည့်ခံချင်တယ်။ ဒီတော့ ဘဲသားနဲ့ ချက်တဲ့ ဟင်းအမျိုးလေးဆယ်

လိုချင်တယ်။ ရမလား။ အသက်လေးဆယ်ပြည့် မွေးနေ့ လုပ်မှာမို့ ။"

လို့ ပြောတယ်။ ဟိုတယ်ကလည်း ရတယ်ပေါ့။ ဒီလိုနဲ့  သူ့ မွေးနေ့ ရောက်တော့သူငယ်ချင်းတွေကို....

.........

"ကျုပ်ရဲ့  အထူးအစီအစဉ်အဖြစ် ဘဲသား ဟင်းအမျိုးလေးဆယ်နဲ့  ကျွေးမွေးပါ့မယ်" ဆိုပြီး ဖိတ်လိုက်တယ်။

ဟိုတယ်ရောက်တော့ သူ့ မွေးနေ့ အတွက်ချက်ထားတဲ့  ဟင်းတွေကို ချပေးဖို့ ပြောလိုက်တယ်။ စားပွဲထိုးတွေ

ကလည်း ဟင်းတွေကိုလာချ ပေးတာပေါ့။

"ဘဲကင်"

"ဘဲချဉ်စပ်"

"ဘဲကုန်းဘောင်"

"ဘဲဆီပျံ"

"ဘဲပေါင်း"

"ဘဲချိုချဉ်"

"ဘဲတောက်တောက်ကြော်"

"ဘဲကန်ဇွန်း"

"ဘဲကြော်"

အဲသလိုဟင်းတွေက တစ်မျိုးပြီးတစ်မျိုး လာချပေးတယ်။ နောက်ဆုံးတစ်ခွက်ရောက်တော့ စားပွဲထိုးက

ဘာမှမပြောပဲ အသာလေးချပေးလိုက်တယ်။ အဲဒီဟင်းကိုကြည့်လိုက်တော့ ကြက်သားဟင်းဖြစ်နေသတဲ့ ။

ဒီတော့ကိုဖိုးလူက အဲဒီစားပွဲထိုးကိုဖမ်းဆွဲထားလိုက်ပြီး.............

"ငါက ဘဲသားဟင်းချည်းချက်ရမယ်လို့  မှာထားတာ မဟုတ်လား"

"ဟုတ်ပါတယ်ဆရာ"

"ကဲ ပြောစမ်း၊ ဒါက ဘာဟင်းလဲ"

စားပွဲထိုးက ပြုံးလိုက်ပြီး..........

"ဘဲသားကုန်သွားလို့  ဘဲ သူငယ်ချင်း ကိုချက်ထားတာပါ။ဘဲသူငယ်ချင်းဟင်းပါ"

လို့ ဖြေလိုက်သတဲ့ ။

No comments:

Post a Comment