Monday, May 14, 2012

အဲလိုခ်စ္တာ

တခါက တိုင်းပြည် အကြီးအကဲတဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို
မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကိုတံဆိပ်ခေါင်းအဖြင့်
ထုတ်ဝေခဲ့သည်။ထုတ်ဝေပြီးတလအကြာတွင် ရောင်းအားကောင်းမကောင်း
စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့သည်။
အကြီးအကဲ..... ငါ့ပုံနဲ့တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့်တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်းတခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ
စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှမြဲနေတာပဲ
စာတိုက်​မှုး.......​သူ​တို့​က​တံ​ထွေး​ကို တံဆိပ်ခေါင်း​ရှေ့ ထွေး​ကြ​လို့​ပါ။

No comments:

Post a Comment