Monday, May 14, 2012

ရှေ့နေကြီး



အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှ
ထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။် ကိုယ်စားလှယ် တစ်ဦးကို ရှေ.နေကြီး
ဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
” လူကြီးမင်းဟာ …ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေ
မထည့်နိုင်ဘူးလား ခင်ဗျာ။”
ရှေ.နေကြီးက ပြန်ပြောသည်။
“ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး မနက်ဖြန် တဘက်ခါ
သေတော့မယ်ဆိုတာ ခင်ဗျားသိသလား”
ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။
” ကျနော် တောင်းပန်ပါတယ်။ ကျနော် …ဒါတွေကို ဘာမှ မသိပါဘူး”
ရှေ.နေကြီး ဆက်ပြောသည်။
“စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
အဲဒါကော ခင်ဗျားသိသလား။”
” ကျနော် အထူးတောင်း…တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး”
အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။
” ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ ကြွေးတွေ ပတ်လည် ၀ိုင်းပြီး
ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် ”
” ဘုရား…ဘုရား သနားစရာပါလား ခင်ဗျာ ”
ရှေ.နေကြီး စကားကို အဆုံးသတ်သည်။
” အေး… အဲဒါတောင် သူတို.ကို ခုချိန်ထိ ကျုပ် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရင် ခင်ဗျားတို့ကိုတော့
ကျနော် ပေးမှာပဲလို. ဘာလို.ထင်ရတာလဲဗျ … ဟင် “

for ၀က် . .. .( လူတွေအတွက်မပာုတ် :P )

No comments:

Post a Comment