Sunday, May 20, 2012

ဝူးးးးးးးးးး

တစ်နေ့တော့ ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ် တစ်ယောက်နိုင်ငံရပ်ခြားရွာတစ်ရွာကို ဂေါက်သီးရိုက်ဖို့ သွားပါသတဲ့ ။ နာမည်ကျော်ပီပီ ပထမနေ့ တစ်နေ့လုံး ရိုက်တိုင်းဝင်နေသတဲ့။ တစ်ခါမှကို မလွဲဘူးတဲ့ဗျာ... ။ ပရိသတ်လက်ခုပ်သံ တွေက လဲကွင်းလုံးပြည့်ပေါ့ ။ ဒီလိုနဲ့ ညနေစောင်းလာတော့ သူပဲအမှတ်အသာနဲ့ ပွဲကိုဦးဆောင်ပြီး သိမ်းလိုက်ပါသတဲ့ ။ အဲဒီညမှာပဲ သူ့ကို ရွာသူကြီးက ဂုဏ်ပြုသောအားဖြင့် သူတို့ရွာက အချောဆုံးကောင်မလေး နဲ့ တစ်ညပေးအိပ်ခွင့်ပြုပါသတဲ့ ။ တိုက်ဂါးဝုဒ်ကတော့ ပျော်နေတာပေါ့ ။ ကောင်မလေးကလဲ တကယ့်ကို ချောချောလေးပါပဲ။ အဲ... မိုးလင်းတဲ့ အထိပျော်ပျော် ကြီးနေကြတာပေါ့ ။ အဲ... တစ်ခုတော့ တိုက်ဂါးဝုဒ် စဉ်းစားရတယ်ဗျ... ။ ညဘက်မှာ ကောင်မလေး က`၀ူး.. ၀ူး ´ ပဲအော်နေသဗျ.. ။အဲ.. မနက်မိုးလင်းတော့ တိုက်ဂါးဝုဒ် ဂေါက်သီးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရတာပေါ့...။ အဲ.. ဒီနေ့တော့ တိုက်ဂါးဝုဒ် ရိုက်ချက်လွဲသွားတယ်ဗျ... ။ ကျင်းကို ချော်ပြီးထွက်သွားတော့တာပေါ့ .။ ဒီတော့ ၀ိုင်းကြည့်နေတဲ့ရွာသူရွာသားတွေ အားမလိုအားမရအော်လိုက်ကြတဲ့ အသံတွေက `၀ူး... ၀ူး ၊ ၀ူး .. ၀ူး၊ ၀ူး...၀ူး´နဲ့ဆူညံသွားပါလေရောဗျာ... ။ `ဟိုက်...သေစမ်းဟ ´ လို့ပဲ တိုက်ဂါးဝုဒ်တစ်ယောက် မြည်တမ်းနိုင်ပါသတဲ့ကွယ်။

No comments:

Post a Comment