Monday, May 14, 2012

ခိုင်းဘက်

တစ်​နေ့​တွင် မောင်​ညို​သည် ရဲ​စခန်း​သို့ ဖုန်း​ဆက်​လိုက်​သ​သည်။
"ဟဲ​လို ရဲ​စခန်း​က ပါ​လား​ခင်ဗျာ .. ကျွန်​တော့်​အိမ်နီးချင်း အကြောင်း​ကို တိုင်​ချင်​လို့​ပါ .. သူ့​အိမ်​ရဲ့ ထင်း​စင်​ထဲ​မှာ ဆေးခြောက်​တွေ ​ဖွ​က်​ထား​တယ် ခင်​ဗျ"

"အခု​လို သတင်းပေး​တာ ကျေးဇူး အများ​ကြီး​တင်​ပါ​တယ်" ရဲ​စခန်း​မှ ပြန်ပြော​သည်။

နောက်​နေ့​တွင် မောင်​ညို​၏ ဘေး​အိမ်​သို့ ရဲ​များ ရောက်လာ​သည်။ ရဲ​များ​က ထင်း​စင်​ရှိ​ရာ​သို့ သွား​ကာ ထင်း​စ​များ​ကို တစ်​စ​ချင်း​ကို ပေါက်ဆိန်​ဖြင့် ခွဲ​ကာ ရှာဖွေ ကြ​တော့​သည်။ သို့​သော် ဆေးခြောက်​များ​ကို မ​တွေ့​ချေ။

ရဲ​များ ပြန်သွား​ပြီး​နောက် မောင်​ညို​သည် သူ​၏ အိမ်နီးချင်း မောင်​စိမ်း ဆီ​သို့ ဖုန်း​ဆက်​လိုက်​သည်။

"ဟေ့​ကောင် ခု​န​က ရဲ​တွေ လာ​ပြီး ထင်း​တွေ ခွဲ​သွား​လား"

"အေး ခွဲ​သွား​တယ်​ကွ"

"အေး .. ကောင်း​တယ် .. အဲ့​ဒါ​ဆို​ရင် မင်း​အလှည့် .. ရဲ​တွေ ဆီ​ကို ဖုန်း​ခေါ်​လိုက်.. ငါ့​အိမ်​က ဥယျာဉ် မြေ​ဆွ​ဖို့ လို​နေ​တယ်"

No comments:

Post a Comment