Monday, May 14, 2012

ထီးမပါဘူး

လူ​တစ်​ယောက် ဘုရားသခင်​ထံ​သို့ သူ​၏​အပြစ်​ကို ဝန်ချ​တောင်းပန်​သည်။
ဘုရားသခင်။ ။ မင်း​မှာ​ဘာ​အပြစ်ရှိ​လို့​လဲ။
လူ။ ။ ကျွန်တော်​အရ​င်​တစ်​ပတ်​က ကျွန်​တော့်​သူငယ်ချင်း​အိမ်​ကို သွား​လည်​တယ်။ သူ့​အိမ်​ရောက်​တော့ သူ​က​မ​ရှိ​ဘူး။ အိမ်​မှာ​သူ့​မိန်းမ​ပဲ​ရှိ​တယ်။ အဲ​ဒါ​နဲ့​ကျွန်တော်​ပြန်​မယ် လုပ်​တော့ .. မိုး​က ဝုန်း​က​နဲ​ဆို ရွာချ​ရော။ ထီး​က​လည်း​မ​ပါ​ဘူး။ ဒါ​နဲ့​ပဲ သူငယ်ချင်း​မိန်းမ​က မိုးခို​ရင်း​ကော်​ဖီ​သောက်​လိုက်​ဆို​ပြီး ကော်​ဖီ​ဖျော်​တိုက်​တယ်။ အဲ ... မိုး​က​လည်း​တော်တော်​နဲ့ မ​စဲ​ဘူး။ အဲ​ဒါ​နဲ့​ပဲ မ​ထိန်း​နိုင်​ဖြစ်​ပြီး သူငယ်ချင်း​မိန်းမ နဲ့​မှား​သွား​မိ​တယ်။ အဲ​ဒါ​ကြောင့် ခွင့်လွှတ်​ပါ။
ဘုရားသခင်။ ။ ရ​ပါ​တယ်။ ဒါ​ကလူ​တိုင်း​ဖြစ်​နိုင်​တာ​ပဲ။ ခွင့်လွှတ်​ပါ​တယ်။
လူ။ ။ လွန်​ခဲ့​တဲ့​သုံး​ရက်​လောက်​က​လည်း ကျွန်တော် ယောက္ခမ​အိမ်​ကို သွား​လည်​တယ်။ မိန်းမ​က​လည်း မ​အား​လို့​မ​လိုက်​တော့​ဘူး​တဲ့။ ယောက္ခမ အိမ်​ရောက်​တော့ သူမ​ရှိ​ဘူး။ Party သွား​တယ်​တဲ့။ ကျွန်​တော့်​ခယ်မ တစ်​ယောက်​ပဲ​အိမ်​မှာ​ရှိ​တယ်။ အဲ​ဒါ​နဲ့ မ​ကောင်း​ပါ​ဘူး​လေ ဆို​ပြီး ပြန်​မယ်​လုပ်​တော့ မိုး​က​ရွာ​ရော၊ ကျွန်​တော့်​မှာ​ထီး​မ​ပါလာ​ပြန်​ဘူး။ ဒါ​နဲ့​ခယ်မ​က​လည်း ကော်​္​ဖီ​ဖျော်​တိုက်​တယ်။ မိုး​က​လည်း​တော်တော်​နဲ့​မ​တိတ်​ဘူး။ အဲ​ဒီ့​မှာ​ပဲ မ​ထိန်း​နိုင်​ပဲ မှား​သွား​မိ​သေး​တယ်။
ဘုရားသခင်။ ။ အင်း......... နည်း​နည်း​တရား​လွန်​ပေ​မယ့် ခွင့်လွှတ်​လိုက်​ပါ​တယ်။
လူ။ ။ နောက်​တစ်​ခု​ကျန်​သေး​တယ်။ မနေ့​က ကျွန်​တော့်​အ​ဒေါ်​အိမ်​သွား​တယ်။ အ​ဒေါ်​ဆို​တာ အဖွား​ရဲ့​မွေးစား​သမီး​ပါ။ ကျွန်တော်​နဲ့​တော့​ဘာ​မှ​မ​တော်​ပါ​ဘူး။ သူ​က​လည်း​အိမ်​မှာ​မ​ရှိ​ဘူး။ သူ့​ရဲ့​သား​ပဲ​အိမ်​မှာ​ရှိ​တယ် ။ ကျွန်တော်​ပြန်​မယ်​လုပ်​တော့ မိုး​က​သဲသဲ​မဲ​မဲ ကို​ချ​တော့​တာ​ပဲ။ ထီး​မ​ပါ​တော့​ပြန်​လို့​မ​ရ​ဘူး​ပေါ့။
အဲ​ဒါ​နဲ့​သူ့​ရဲ့​သား​က ကော်​ဖီ​ဖျော်​တိုက်​တယ်။ အဲ​ဒီ့​မှာ​ပေါ့ ... အ​ဒေါ့်​သား​က​နည်း​နည်း​နွဲ့​နွဲ့​လေး ဆို​တော့​ကျွန်တော်​လည်း ....................
ဘုရားသခင်။ ။ တော်တော် .. ဆက်​မ​ပြော​နဲ့​တော့။ ငါ​အကုန်​လုံး​ကို​ခွင့်လွှတ်​တယ်။ ပြီး​ပြီ​မဟုတ်​လား။ မြန်​မြန်​ပြန်​တော့။
အခု​အပြင်​မှာ​မိုးအုံ့​နေ​ပြီ။ နောက်​ပြီး​တော့ မင်း​မှာ​ထီး​လည်း​မ​ပါ​ဘူး။

No comments:

Post a Comment