ကိုချူချာ စတိုးဆိုင်ကြီးထဲ ဝင်လာသည်။
မမြင်ဘူးသော ပစ္စည်းတစ်ခုကို ညွှန်ပြပြီး အရောင်းစာရေးမကို မေးသည်။
"အဲဒါဘာလဲဟင်"
"ဓာတ်ဘူး"
"သူ့ကို ဘယ်လိုအသုံးချသလဲ"
"အပူဓာတ်နဲ့ အအေးဓာတ်ကို အချိန် အတော်တော်ကြာကြာ ထိန်းထားဖို့အတွက်"
ကိုချူချာ ဓာတ်ဘူးကို ဝယ်လိုက်သည်။ နောက်နေ့တွင် ဓာတ်ဘူးကို ယူလာပြီး တစ်ရုံတည်းသားများကို
"ငါ ဝယ်လာတဲ့ ဓာတ်ဘူး အသစ်ကွ။ ပူတဲ့ပစ္စည်း တစ်နေကုန် ပူနေမယ်။
အေးတဲ့ပစ္စည်း ဆိုလည်း တစ်နေကုန် အေးနေမယ်ကွ"
"ဓာတ်ဘူးထဲမှာ အခု မင်းဘာထည့်ထားသလဲ"
"မိန်းမ ဖျော်ပေးလိုက်တဲ့ ကော်ဖီပူပူ နှစ်ခွက်နဲ့ ရေခဲမုန့်"
(ချူချာလူမျိုးသည် ရုရှားနိုင်ငံ၊ ချူကော့ကာပြည်နယ်တွင်နေထိုင်ပြီး အလွန်ရိုးအ သူများအဖြစ် နာမည်ကြီးပါသည်။)

No comments:
Post a Comment