Monday, May 14, 2012

မင္းသၼီး

နာမည်ကြီး မင်းသမီး ပါဝင်​ရိုက်​ကူ​ထား​သော ရုပ်​ရှင်​ကား​ကို ဝေဖန်​ချက်​ရေးရာ​တွင် ဆောင်းပါး​ရှင်​က မင်းသမီး​ကို 'ဝက်​မ' နှင့် ခိုင်းနှိုင်း သုံး​နှုန်း​ထား​သ​ဖြင့် ရုပ်​ရှင်မ​င်း​သမီး ဒေါ​ဖောင်း​ကာ ဝေဖန်​ရေး​ဆရာ​ကို တရား​စွဲ​သည်။ အမှု​ကို စစ်ဆေး​သည့် နေ့​တိုင်း ရုံး​ခန်း​တစ်​ခု​လုံး ပရိသတ် များ​ဖြင့် ပြည့်​ကျပ်​နေ​သည်။ နောက်ဆုံး​တွင် သက်သေ အထောက်​အ​ထား ခိုင်လုံ​သ​ဖြင့် ရုပ်​ရှင်မ​င်း​သမီး​အား ဆောင်းပါး​ရှင်​က လူ​သိ​ရှင်​ကြား တောင်းပန်​ရန် သို့မဟုတ်​ပါ​က ဒဏ်ငွေ​ဆောင် (လျော်​ကြေး​ပေး​ရန်) တရားရုံး​က ဆုံးဖြတ်​လိုက်​သည်။ ထုံးစံ​အတိုင်း အမှု​ရှုံး​သူ​ကို နောက်ဆုံး​စကား ပြော​ခွင့်​ပြု​ရာ ဝေဖန်​ရေး​ဆရာ နေရာ​မှ ထ​ပြီး ပြော​သည်။
"တရားသူကြီး​မင်း​ခင်ဗျာ။ ကျွန်တော်​ရဲ့ အနာဂတ် ဝေဖန်​ရေး လုပ်​ငန်း​အတွက် အင်မတန် အရေးကြီး​တာ ဖြစ်​လို့ သေချာ​အောင် ထပ်​မေး​ပါ​ရ​စေ။ မင်းသမီး​ကို ဝက်​မ​လို့ မ​ခေါ်​နိုင်​ဘူး​နော်။ ဟုတ်​လား"
"ဟုတ်​တယ်။ ထပ်​ခေါ်​ရင် နောက်​တစ်​ခါ တရားရုံး​ကို ရောက်​အုံး​မှာ​ပဲ"
"တကယ်​လို့ ဝက်​မကို မင်းသမီး​လို့ ခေါ်​ရင်​ကော တရား​ဥပဒေ​နဲ့ ငြိစွန်း​မ​လား"
"မ​ငြိစွန်း​ပါ​ဘူး"
"ဝက်​မကို မင်းသမီး​လို့ ခေါ်​ရင် ကျွန်တော်​မှာ အပြစ်​မ​ရှိ​ဘူး​ပေါ့"
"မ​ရှိ​ပါ​ဘူး" ဝေဖန်​ရေး​ဆရာ​သည် တရားလို​ဘက် လှည့်​ပြီး ပြော​သည်။
"ဒီ​အမှု​မှာ အနိုင်​ရ​သွား​တဲ့​အတွက် ခင်ဗျား​ကို ချီး​ကျူး​ပါ​တယ် မင်းသမီး"

No comments:

Post a Comment