Sunday, May 20, 2012

သဘောပေါက်ပါတယ်

ဘောလုံးပွဲ ပြန်လည် ထုတ်လွှတ်မှုပြကွက်ကို ကြည့်အပြီး သားအငယ်ဆုံးက ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းကို... 
"အဲဒီပွဲမှာ ဒိုင်လူကြီးက ဒယ်ဒီ့ကို ဘာကြောင့် ထွက်ခိုင်းတာလဲ ဒယ်ဒီ " ဟုမေးသည်။ 
ဘက်ခမ်းက သားငယ်ကို ... "ဒယ်ဒီက အ၀ါကတ်နှစ်ကြိမ်ဆိုတော့ အနီထိသွားတယ်။ ဒါကြောင့် ထွက်လိုက်ရတာ သားရဲ့ " ဟုဖြေသည်။ 
သားငယ်က ဆက်ပြီး...
 " ဒယ်ဒီကစားတာ ကြမ်းလို့ ဆိုပြီးမာမီက ပြောတယ်"
 ဒေးဗစ်ဘက်ခမ်းက.... 
" အဲဒီလို ပြောတဲ့အချိန် မာမီ ဘယ်လိုနေလဲ သား" ဟုပြန်မေးသည်။ 
အငယ်ဆုံးသားလေးက....
 " ပြုံးနေတယ် ဒယ်ဒီ။ ဘာပြုလို့လဲ။ ဒယ်ဒီ ထွက်ရတာ ၀မ်းသာလို့လား ' ဟုမေးပြန်သည်။ ေ
ဒးဗစ်ဘက်ခမ်းက .... 
" ဒယ်ဒီ ထွက်လို့ ဝမ်းသာတာ မဟုတ်ဘူး သားရေ၊ မင်းမာမီက ဒယ်ဒီ အနီကတ်ကြောင့် ပွဲတစ်ပွဲ အပယ်ခံ၇ရင် အိမ်အလုပ်တွေ တစ်ရက် ပြီးတယ်ဆိုပြီး ပြုံးတာ" ဟုပြောလိုက်ပါသည်။

No comments:

Post a Comment