Monday, May 14, 2012

ရော်ဘင်ဟုဒ်

အလွန်​ဆင်းရဲ​သော​ထင်း​ခုတ်​သမား​တစ်​ယောက် ရှား​ဝု​ဒ်​သစ်တော​ကြီး​အတွင်း ထင်း​ခုတ်​နေ​စဉ် မြင်းစီး​လာ​သော လူ​တစ်​ယောက် ရောက်လာ​ပြီး ရွှေ​ဒ​င်္ဂ​ ါး​အ​ပြည့်​ပါသော အိတ်​တစ်​အိတ်​ကို ပေး​သည်။ လယ်သမား​က တ​အံ့​တ​ဩ​နှင့်​မေး​လိုက်​သည်။
“ခင်ဗျား​က​ဘယ်​သူ​လဲ၊ ဘာ​လို့​ရွှေ​အိတ်​ကို ပေး​တာ​လဲ၊”
“ရော်​ဘ​င်​ဟု​ဒ်​ဆို​တာ ငါ​ပဲ၊ လူ​ချမ်းသာ​တွေ​ကို ဓားပြ​တိုက်​ပြီး ဆင်းရဲ​တဲ့ လူ​တွေ​ကို ပေး​နေ​တာ၊ ဒီ​ရွှေ​တွေ​အကုန်​လုံး​ကို မင်းကို အပိုင်ပေး​တာ”
“ငါ​ချမ်းသာ​ပြီ​ကွ”၊ လယ်သမား​က ရွှေ​အိတ်​ကို ကိုင်​ပြီး​ဝမ်းသာ​အားရ အော်​လိုက်​သည်။ ဤ​တွင် ရော်​ဘ​င်​ဟု​ဒ်​က ဓား​ရှည်​ကို ဆွဲထုတ်​ပြီး ပြော​သည်။
“ဟုတ်​လား၊ ချမ်းသာ​သွား​ပြီ​လား၊ ဒါ​ဆို​ရင် ရွှေ​အိတ်​ကို ပြန်​ပေး။”

No comments:

Post a Comment