Monday, May 14, 2012

သတင်းကောင်း

လူ​ရွှင်​တော်​မင်းသား​တစ်​ဦး​သည် အချိန်​အတန်​ကြာ ရုပ်​ရှင်​ကား ရိုက်​ရန် မည်​သည့် ကုမ္ပဏီ​မှ မ​ဖိတ်​ခေါ်​သ​ဖြင့် စိတ်​ဓာတ်​ကျ​လျက်​ရှိ​သည်။ တစ်​နေ့ အိမ်​သို့ ပြုံး​ပြုံး ရွှင်​ရွှင်​နှင့်​ပြန်​ရောက် လာ​ပြီး ကုမ္ပဏီ​တစ်​ခု​နှင့် ကား​ရိုက်​ရန် စာချုပ် ချုပ်​လိုက်​ပြီ​ဖြစ်​ကြော​င်း၊ မနက်​ဇြ​န်​တွင် နယ်​ထွက်​ရိုက်​ရ​မည်​ဇြ​စ်​ကြော​င်း ဇနီး​ဖြစ်​သူ​အား​ပြော​သည်။
"သူ​တို့ စိတ်​ပြောင်း​ခဲ့​ရင် ဒီ​နေ့ ည ​၁​၂-နာရီ မ​တိုင်​မီ ကြေး​နန်း​နဲ့ အကြောင်းကြား​မယ်​တဲ့​ကွ။"
ည ​၁​၂-နာရီ မ​တိုင်​မီ ​၅ မိ​နစ် အလို​တွင် ကြေး​နန်း​ရုံး​မှ ကြေး​နန်း​စာ လာ​ပို့သ​ည်။ မင်းသား​သည် မျက်နှာ အ​ပျက်​ကြီး ပျက်​ကာ ကြေး​နန်း​စာ​ကို ဖွင့်​မ​ဖတ်​ဝံ့​အောင် ဖြစ်​နေ​သည်။ မိန်းမ​ကတိုက်​တွန်း​သည်။
"ဖတ်​မှာ​သာ​ဖတ်​စမ်း​ပါ၊ရှေ့​မှာ ဘာ​ဖြစ်​မယ်​ဆို​တာ ဘယ်​သူ​ပြော​နိုင်​တာ​မှတ်​လို့။"
လက်​နှစ်​ဘက် တုန်တုန် ယင်​ယင်​ဖြင့် ကြေး​နန်း​စာ​ကို မင်းသား​ဖွင့်​သည်။ တ​ဖြည်း​ဖြည်း​နှင့် ၎င်း​၏​မျက်နှာ ရွှေ​လမင်း​လို ဝင်း​လက်​လာ​သည်။ ထို့နောက် ကုလားထိုင်​မှ ထ​ခုန်​ကာ ဝမ်းသာ​အားရ​ပြော​သည်။
"ဟေး ဟေး ဟေး၊ဟန်ကျ​လိုက်​တာ၊စာချုပ်​ကို သူ​တို့​မ​ဖျက်​ဘူး​ဟေ့၊ အခု​ကြေး​နန်း​က မင်း​အမေ သေ​ကြော​င်း အကြောင်းကြား​တဲ့ ကြေး​နန်း​ကွ ရော့ ဖတ်​ကြည့်။"

No comments:

Post a Comment