Monday, May 14, 2012

မ​င​္းေ​သျ​ပီ​သာ​မွ​တ​္

ကမ်းခြေ​မှ​သူဌေး​က​အိမ်​သို့ ဖုန်း​ဆက်​နေ​သည်။

"ဟေ့​ကောင်​ကြီး....​အိမ်​မှာ​ဘယ်​လို
အခြေအနေ​ရှိ​လဲ..
အေး​ဆေး​ပဲ​လား
"ဟာ....​မ​အေး​ဆေးဘူး​ဆရာ....​ဆရာ​မွေ
း​ထား​တဲ့..​ကြက်တူရွေး​ကြီး​သေ​သွား​ပြီ"
"ဟေ...​မင်း​ဂရုစိုက်​ပြီး​အစာ​မ​ကျွေး​ဘူး​လား​ဟေ့​ကောင်..."
"ကျွေး​ပါ​တယ်​ဆရာ​ရယ်..."
"အေး...​ကျွေး​ရင်​ပြီး​ရော....​သေ​တာ​က​သေ​သွား​ပြီ..​ရှိ​စေ​တော့...​ရှိ​စေ​တော့
ဒါ​နဲ့ ဘယ်​လို​ဖြစ်​ပြီး​သေ​သွား​တာ​လဲ...​အအေး​မိ​တာ​လား"
"မဟုတ်​ဘူး​ဆရာ....​အဲ​ဒီ​ကောင်​က​အသား​အပုပ်​တွေ​စား​မိ​လို့​သေ​သွား​တာ"
"ဟင်!!!!ဘယ်​က​အသား​အပုပ်​တွေ​တုန်း​ဟ..​မ​င့်​ဥစ္စာ​က"
"ဆ..​ဆရာ...​စိတ်​မ​ဆိုး​ရ​ဘူး​နော်..
ပြီး​တော့...​ကျွန်​တော့်​ကို​အလုပ်​မ​ထုတ်​ပါ​နဲ့​နော်....."
"အေး​ပါ...​မြန်​မြန်​ပြော​စမ်း​ပါ..."
"ဟို​လေ....​ဆရာ​မြင်း​ကြီး....​အဲ​လေ...​ဆ​ရာ့​မြင်း​ကြီး​အသား​အပုပ်​တွေ....."
"ဘာ....​ငါ့​မြင်း​ကြီး...​ဟုတ်​လား.."
"ဟုတ်...​ဟုတ်...​သေ​သွား​ပြီ​ဆရာ.."
"ဟေ!!!!...."
"သူ​ကတော့​ပင်ပန်း​ပြီး​သေ​တာ​ဆရာ"
"ဘာ​ကွ...​မြင်း​ကြီး​ကို​မင်း​တို့​လျှောက်​စီး​ကြ​တာ​ပေါ့ ဟုတ်​လား.."
"မဟုတ်​ဘူး​ဆရာ...​ရေ...​ရေ​သယ်​ရ​လို့​ပါ..."
"ဘာ!!!!...ရေ.........​ဟုတ်​လား....Huh??.ဘာ​လုပ်​ဖို့​လဲ​ဟင် ဘာ​လုပ်​ဖို့​လဲ"
"ဟို..​ဟို​လေ....​မီးလောင်​လို့..."
"ဘာ!!!!!! မီးလောင်​လို့​ဟုတ်​လား....​ဘယ်​သူ့​အိမ်​လဲ..​ပြော​စမ်း​မြန်​မြန်.."
"ဆရာ.​အိမ်​ပေါ့​ဆရာ​ရယ်"
"ဘာ​ကွ...​ဟေ့​ကောင်....​ဘယ်​လို​ဖြစ်​တာ​လဲ ပြော​စမ်း​မြန်​မြန်"
"ဖယောင်းတိုင်​မီး​ကလောင်​တာ​ဆရာ..​အသုဘ​ရှိ​လို့​ထွန်း​ထား​တဲ့​ဖယောင်းတိုင်​က"
"...အ..​အ...​အသုဘ...​ဘယ်..​ဘယ်​သူ​လဲ​ဟင်"
"ဆရာ့အေမ...."
"ဘာ​ကွ..​ငါ့​အမေ​သေ​ပြီ...​ဟုတ်​လား...​အမယ်​လေး..​ပြော​စမ်း..​ပြော​စမ်း..​ဘယ်​လို​ဖြစ်​တာ​လဲ"
"ဒီ​လို​ပါ​ဆရာ​ရယ်...​အဲ​ဒီ​နေ့​က​ပေါ့..​ဘုရား​ခန်း​ထဲ​မှာ...​လူ​ရိပ်​တစ်​ရိပ်...​ဖျတ်​ခနဲ​မြင်​တာ​နံ့..
ဟ..​သူခိုး​ဟ..​ဆို​ပြီး...​အနား​မှာ​တွေ.​တဲ့​ဂေါ​က်​ရိုက်​တံ​နဲ့​နှက်​ထည့်​တာ..​ဆ​ရာ့​အမေ​ဖြစ်​နေ​တယ်
တ​ခါ​တည်း​ပွဲချင်းပြီး​သွား​တယ်...​ဆရာ.."
"ဘာ.​ရှီး​ထဲ​မှ​ပဲ..​သောက်​ရမ်း​သောက်​ရမ်း​လုပ်​ရ​လား​ဟ..
..အဲ​ဒီ​ဂေါ​က်​ရိုက်​တံကောက်​သွား​လို့​ကတော့..​မင်း...​မင်း..​သေ​ပြီ​သာ​မှတ်."

No comments:

Post a Comment