Monday, May 14, 2012

မွားမိေလ

မေ့ဆေး​ပျ​ယ်​လို့ နိုး​ထ​လာ​တဲ့​အချိန်​မှာ သူ ဘေး​ဘီ ဝဲ​ယာ​ကို
ဝိုက်​ကြည့်​လိုက်​ပါ​တယ်။ သူ​က လူ​နာ​အိမ်​ဆောင်​ခန်း​ထဲ​က ကု​တင်​ပေါ်​မှာ ရှိ​နေ​ပြီး
သူ့​နံ​ဘေး​မှာ သူနာ​ပြု​ဆရာ​မ​တစ်​ယောက် ရပ်​စောင့်​နေ​တာ တွေ့​လိုက်​ရ​တယ်။
ခွဲစိတ်​ခန်း​ထဲ​မှာ အစစအရာရာ ချော​ချောမော​မော ရှိ​ခဲ့​ရဲ့​လား​လို့ သူ​က
မေး​ပါ​တယ်။

သူနာ​ပြု​ဆရာ​မ​လေး​က ပြုံး​ပြီး …
“အဆင်​ပြေ​ပါ​တယ်​ရှင်… အားလုံး​ချော​ချောမော​မော​ပါ​ပဲ”

“ကျွန်တော်​က ခွဲ​စိပ်​ခံ​ရ​မှာ​ကို ကြောက်​ခဲ့​တာ​ဗျ”

“ဘာ​ဖြစ်​လို့​ကြောက်​ရ​မှာ​လဲ၊ စိုးရိမ်​စရာ ဘာ​ဆို​ဘာ​မှ မ​ရှိ​ဘူး”

“ကျွန်တော်​က အ​မြဲ​တမ်း လွဲ​လွဲ​လေး​တွေ​နဲ့ ကြုံ​ခဲ့​ရ​သူ​ဆို​တော့
အမှန်​အတိုင်း​ပြော​ရ​ရင် ကြောက်​တယ်​ဗျ” … လို့​အစ​ချီ​ပြီး သူ့​ကို မွေး​စ​က​တဲ​က
လွဲ​မှား​ခဲ့​ရ​တဲ့ အကြောင်း​တွေ​ကို စီ​ကာ​ပတ်​ကုံး ပြော​ပြ​ပါ​တော့​တယ်။

သူ့​ကို​မွေး​တဲ့ ဆေး​ရုံ​မှာ ကလေး​ချင်း​မှား​မိ​လို့ သူ့​အသက်
ဆယ်​နှစ်​သား​လောက်​အထိ အာ​ရှ​သား လင်မယား​ကို သူ့​မိဘ​လို့​ပဲ မှတ်ယူ​ခဲ့​ရ​တယ်​တဲ့။
သူ့​မိဘ​ဆို​သူ​တွေ​က​လည်း သူ​တို့​ရဲ့ ကလေး​ဟာ ဘာ​လို့ အသား​တွေ ဒီ​လောက်​ဖွေး​ပြီး
မျက်လုံး​ဒီ​လောက် ပြူး​ရသ​လဲ ဆို​တာ​ကို အဲ​ဒီ​တုန်း​က ဘယ်​လို​မှ စဉ်းစား​လို
့​မတတ်​ခဲ့​ကြ​ဘူး​တဲ့။ နောက်မှ ကလေး​ချင်း​မှား​မှန်း သိ​ပြီး သူ့​ကို သူ့​ရဲ့
မိ​ရင်း​ဖ​ရင်း​တွေ​ဆီ ပြန်သွား​ပို့​ပေး​ကြ​သ​တဲ့။ အတိ​အကျ​ပြော​ရ​ရင်​တော့ သူ
့​မိ​ခင်​ဆီ​ပြန်​ပို့​ပေး​တာ​ပါ။ သူ့​အဖေ​က သူ့​အမေ​ကို နှစ်​အ​တော်​ကြာ​ကြာ​ကတည်းက
ပစ်​သွား​ခဲ့​ပါ​ပြီ။ ဥ​ရော​ပ​သူ သူ့​မိန်းမ​က တရုတ် ရုပ်​နဲ့​ကလေး​လေး မွေး​လာ​လို
့​ပါ​တဲ့​လေ။

“ကျွန်တော်​နာမည်​က​လည်း မှား​ပြီး ရ’ထား​တာ​ဗျ”

“ရှ​င့်​နာမည်​က လီ​ရီ​ယို မဟုတ်​ဘူး​လား”

“အမှန်​က ကျွန်​တော့်​ကို လောင်​ရို​လို့​မှည့်​တာ။ အဲ​ဒါ စိစစ်​ရေး​ရုံး​ရောက်​မှ
ဘယ်​လို​က​နေ ဘယ်​လို လီ​ရီ​ယို ဖြစ်​သွား​လည်း ကျွန်တော်​လည်း မ​ပြော​တတ်​တော့​ဘူး။”

လွဲ​မှား​မှု​တွေ​က အဲ​ဒီ​မှာ​တင် အဆုံး​မ​သတ်​သေး​ပါ​ဘူး။ သူ​ကျောင်း​တက်​တော့​လည်း
သူ’မ​ကျူးလွန်​ခဲ့​တဲ့ ပစ်​မှု​တွေ​အတွက် ခဏခဏ မှား​ပြီး အပ​စ်​ပေး​တာ​ကို ခံ​ခဲ့​ရ​တယ်။
တက္ကသိုလ်​ဝင်​ခွင့် စာ​မေး​ပွဲ​ကို သူ​က ဂုဏ်​ထူး​နဲ့​အောင်​ပေ​မယ့် ကွန်​ပြူ​တာ​က
စာရင်း​မှား​ထုတ်​လို့ သူ တက္ကသိုလ်​တက်​ခွင့် မ​ရ​လိုက်​ဘူး။

“ပြီး​ခဲ့​တဲ့ နှစ်​နှစ် သုံး​နှစ်​က​စ​ပြီး ထူးဆန်း​တဲ့ တယ်လီဖုန်း​အခွန်​တွေ​ကို
ဆောင်​နေ​ရ​တယ်​ဗျ။ ရှေ့​လ​တုန်း​က​ဆို တယ်လီဖုန်း​ခ ငွေ ​၃​၀​၀/- ဆောင်ခဲ့​ရ​တယ်”

“ရှင်​က နိုင်ငံ​ခြား​ဖုန်း​တွေ ခဏခဏ ခေါ်ပုံ​ရ​တယ်”

“ဘယ်​က​လာ​ဗျာ… ကျွန်​တော့်​အိမ်​မှာ တယ်လီဖုန်း​တောင်​မ​ရှိ​ဘူး။”

မိန်းမရ​တော့​လည်း မှား​ပြီး​ရ​ပြန်​ရော။ သူ့​မိန်းမ​က သူ့​ကို တခြား​တစ်​ယောက်​နဲ
့ ​မှား​ပြီး လက်ထပ်​ခဲ့​တာ။ အိမ်ထောင်​ရေး​က​လည်း အဆင်​မ​ပြေ​ပါ​ဘူး။

“ဘာ​လို အဆင်​မ​ပြေ​ဖြစ်​ရ​တာ​လဲ…”

“သူ​က တခြား​တစ်​ယောက်​နဲ့ မှား​ပြီး​လက်ထပ်​ခဲ့​တာ​လေ။ ကျွန်​တော့်​ကို
တကယ်​ချစ်​တာ​မှ မဟုတ်​ဘဲ။ အဲ​ဒီ​တော့ သူ​ချစ်​တဲ့ သူ့​ချစ်​သူ​ဆီ​ပဲ
အ​မြဲ​တမ်း​သွား​နေ​တော့​တာ​ပေါ့။”

လူ​မှား​ပြီး ခဏခဏ အဖ​မ်း​ခံ​ရ​ဖူး​တယ်။ သ​’ူ​မ​ယူ​ဖူး​တဲ့ အကြွေး​တွေ​အတွက်
အတိုး​တောင်း​တဲ့​စာ​တွေ ခဏခဏ​ရ​ဖူး​တယ်။ ဆရာဝန်​က​သူ့​ကို အခု​လို​ပြော​တော့
သူ​ပျော်​တောင်​ပျော်​သွား​ခဲ့​တယ်​ဆို ပဲ …

“ခင်ဗျား လူ​လောက​မှာ သိပ်​ကြာ​ကြာ နေ​ခွင့်​မ​ရ​တော့​ဘူး​ဗျာ”

ဒါ​လည်း ဆရာဝန်​က သူ့​ကို လူ​နာ​မှား​ပြီး ပြော​မိ​တာ​တဲ့။ တကယ်​က
ဘာ​မှ​ဖြစ်​လောက်​တဲ့ ရောဂါ​မဟုတ်​ပါ​ဘူး။ အူ​အတက်ပေါက်​ရုံ​ကလေး​ပါ။

“အခု ခင်ဗျား​က ကျွန်တော့​ကို ခွဲစိတ်​ခန်း​ထဲ​မှာ ဘာ​အမှား​အ​ယွင်း​မှ​မ​ရှိ​ဘူး
ဆို​တော့ ယုံ​ရ​ခက်​ခက်​ပေါ့​ဗျာ”

ဒီ​မှာ​တင် ပြုံး​ပြီး​နားထောင်​နေ​တဲ့ သူနာ​ပြု​ဆရာ​မ​လေး​ရဲ့ မျက်နှာ​ဟာ
တ​မဟုတ်​ချင်း ​ငြှိုး​ကျ​သွား​ပါ​တယ်။

“အူ.. အူ​အတက်ပေါက်​တာ… ဟုတ်​လား …”

“ဟုတ်​တယ်​လေ … ကျွန်တော် အူ​အတက်ပေါက်​လို့ ဖြတ်​ထုပ်​ဖို့​အတွက်
ဆေး​ရုံ​တက်​ရ​တာ​လေ ... ဘာ​ဖြစ်​လို့​လဲ…”

သူနာ​ပြု​ဆရာ​မ​လေး ပြန်ပြော​လိုက်​တဲ့​စကား​က …

“ဒါ​ဆို ရှင်​က … ယောက်ျား​က​နေ မိန်းမ​ဖြစ်​အောင် ခွဲစိတ်​တဲ့ လူ​နာ မဟုတ်​ဘူး​ပေါ့…”

အဲ​ဒီ​လို​မ​လုပ်​နဲ​နော်

( forward )

No comments:

Post a Comment