Monday, May 14, 2012

စာတတ်ပြီ

ဂျော်​ဂျီ​ယာ​ပြည်နယ်​မြို့တော် တ​ဘီ​စီ​မြို့တွင်း​သို့ ရု​ရား​တစ်​ယောက် ကား​မောင်း​ပြီး ဝင်​လာ​သည်။
ယာဉ်​ထိန်း​ရဲ​က ကား​ကို​တား​ပြီး​ပြော​သည်။

"ခင်ဗျား သတ်​မှတ်​မိုင်​နှုန်း​ထက် ပို​ပြီး မောင်း​လား​တယ်။ ဘာ​ကြောင့်​လဲဆို​တာ ဂျော်​ဂျီ​ယာ​ဘာသာ​နဲ့ ရှင်းလင်း​ချက် ရေး​ပါ။"

"ကျွန်တော် ​ဂျော်​ဂျီ​ယာ​စာ​မှ နား​မ​လည်​ဘဲ။။ ဘယ်​လို​လုပ် ရေး​ရ​မှာ​လဲ"

"ဆင်ခြေ​မ​ပေး​နဲ့၊ ​ဂျော်​ဂျီ​ယာ​ဘာသာ​နဲ့ ရှင်းလင်း​ချက်​ရေး.. ဒါ​ပဲ"

ကား​ဆရာ​ရု​ရား စိတ်ညစ်​သွား​သည်။ မည်သို့​မှ ရှင်း​ပြ​လို့​လည်း​မ​ရ.. ဂျော်​ဂျီ​ယာ ယာဉ်​ထိန်း​ရဲ​သည် အင်မတန်​မှ ခေါင်းမာ​လှ​သည်။ နောက်ဆုံး​တွင် ရုရှား​သည် စာ​ရွက်​တစ်​ရွက်​ကို ထုတ်​ပြီး ဒေါ်လာ ငါး​ဆယ်​တန်​တစ်​ရွက်​ကို ညှပ်​ထည့်​လိုက်​သည်။ ထို့နောက် ယာဉ်​ထိန်း​ရဲ​ကို ကမ်း​ပေး​သည်။ယာဉ်​ထိန်း​ရဲ​သည် စာ​ရွက်​ကို​ဖြန့်​လိုက်​သည်။ ငွေ​စက္ကူ​ကို တွေ့​သော​အခါ ကား​ဆရာ​ကို ပြော​သည်။

"ဂျော်​ဂျီ​ယာ​လို မတတ်​ဘူး​လို့ ဘာ​ဖြစ်​လို့ ပြော​လဲ.. အခု တစ်ဝက်​တောင်​ရေး​ပြီး​ပြီ​ပဲ... ဆက်​ရေး... "

No comments:

Post a Comment