Monday, May 14, 2012

ကမၻာမပ်က္ခင္

ကမ္ဘာ​ကြီး ပျက်​တော့​မယ့် အကြောင်း​နဲ့ ပါ​တ်​သက်​ပြီး ဘုရားသခင်​က ကမ္ဘာ​ပေါ်​က အထင်​ရှား​ဆုံး​လူ​တွေ​ကို ခေါ်​ပြီး ပြော​ပါ​တယ်။

အမေ​ရိ​ကန် သမ္မတ​ရယ်။ တရုတ် သမ္မတ​ရယ်။ ဘီ​လ်​ဂိ​တ်​ရယ် ပါ။

အမေ​ရိ​ကန် သမ္မတ​က သူ့​တိုင်း​ပြည်​ကလူ​တွေ​ကို ကြေငြာ​ပါ​တယ်။
ကျွန်တော်​ဝမ်းသာ စရာ​တစ်​ခု ဝမ်းနည်း​စရာ တစ်​ခု ပြော​ပါ​ရ​စေ။
ဝမ်းသာ​စရာ​က ကျွန်တော်​တော်​တို့ ထင်​သ​လို ဘုရားသခင်​ဆို​တာ တကယ်​ရှိ​ပါ​တယ်။
ဝမ်းနည်း​စရာ​က ဘုရား​က မ​ကြာ​ခင် ကမ္ဘာ​ပျက်​တော့​မယ်​လို့​ပြော​ပါ​တယ်။

တရုတ်​သမ္မတ​က​လည်း သူ့​တိုင်း​ပြည်​က လူ​တွေ​ကို ကြေငြာ​ပါ​တယ်။
ကျွန်တော်​ဝမ်းနည်း​စရာ နှစ်​ခု ပြော​စရာ​ရှိ​ပါ​တယ်။
ပထမ​တစ်​ခု​က ကျွန်တော်​တို့​ထင်​သ​လို မဟုတ်​ဘဲ ဘုရားသခင် ဆို​တာ​ရှိ​နေ​ပါ​တယ်။
ဒုတိယ တစ်​ခု​က ဘုရား က မ​ကြာ​ခင် ကမ္ဘာ​ပျက်​တော့​မယ်​လို့ ပြော​ပါ​တယ်။

နောက်ဆုံး ဘီ​လ်​ဂိ​တ်​က သူ့ ကု​မ​ဏီ​ရှိ​လူ​တွေ​ကို ခေါ်​ပြီး ပြော​ပါ​တယ်။
ကျွန်တော် ဝမ်းသာ​စရာ နှစ်​ခု​ပြော​စရာ​ရှိ​ပါ​တယ်။
ပထမ​တစ်​ခု က ကျွန်တော်​ကို ကမ္ဘာ​ပေါ်​မှာ အထင်​ရှား​ဆုံး​လူ​ဆို​တာ ဘုရား​က
အသိ​အမှတ်ပြု​လိုက်​ပါ​တယ်။
ဒုတိယ​တစ်​ခု​က ကျွန်တော်​တို့ နောက်ထပ် ဘယ်​တော့​မှ ထပ်​ပြီး (ဒီ သောက်) Service Park တွေ​ကို ထုတ်​စရာ​မ​လို​တော့​ပါ​ဘူး။

No comments:

Post a Comment