Monday, May 14, 2012

ြ​မ​င်း​ဦး​နှော​က်နဲ့လူ

အမေ​ရိ​က​ရှိ ​ဂျွ​န်၊ ​ဂျော့၊ မိုက် ဟူ​သော ခွဲစိတ်​ဆရာဝန် သုံး​ဦး​စကား လက်ဆုံ​ကျနေ​သည်။

ဂျွ​န် - အမေ​ရိ​က​မှာ ငါ​က အ​တော်​ဆုံး ခွဲစိတ်​ဆရာဝန်​ကွ။

ဂျော့​နှင့်​မိုက် - မင်း​က ဘာ​တွေ​စွမ်း ဆောင်ခဲ့​လို့​လဲ ၊ လင်း စမ်း​ပါ​အုံး။

ဂျွ​န်- လက်ချောင်း (၇)ချောင်း ပြတ်​သွား​တဲ့ လူ​တစ်​ယောက်​ကို ငါ​လက်ချောင်း​တွေ
ပြန်​ဆက်​ပေး​ဘူး​တယ်၊ ငါ​ဆက်​တာ ကောင်း​မ​ကောင်း​တော့​မ​သိ​ဘူး အခု​သူ ကမ္ဘာ​ကျော်
စ​န္ဒ​ယား ပညာ​ရှင်​ဖြစ်​နေ​ပြီ။

ဂျော့-မင်း​ဟာ​က ဘာ​ဟုတ်​သေး​လဲ​ကွာ ။ ငါ​ခြေ​နှစ်​ဘက် ပြတ်​သွား​တဲ့ လူ​တစ်​ယောက်​ကို
ခြေထောက် ပြန်​ဆက်​ပေး​ခဲ့​တယ်၊ ​၂​နှစ်​လောက်​လဲ​ကြာ​ရော အဲ့​ဒီ့​လူ​က ဧ​ဝ​ရ​တ်​တောင်​ကို
တတ်နိုင်​သွား​ပြီ​ကွ။

မို​က​ ္- (​အားငယ်​စိတ်ပျက်​သည့်​လေသံ​ဖြင့်)၊ အင်း မင်း​တို့​တွေ
တော်​ကြ​ပါ​တယ်​ကွာ။ လွန်​ခဲ့​တဲ့ (၃) နှစ် လောက်​က မြင်းစီး​လာ​တဲ့
ဂျော်​ကီ​တစ်​ယောက် အ​ရှ​န်​ပြင်း​တဲ့​ကား​နဲ့ တိုက်မိ​တာ လူ​ကော မြင်း​ကော ခေါင်း​တွေ
ပွင့်​ကုန်​တယ်၊ ဦးနှောက်​တွေ​ကို ဖွေး​လို့ ။ အဲ့​ဒီ့​လူ​ရဲ့ ခေါင်း​ကို ငါ
ပြန်​ဆက်​ပေး​နိုင်​ခဲ့​တယ်၊ ဒါ​ပေ​မယ့် -

ဂျော့​နဲ့ ​ဂျွ​န် - ဟာ​တော်​လှ​ချီ​လား၊ ဒါ​ပေ​မယ့် ဘာ​ဖြစ်​လို့​လဲ​ဟ။

မိုက်- အရေးတကြီး နဲ့​ဆို​တော့ မြင်း​ဦးနှောက် နဲ့ သူ့​ဦးနှောက် လွဲ​ပြီး
ထည့်​ပေးလိုက်​မိ​တယ်။

ဂျော့​နဲ့​ဂျွ​န် - အမယ်​လေး ဒုက္ခ​ပဲ ဒီ​လူ အခု အခြေအနေ ကောင်း​ရဲ့​လား။ သူ​ဘယ်​မှာ​လဲ။

မ်ို​က် - ကောင်း​မ​ကောင်း​တော့ မ​သိ​ဘူး​ကွာ ။ အခု​တော့ အမေ​ရိ​ကန် သမ္မတ ဖြစ်​နေ​လေ​ရဲ့။

အင်​တာ​နက်​မှ ​ဂျော့​ဒ​ဘ​လူ​ဘု​ခ်ျ​ကို ကျီစယ်​သော ဟာသများ​ကို ဆီလျော်​အောင်
ဘာသာ​ပြန်​ပါ​သည်။ ဗြုန်း​ခနဲ ဝ​လုံး​ကွဲ​အောင် ရယ်​ရ​မည် မဟုတ်​ပါ၊
စိမ့်စိမ့်​တွေး​၍ ဖြေးဖြေး​လေး ရယ်​ပါ။

No comments:

Post a Comment