Monday, May 14, 2012

ေလွကား

ညာ​ဘက်​လက်​ကို အပေါ်​သို့ မြောက်​လျက်၊ ဘယ်​ဘက်​လက်​ကို အောက်​သို့
ချ​လျက်​အနေအထား​ဖြင့် လူ​တစ်​ယောက် လျှောက်​လာ​သည်။ ၎င်း​၏နောက် မလှ​မ်း​မက​မ်း​မှ
ဒုတိယ​လူ တစ်​ယောက်​သည်​လည်း ရှေ့က​လူ​၏ နေအထား အတိုင်း လိုက်​လျှောက်​လာ​သည်။
လမ်း​သွား​လမ်း​လာ​များ​က ၎င်း​တို့​ကို ထူးဆန်း​စွာ ကြည့်​သည်​ကို သတိထား​မိ​သ​ဖြင့်
ရှေ့က​လူ​သည် နောက်​ကလူ​ကို လှမ်း​ကြည့်​သည်။ ထို့နောက် ကိုယ့်ကိုယ်ကို
အပြစ်တင်​သံ​ဖြင့် အော်​ပြော​သည်။
"ဟေ့​ကောင်။ လှေကား​ကို တို့​မေ့​လာ​ပါပ​ကော​ကွ"

No comments:

Post a Comment