Monday, May 14, 2012

သတၱိဆိုတာ

ဆိပ်ကမ်း​တစ်​ခု​တွင် ဆိုဗီယက်၊ အင်္ဂလိပ်​နှင့် အမေ​ရိ​ကန် စစ်သင်္ဘော​များ ဆုံမိ​ကြ​သည်။ မည်​သူ့​သင်္ဘောသား​က သတ္တိ​ပို​ကောင်း​သန​ည်း​ဆို​သည်​နှင့်​ပတ်သက်​၍ ကပ္ပတိန်​များ စကား​နိုင်​လု​ကြ​သည်။

အင်္ဂလိပ်​သင်္ဘော​ကပ္ပတိန်​က​ပြော​သည်။
“အင်္ဂလိပ်​သင်္ဘောသား​ဟာ သတ္တိ​အကောင်း​ဆုံး​ပဲ၊ ခင်ဗျား​တို့ အခု​တွေ့​ရ​မယ်၊ ဟေ့ စ​မ​စ်၊ ရွက်တိုင်​ထိပ်ဖျား​အထိ​တက်​ပြီး ရေ​ထဲ​ဒိုင်​ဗ​င်​ထိုး​ချ​စမ်း၊”
သင်္ဘောသား စ​မ​စ် ရွက်တိုင်​ဖျား​အထိ​တက်​ပြီး ပင်လယ်​ထဲ​ဒိုင်​ဗ​င်​ထိုး​ချ​သည်။ ထို့နောက်​ရေကူး​ပြီး သင်္ဘော​ပေါ်​ပြန်​တက်​လာ​သည်။

အမေ​ရိ​ကန် ကပ္ပတိန်​က အားကျ​မ​ခံ​ပြော​သည်။
“ကျုပ်​တို့ အမေ​ရိ​ကန်​သင်္ဘောသား​က သတ္တိ​ပို​ကောင်း​တာ​ပေါ့၊ ကဲ ဘ​ရောင်း ရွက်တိုင်​ထိပ်ဖျား​က​နေ ကုန်းပတ်​ပေါ် ဒိုင်​ဗ​င်​ထိုး​ဆင်း​လိုက်​စမ်း၊”
ဘ​ရောင်း​သည် အမိန့်​အတိုင်း ဒိုင်​ဗ​င်​ထိုး​ချ​သည်။ အောက်​ရောက်​သော​အခါ တုတ်တုတ်​မ​လှုပ်​တော့​ချေ။

ဆိုဗီယက် ကပ္ပတိန်​အလှည့်​ရောက်လာ​သည်။
“ဟေ့ အီ​ဗ​န်​နော့၊ ရွက်တိုင်​ထိပ်​ကို​တက်​ပြီး မီးခိုး​ခေါင်းတိုင်​ထဲ​ကို ဒိုင်​ဗ​င်​ထိုး​ချ​လိုက်​စမ်း၊”
“ဘာ​ပြော​တယ်​ဗျ၊ ကျုပ်ကို အရူး​မှတ်​နေ​လား၊ ခင်ဗျားဟာ​ခင်ဗျား​ခုန်​ချ​ပါ​လား”
ဆိုဗီယက်​ကပ္ပတိန်​က ကျန်​ကပ္ပတိန်​နှစ်​ဦး​ကို ပြော​သည်။ “ကဲ တွေ့​တယ်​မဟုတ်​လား၊ သတ္တိ​ဆို​တာ အမျိုး​မျိုး ရှိ​နိုင်​တယ်”

1 comment:

  1. သယ္ရင္း
    http://sioe-it-friends.blogspot.com ကိုလာလည္ပါဦး

    ReplyDelete