အမေရိကန်ဗိုလ်ချုပ်သည် ရှေ့တန်းစစ်မျက်နှာသို့ရောက်လာသည်။ ရုတ်တရက် ရန်သူ့ဘက်မှ
လက်ဖြောင့်တပ်သားက ပစ်လိုက်သောကျည်ဆန်က ၎င်း၏အင်္ကျ ီကြယ်သီးကို ရှပ်ထိသွားသည်။
ကြောက်ကြောက်ဖြင့်မြေကြီးပေါ် ဝပ်ချလိုက်သည်။ ဘေးကိုကြည့်လိုက်သောအခါ
၎င်း၏ရဲဘော်များက ဘာမှမဖြစ်သလို စကားထိုင်ပြောနေကြသည်ကို တွေ့ရ၏။ ဗိုလ်ချုပ်က
ဆာဂျင်ကို ခေါ်ပြီးပြောသည်။
“ဟေ့၊ဆာဂျင်၊ ရန်သူ့စနိုက်ပါကို မင်းတို့ ဘာလို့ပစ်မချတာလဲ”
“ပစ်စရာမလိုဘူးထင်တယ် ဗိုလ်ချုပ်၊ သူ့ကိုပစ်ချလိုက်ရင် သူ့ထက်လက်ဖြောင့်တဲ့ ငနဲတစ်ကောင်ကို ရန်သူက အစားထိုးနေရာချလိုက်ရင် မခက်ပေဘူးလား၊”
“ဟေ့၊ဆာဂျင်၊ ရန်သူ့စနိုက်ပါကို မင်းတို့ ဘာလို့ပစ်မချတာလဲ”
“ပစ်စရာမလိုဘူးထင်တယ် ဗိုလ်ချုပ်၊ သူ့ကိုပစ်ချလိုက်ရင် သူ့ထက်လက်ဖြောင့်တဲ့ ငနဲတစ်ကောင်ကို ရန်သူက အစားထိုးနေရာချလိုက်ရင် မခက်ပေဘူးလား၊”
No comments:
Post a Comment