Monday, May 14, 2012

အဖြေကောင်း

ပညာ​ရေး အရာရှိ​တစ်​ဦး​သည် တော​ရွာ​တစ်​ရွာ​ရှိ​မူလ​တန်း​ကျောင်း​တစ်​ကျောင်း​သို့ ပညာ​အရည်အချင်း​စစ်​ရန်​သွား​သည်။ ကျောင်း​ရောက်​သော​အခါ စာ​သင်​ခန်း​တွင် ကျောင်းသား​လေး​တစ်​ယောက်​ကို မေး​သည်။
“ဟေ့ ကလေး၊ မန္တလေး​နန်းတော်​ကြီး​ကို ဘယ်​သူ​ဖျက်​တာ​လဲ”
ကျောင်းသား​လေး​က အထိ​တ်​တ​လန့်​ဖြင့် ဖြေ​သည်။
“ကျ ကျ ကျွန်တော်မ​ဖျက်​ပါ​ဘူး ဆရာ၊”

ပညာ​ရေး အရာရှိ​စိတ်ရှုပ်​သွား​သည်။ အတန်း​ပိုင်​ဆရာ​ကို သွား​တွေ့​ပြီး ကျောင်းသား​၏ ဖြေ​ပုံ​ကို ပြန်ပြော​ပြသ​ည်။ အတန်း​ပိုင်​အရာရှိ​က ဖြေ​ရှင်း​ချက်​ပေး​သည်။
“ကျွန်တော်​တစ်​ခု​ပြော​ပါ​ရ​စေ ဆရာ၊ ဒီ​ကလေး​ဟာ ကျွန်တော်​တို့ မျက်စိ​ရှေ့​တင်​ကြီး​လာ​တာ​ပါ၊
လိမ်​လည်း​မ​ပြော​တတ်​ပါ​ဘူး၊ မန္တလေး​နန်းတော်​ကို ဖျက်​တာ​ဒီ​ကလေး​မဟုတ်​တာ သေချာ​ပါ​တယ်​ဆရာ”

အရာရှိ​သည် စိတ်ပျက်​စွာ​နှင့်​ကျောင်း​အုပ်​ကြီး​ကို သွား​တွေ့​သည်။ ကျောင်းသား​၏ အဖြေ​နှင့် ဆရာ​၏ ရှင်းလင်း​ချက်​ပေး​ပုံ​ကို ကျောင်း​အုပ်​ကြီး​အား ပြော​ပြသ​ည်။ ကျောင်း​အုပ်​ကြီး​က နားထောင်​ပြီး​ပြန်ပြော​သည်။
“ဆ​ရာ့​အနေ​နဲ့ ဒီ​ကလေး​ကို​ရော၊ အတန်း​ပိုင်​ဆရာ​ရဲ့ စကား​ကို​ပါ​ယုံ​စေ​ချင်​ပါ​တယ်၊ သူ​တို့ နှစ်​ယောက်​လုံး​ဟာ ဒီ​အရပ်သား​တွေ​ပါ၊ မန္တလေး​ကို​တောင် မ​ရောက်​ဖူး​ကြ​ပါ​ဘူး၊ ဒါ​ကြောင့် ဒီ​ကလေး​ဟာ မန္တလေး​နန်းတော်​ကြီး​ကို ဖျက်​တာ​မဟုတ်​တာ ကျွန်တော် အာမခံ​ပါ​တယ် ခင်​ဗျ၊”

အလွန်​စိတ်ပျက်​သွား​သော အရာရှိ​သည် မြို့​သို့​ပြန်​သည်။ ကျောင်းသား​၏ အဖြေ​နှင့် အတန်း​ပိုင်၊ ကျောင်း​အုပ်​ကြီး​တို့​၏ စကား​များ​ကို အထက်​အရာရှိ​ထံ အစီရင်ခံ​စာ​တင်​သည်။ အထက်​အရာရှိ​က မှတ်ချက်​ပြန်​ပေး​လေ​သည်။
“မန္တလေး​နန်းတော်​ကြီး​က ပျက်​ပြီး​တာ​လည်း ကြာ​နေ​ပါ​ပြီ၊ ဘယ်​သူ​ဖျက်​တာ​လည်း​ဆို​တာ အခု​မှ​လိုက်​စုံစမ်း​ပြီး ပြဿနာ​ရှာ​မ​နေ​ပါ​နဲ့​တော့၊”

No comments:

Post a Comment